Featured post

အိမ်ဖော်မလေး မိဂွမ်း … ဘာလုပ်နေလဲ

“မိဂွမ်း … ဘာလုပ်နေလဲ” “ရှင် … ကြမ်းတိုက်နေတာ မေမေကြီး၊ .. ပြီးတော့မယ်” “အေး .. မြန်မြန်လုပ်၊ .. အလုပ် လု ပ်တုန်း ဖုန်းမကိုင်ဖို့ ငါဘယ်နှခါပြောရမလဲ၊ … စကားနားမထောင်ရင် နင်ရွာပြန်တော့” အိမ်ရှင်ဘယ်လောက်ပြောပြော မိ ဂွမ်းတို့က ဒီဖုန်းကို လက်ထဲကမချ၊ အလုပ်ဖြုတ်ချင်လည်းဖြုတ်၊ ဒီအိမ်က ဆက်မထားလည်း နောက်တစ်အိမ်ရှာမယ်ပေါ့။ အခုတောင် ကြမ်းတိုက်ဝတ်လေး ပစ်ချပြီး selfie လေး ဆွဲလိုက်သေး။ တစ်ပုံတည်းမဟုတ် ဆက်တိုက်ကိုရိုက်တာ၊ ပုံေ တွမှတထောကြီး။ အလုပ်ကလေးအားတာနဲ့ သူ့အခန်းလေးထဲပြေး၊ ဖုန်းထဲက application တွေနဲ့ သူရိုက်ထားတဲ့ ပုံေ တွကို edit လုပ်၊ edit လုပ်တာမှ တော်ရုံလုပ်တာမဟုတ်ဘူး၊ application တစ်ခုနဲ့လုပ်ပြီး ထွက်လာတဲ့ပုံကို နောက် application တစ်ခုနဲ့ ထပ် edit တာ၊ သူ့ဖုန်းလေးထဲမှာ ဓာတ်ပုံနဲ့ ပတ်သတ်တဲ့ application အစုံရှိတယ်၊ Photo Wonder တို့ Camera 360 တို့ကအစ Cymera အထိ အကုန်ရှိတယ်။ ပြင်တယ်ဆိုတာ အလကားမဟုတ်ဘူး။ Facebook မှာ တင်တာ၊ လူကသာအိမ်ဖော် Facebook မှာက Cele ဆိုလား ပဲ၊ Facebook မှာကလည်း ဖွန်ကြောင်တဲ့ကောင်အများသားဆိုတော့ သူ့ပုံအောက်မှာ add me sis ဆိုတာချည်း။

