Featured post

ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ

မောင်မောင် တစ်ယောက် တောထဲမှာလမ်းပျောက်နေတုံး အိမ်လေးတစ်လုံးကိုတွေ့လို့ အကူအညီတောင်းဖို့ သွားလိုက် တယ်။ အိမ်တံခါးကိုခေါက်လိုက်တော့ တရုတ်အဖိုးကြီးတစ်ယောက် လာဖွင့်ပေးတယ်။ “အဖိုးခင်ဗျာ၊ ကျနော်လမ်းပျောက်လာလို့ ဒီမှာ တစ်ညလောက် တည်းခိုခွင့်ပြုပါ” “ရတယ်၊ စည်းကမ်းတစ်ခုတော့လိုက်နာရမယ်၊ င့ါသမီးကိုလက်ဖျားနဲ့တောင် မတို့ ရဘူး၊ ဖောက်ဖျက်ရင် ‘တရုတ်နှိပ်စက်နည်း ၃ နည်း’ နဲ့ အပြစ်ပေးခံရမယ်” “ဟုတ်ကဲ့”…ဆိုပြီး ကောင်လေးကစဉ်း စားတ ယ်၊ ‘သူတောင် ဒီလောက်အိုနေမှတော့ သူ့သမီးလည်း တော်တော်အိုနေရောပေါ့၊ ဘာမလိုက်နာနိုင်စရာရှိလဲ’ ဒီလိုနဲ့ ညစာစားချိန်ရောက်တော့ အဖိုးကြီးရဲ့သမီးလည်း အတူတူဝင်လာစားတယ်၊ ကောင်မလေးက သူထင်သလိုမ ဟု တ်ဘဲ တော်တော်လေးငယ်ရွယ်ပြီး ပြောစရာမရှိအောင် ချောမောလှပလွန်းနေတယ်။ ကောင်မလေးကလည်း သူ့ကိုစိတ်ဝင်စားနေတာ သိသာတယ်။ ဒါပေမယ့် အဖိုးကြီးက သတိပေးထားတော့ သူက မသိချ င်ယောင်ဆောင်နေရတာပေါ့။

ညအိပ်တော့ ဘယ်လိုမှမနေနိုင်တာနဲ့ ကောင်မလေးအခန်းကို ကူးသွားလိုက်တယ်။ ပြီးတော့ အဖိုးကြီးမကြားအောင် တိ တ်တဆိတ်ချစ်စခန်းထကြတာပေါ့။ မနက်မိုးလင်းခါနီးမှ သူ့အခန်းကိုပြန်လာပြီး မောမောနဲ့ အိပ်ပျော်သွားတယ်။ သူအိပ်ရာကနိုးလာတော့ ပထမဆုံးသတိ ထားမိတာက သူ့ရင်ဘတ်ပေါ်မှာ တခုခုဖိထားတယ်ဆိုတာဘဲ။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျောက်တုံးကြီးတစ်တုံးဖိထားတာကိုး။ စာတစ်စောင်လည်း ကပ်ထားတယ်… … ‘နှိပ်စက်န ည်း ၁၊ ရင်ဘတ်ပေါ်က ကျောက်တုံး’…တဲ့။ ကောင်လေးကစဉ်းစားတယ်.. ‘သူလိုအဖိုးကြီးတောင် ဒီကျောက်တုံးကို မ, နိုင်ရင် ငါက အသာလေးပေါ့’…ဆိုပြီး ပြူတ င်းပေါက်ကနေ အပြင်ကို ပစ်ချလိုက်တယ်။ အဲ…အဲလိုပစ်လိုက်တော့မှ တစ်ခြားစာတစ်စောင်ကို သူတွေ့လိုက်တယ်… … ‘နှိပ်စက်နည်း ၂၊ ကျောက်တုံးနှင့် သင့်ညာ ဘက်ဂွေးစိကို ကြိုးနဲ့ဆက်ထားသည်’…တဲ့။ အမ်မလေး၊ ဒါဆို င့ါဂွေးစိပြတ်ပါသွားတော့မယ်၊ မဖြစ်ဘူး၊ ကျောက်တုံးနဲ့အတူလိုက်ခုန်ချမှ၊ ဂွေးပြတ်တာထက်စာရင် အရိုးကျိုးတာကတော်သေးတယ်…ဆိုပြီး… … ပြူတင်းပေါက်ကနေခုန်ချလိုက်တယ်၊ အဲလိုခုန်ချလိုက်တော့မှ အောက်ကမြေကြီးမှာ ရေးထားတဲ့စာကို လေထဲကနေသူလှမ်းမြင်လိုက်တယ်… … “နှိပ်စက်နည်း ၃၊ သင့်ဘယ်ဘက်ဂွေးစိနှင့် ကုတင်တိုင်ကို ကြိုးနဲ့ဆက်ထားသည် တဲ့ ။ အမယ်လေး သူငယ်​ချင်းရယ်​ စမုံတွေအစုလိုက်အပြုံလိုက်တုံးပါဖီ😖

Credit to original

Comments