Featured post

ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားသော လုယက်မှုကို ၁၂ နာရီအတွင်း ဖော်ထုတ်ရရှိ

ကျောက်တံတားမြို့နယ်ရှိ MK Travels & Tour ကုမ္ပဏီလီမိတက် လေယာဉ်လက်မှတ်အရောင်းဌာနတွင် ဖြစ်ပွားေ သာ လုယက်မှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၁၂ နာရီအတွင်း သက်သေခံပစ္စည်း များနှင့်အတူ ဖော်ထုတ်ရရှိခဲ့ သည်ဟု သိရသည်။

ဇွန်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက်၊ (၃၃)လမ်းအထက် အမှ တ်(၁၉၇)၊ မြေညီထပ်ရှိ MK Travels & Tour ကုမ္ပဏီလီမိတက်၏(ပြည်တွင်း/ပြည်ပ) လေယာဉ် လက်မှတ်အေ ရာင်းဌာနတွင် ဖြစ်ပွားခဲ့သော လုယက်မှုမှ ပြစ်မှုကျူးလွန်သူ များကို ၁၂ နာရီအတွင်း သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တံတား မြို့နယ်ရှိ MK Travels & Tour လေယာဉ် လ က်မှတ်အရောင်းဌာနတွင် မပိုးပွင့်ဖြူတစ်ဦးတည်းရှိနေစဉ် အသက်(၂၀)၀န်းကျင်ရှိ လူငယ်နှစ်ဦးမှ လေယာဉ် လက်မှတ် စုံစမ်းရန်ရောက်ရှိလာပြီး မပိုးပွင့်ဖြူ၏မျက်နှာအား အစိမ်းနုရောင်လက်ကိုင်ပုဝါဖြင့်အုပ်ကာ ချွန်ထက်သော အရာဖြင့် လ ည်ပင်းအားထောက်၍ အိမ်သာဘက်သို့ဆွဲခေါ်သွားခဲ့ကြောင်း၊ မပိုးပွင့်ဖြူ၏ပါးစပ်အတွင်းသို့ အ၀တ်စများထည့်ပြီး ပါးစ ပ်နှင့်မျက်နှာ တို့တွင် အနက်ရောင်တိတ်ဖြင့်ပတ်ကာ ခြေထောက်နှင့်လက်များကို နိုင်လွန်ကြိုးဖြင့်တုတ်ထားခဲ့ကြောင်း၊ မပိုးပွင့်ဖြူဝတ်ဆင်ထားသော စိန်လက်စွပ်တစ်ကွင်း၊ တန်ဖိုး(၁၇၀၀၀၀)ကျပ်၊ Mc ရွှေဟန်းချိန်းတစ်ခု တန်ဖိုး(၃၀၀၀၀၀) ကျပ်တို့အား ယူဆောင်ခဲ့သည့်အပြင် ကုမ္ပဏီရုံးခန်း အံဆွဲအတွင်းမှ ငွေကျပ်သိန်း(၇၀)ခန့်ကို လုယက်ယူဆောင်သွားခဲ့ ကြောင်း တိုင်တန်းသဖြင့် ကျောက်တံတားမြို့မရဲစခန်း(ပ)၂၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၄၁ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။

အမှုမှပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးစုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ကွပ်ကဲ ၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ဝင်များအား မှုခင်းဖော်ထုတ်ေ ရးအဖွဲ့ ဖွဲ့စည်းကာ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးအား ဦးစီးဆောင်ရွက်စေပြီး ရရှိသည့်သတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီတင်ပြဆောင်ရွက်စေခဲ့သည်။

မှုခင်းဖော်ထုတ်ရေး ရဲတပ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာအား အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အရောင်းဌာန တွင် ၀န်ထမ်း သုံးဦးသာရှိပြီး မြတ်သီဟထွန်း(ခ)သီဟဆိုသူမှာ အခင်းဖြစ်နေ့က ရုံးသို့ရောက်ရှိလာခြင်းမရှိဘဲ ပျက် ကွ က်နေကြောင်း သိရသည့်အပြင် CCTV မှတ်တမ်းများအရ ပြစ်မှုကျူးလွန်သူနှစ်ဦးအနက် တစ်ဦးမှာ ၎င်းနှင့်ပုံသဏ္ဍန် တူ ညီကြောင်း မသင်္ကာတွေ့ရှိရသဖြင့် မြတ်သီဟထွန်း (ခ)သီဟ သွားလာနိုင်သည့်နေရာများသို့စုံစမ်းရှာဖွေခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီအချိန်တွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူစစ်မေးခဲ့ရာ ၎င်း၏ထွက်ဆိုချက်များအပေါ် သက်ေ သအထောက်အထားများဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ခဲ့သဖြင့် အဆိုပါအမှုအား သူငယ်ချင်းဖြစ်သူ ဇွဲမာန်ဦးနှင့်အတူ ကျူး လွန်ခဲ့ကြောင်းကို ည ၉နာရီအချိန်တွင် ဖော်ထုတ် ရရှိခဲ့သည်။

မြတ်သီဟထွန်း(ခ)သီဟ၏ ဖော်ထုတ်ချက်အရ MK Travels & Tour အရောင်းဌာနတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး အ လုပ်မှထွက်သွားရာမှ လွန်ခဲ့ သော(၃)လခန့်တွင် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ အခင်းမဖြစ်မီ ၂ ရက်ခန့်က သူငယ်ချင်းဖြစ်သူ ဇွဲမာန်ဦးနှင့်တွေ့ဆုံပြီး ငွေကြေးအခက် အခဲများရှိသဖြင့် ၎င်းတို့နှစ်ဦးတိုင်ပင်ကာ MK Travels & Tour လေယာဉ် လက်မှတ်အရောင်းဌာနတွင် မပိုးပွင့်ဖြူတစ်ဦးတည်းရှိနေမည့်အချိန်တွင် ခြိမ်းခြောက် လုယက်ရန်ေ ဆွးနွေးတိုင်ပင်၍ ပြစ်မှုကျူးလွန်ခဲ့ကြောင်းသိရ သည်။

မှုခင်းဖော်ထုတ်ရေးရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်သူ ဇွဲမာန်ဦးအား ရှာဖွေဖမ်းဆီးခဲ့ရာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁ နာရီအချိန် ခန့်တွင် ၎င်းနေထိုင်သော တာမွေမြိုနယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်ရှိ နေအိမ်မှ ဖမ်းဆီး ရမိခဲ့ပြီး အမှုမှလုယက်ယူဆောင်သွားသော စိန်လက်စွပ် တစ်ကွင်း၊ Mc ဟန်းချိန်းတစ်ခုနှင့် ငွေစက္ကူရောရာ (၄၅၇၂၃၀၀) ကျပ် (လေးဆယ့်ငါးသိန်းခုနှစ်သောင်းနှစ်ထောင်သုံးရာကျပ်)တို့ကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းဖြစ်ပွားခဲ့သော ဖော်ထုတ်ရရှိခြင်းမရှိသေးသည့် အမှုများကို လည်း ဖော်ထုတ်နိုင်ရေးအတွက် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit to Yangon Police

Source : goo.gl/fQw8th

Comments