မိဂွမ်းက ဓာတ်ပုံရိုက်ရင် ပါးဖောင်းပြီးရိုက်တယ်၊ ဒါကလည်း အကြောင်းရှိတယ် သူက သွားအတော်ခေါတာ၊ ပါးဖောင်း ထားတော့ မသိသာတော့ဘူးပေါ့။ ခေါင်းလေးစောင်း ပါးလေးဖောင်း လက်ကလေး ၂ချောင်းထောင်။ လက် ၂ ချောင်းေ ထာင်တာက စတိုင်ပေါ့၊ ဒါပေမယ့် မိဂွမ်းက တကူးတကလုပ်စရာမလိုဘူး။ မိဂွမ်းငယ်ငယ်က မီးလှုံရင်း ဝက်ရူးထပြန်တော့ တက်ပြီး မီးပုံထဲလဲဖူးတယ်။ အဲဒီတတည်းက လက်တစ်ဖက်မီးလောင်ပြီး အကြောသေသလိုဖြစ်နေတာ၊ လက် ၃ ချောင်းက သေချာဆန့်လို့မရဘူး။ အခုကျကွက်တိပေါ့။ မ cute cute အောင် ဇွတ်ရော အတင်းရော cute ပြီး application တွေနဲ့ ပြင်လိုက်တော့ အလန်းပေါ့၊ တခါတလေဆို သူ့ပုံတောင်သူမှ တ် မိတာမဟုတ်ဘူးရယ်။ လူပုံချည်းတင်တယ်မထင်နဲ့ အိမ်ရှင်တွေစားတဲ့ ထမင်းဝိုင်းတွေ ကော်ဖီဝိုင်းတွေကို ခိုးရိုက်ထား ပြီးတင်သေးတာ။ စာသားလေးက ထုံးစံအတိုင်းပေါ့ “ခေးနဲ့ဘယ်သူလာစားမလဲ မန့်ခဲ့လေ” ဆိုတာမျိုးပေါ့။ တခါတခါ သူဌေးမိသားစု အပြင်သွားမယ်ကြားလို့ကတော့ မိဂွမ်းတို့က အထုတ်ဆွဲပြီး အပေါက်ဝမှာစောင့်တာ၊ ခေါ်များေ ခ်ါသွားမလားပေါ့။ အပြင်သွားမှ Check In လုပ်လို့ရမှာကိုး။ သူဌေးမိသားစု ဈေးဝယ်တုန်းသူက ခြင်းဆွဲပြီးလိုက်၊ အိမ် သာနားရောက်ရင် ခွင့်တောင်းပြီး အိမ်သာဝင်၊ အထဲရောက်ရင် ဖုန်းလေးထုတ်ပြီး shopping at Myanmar plaza ဘာညာ။ အိမ်စောင့်ကျန်ခဲ့လည်း သိပ်တော့ပြဿနာမရှိ၊ သူဌေးသမီးအဝတ်တွေယူဝတ်ပြီး အိမ်ထဲအနှံ့ ဓာတ်ပုံတွေရိုက်ပစ်တာ။ အိမ်ရှင်မိသွားရင်လည်း မျက်နှာလေးငယ်ပြပြီး “လျှော်ပေးမလို့ယူတာပါ မမလေးရှင့်” ပေါ့လေ။ Selfie တွေချည်းရိုက်ရတာ ရိုးလာတဲ့အခါ သူများကိုရိုက်ခိုင်းတယ်၊ သူများဆိုတာကလည်း တခြားမဟုတ်ဘူး ဒရိုင်ဘာေ မာင်စိန်။ သူရိုက်ခိုင်းရင် မောင်စိန်ကရိုက်ပေးရတယ်။ edit လုပ်တဲ့အခါကျ လက်ထဲကဟာကို sticker လေးတွေနဲ့ဖျက် ပြီးရင် Facebook မှာတင်၊ စာလေးတောင်ရေးလိုက်သေး လက်ထဲကဟာကိုမှန်အောင်ပြောနိုင်ရင် အာဘွားပေး မယ်ေ ပါ့။ တကယ်က သူကိုင်ထားတာ ကြမ်းတိုက်ဝတ်ကြီး။ အောက်မှာ Comment တွေက နည်းနည်းနောနောမဟုတ်ဘူး။ အောက်မှာ comment ရေးတဲ့ထဲမှာ ဒရိုင်ဘာမောင်စိန်ကိုယ်တိုင်တောင်ပါသေး၊ သူ့ခမျာ သူရိုက်ပေးလိုက်တဲ့ပုံကို သူတောင်မမှတ်မိ။ သူ့အပြစ်မဟုတ်ဘူး မိဂွမ်းရဲ့ photo editing skill က ဟိုဘက်လွန်နေတာ။ မိဂွမ်းကလည်း အိမ်နာမည်က မိဂွမ်း၊ မှတ်ပုံတင်နာမည်က မအုန်းကြိုင်။ ဒါပေမယ့် Facebook နာမည်ကျတော့ Pinky Moon Berbie ၊ မိဂွမ်းငယ်ငယ်က ၆ တန်း ၂ ခါကျလို့ သူ့ပထွေးက ကျောင်းထုတ်ပြီး မြို့တက်အိမ်ဖော်လုပ်ခိုင်းတာ အခုထိပဲ၊ ဒါပေမယ့် Facebook ထဲကျတော့ ကျောင်းနာမည်ဖြည့်ထားတာက NUS ။ အဲသလို။ တခါတလေ ဒရိုင်ဘာမောင်စိန်ကို အကူအညီတောင်းပြီး သူဌေးကားနဲ့ဓာတ်ပုံရိုက်သေးတာ။ ပုံတင်ရင်တော့ ကားနံပါတ် ဖျက်ပြီးတင်တယ်။ မတော်လို့ ကားနံပါတ်သိနေတဲ့လူတယောက် မြင်ပြီး အိမ်ရှင်ကိုပြောရင် အထုတ်ဆွဲပြီး ရွာပြန်ရမှာ ကိုး။ မိဂွမ်းက ဒီလောက်တော့နပ်တယ်။ စိတ်ကူးပေါက်ရင် ကြမ်းတိုက်နေတဲ့ပုံလေးတင်ပြီး “မေမေကခိုင်းသွားတယ် အဟင့်” တို့ “ခေးကိုသနားရင် fighting လို့ မန့်ဝါးပေး” တို့ လုပ်သေးတယ်။ Cele ကြီး Pinky Moon Berbie ခေါ် မိဂွမ်း ခေါ် မအုန်းကြိုင်က သူ့အောက်က Comment တွေကို reply သိပ်မပြန်ဘူး။ လုံးဝအချေဒီဇိုင်းဖမ်းတာ။ တကယ်က reply ပြန်နေလို့ အလုပ်မပြီးရင် အိမ်ရှင်ကပါးရိုက်မှာကိုး။

ရဲခေါင်

Comments