Featured post

မသေသင့်ပဲ သေခဲ့ရတဲ့ အသက် (၉) နှစ်အရွယ် သုံးတန်းကျောင်းသူလေး

(၇ – ၁ -၂၀၁၆) ရက်နေ့ တွင် အသက် (၉) နှစ်အရွယ် သုံးတန်းကျောင်းသူလေး မအိမြတ်မွန်ဟာ ချွဲ ကြပ်ပြီး အသက် ရှူမ၀ ဟုဆိုသဖြင့် ရန်ကုန်ကလေး ဆေးရုံကြီးသို့  တတ်ရောက်ကုသခဲ့သည် ။

မိဘနှစ်ပါးမှာ လှည်းကူးမြို့ ပျင်ထောင်စု ရပ်ကွက် ကျွန်းကလေးကျေးရွာ မှာ နေထိုက်ကြပါတယ် ။ ကလေး ဆေးရုံကြီးမှာ တတ်ရောက်စဉ်ကာလ အတွင်း ကလေးဘာဖြစ်တယ် ဘာရောဂါ ဆိုတာကို မိဘများကမေးသော်လည်း ဆရာဝန် များမှ ဘာရောဂါဖြစ်သည်ဆိုတာကို မပြော ခဲ့ပေ ၊ မိဘများမှ စိတ်ပူပြီး ဆရာဝန်မ များကို မေးသည့်အခါတွင် တော့်ကလေး က အချိန်မရွေးသေးမှာဟု သာ ဖြေကြားသည်ဟု မိဘများကဆိုသည်။ (၇ – ၂ -၂၀၁၆) (၇)ရက်နေ့ ည (၈)နာရီ အချိန်တွင် ကလေးမှာ နေမထိထိုင်မသာဖြစ်ပြီး လူးလိမ့်ရာမှ ဆေးသွင်းထား တဲ့ပိုက်တွေ အကုန်ပြုတ်ကုန်လို့  ဆရာမများကိုသွားခေါ်ပြရာမှ ဆရာမများရောက်လာပြီ ဘာမှမဖြစ်ပါဘူးဟုဆိုကာ ပို က်ပြန်တတ်ပြီး ပြန်ထွက်သွားသည်ဟုဆိုသည် ။

ဆရာမများ ထွက်သား ပြီးမကြာခင်မှာပင် ကလေးမှာ အသက်ဆုံးသွားသည်ဟု မိဘများကဆိုသည် ။(၈ -၂ -၂၀၁၆) (၈)ရက်နေ့ မနက် (၈)နာရီလောက်တွင် အလောင်းကိုသယ်ရန် အတွက် မိဘဖြစ်သူများမှ ဆရာမတို့ ဘယ်လို အကူ အညီပေးနိုင်မလဲဟုမေးသောအခါ ၊ ဆရာမများမှ ဒီမှာထားခဲ့မလား သယ်မလားဟုမေးသည် ။

နေရပ်ကိုပဲပြန်သယ်ချင်ပါတယ်ဟု မိဘများက ပြောသောအခါ ဒါဆိုလက်မှတ်ထိုးဟု ဆရာမက လတ်မှတ်ထိုးခိုင်းပါတယ် ။ နောက်ပြီးဆရာမက ရှေ့ အပေါက်က မထွက်နဲ့  ဟုဆိုကာ အရေးပေါ်လူနာများသယ်ဆောင်သည့် နောက် ဘက်အေ ပါ က်မှ ထွက်ခိုင်းသည်ဟု ဆိုသည်။ လူနာမှတ်တမ်း ဆေးစာအုပ် ဘာတခုမှ လူနာမိဘများထံကို ပြန်မပေးလိုက်ပါ ။ (၈)ရက်နေ့ နေ လည် (၂ )နာရီလော က်တွင် မိဘများရှိရာနေအိမ် လှည်းကူးသို့  နယ်မှ ဆရာဝန် ဆရာမများရောက်လာပြီး ဒီလူနာကို ဆေးရုံကဆရာဝန်က မဆင်းခိုင်းပဲ ကိုယ်သဘောနဲ့ ဆင်းသွားတယ်လို့  အထက်က အကြောင်းကြားလို လာတာပါဟုဆိုကာ လူနာမိဘများကို ပြောပြီးလူနာ အချေအနေသက်သာလားဟုမေးသည် ။ မိဘများမှ ဆရာဝန်မှ သေပြီပြောသဖြင့် လတ်မှထိုးပြီးဆင်းလာခဲ့တဲ့အကြောင်း ပြန်ပြောပြသည် ။ဆရာဝန်များမှ အလောင်းကိုဓာတ်ပုံရိုက်ပြီး ယူသွားသည်ဟု မိဘများက ပြောသည် ။ ယခု မအိမြတ်မွန်၏အလောင်းခန္ဓာကိုယ်မှ အမည်းကွက်များ နေရာအနှံ့ ပေါ်ထွက်နေသည်ဟုသိရပါသည်။ မိဘများမှ ရိုးသားလွန်းတဲ့အတွက် ဘာမှ မသိနားမလည်ကြပါဘူး (၉)နှစ်သမီးလေးသာရှိသေးတဲ့ သုံးတန်းကျောင်းသူ မအိမြတ်မွန်းအတွက် မိဘများမှာ စိတ်မကောင်းဝမ်းနည်းယုံမှတပါး အခြားမရှိဖြစ်နေပါသည် ။ တာဝန်ရှိကြတဲ့ ဌာနဆိုင်ရာလူကြီးများ ကလေးဆေးရုံးကြီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အခုလို့ လူမဆန်တဲ့ သားသမီးချင်းကိုယ်ချင်းမစာတဲ့ ဆရာဝန် ယုတ်တွေကို စစ်ဆေးအရေးယူပေးကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ ။

ကောင်းထက်Media

#Edkza

Source : goo.gl/AayQUY

Comments