Featured post

၆ ပိုင်းပိုင်းထားတဲ့ လူသတ်မှု့မြန်မာအိမ်အကူမလေး ပါဝင်ပက်သက်ခြင်းမရှိ

ရေခဲသေတ္တာထဲ (၈) နှစ်ခန့် အပိုင်းပိုင်း ဖြတ်ထည့်ထားသော လူသတ်မှု့ဖြစ်သည့် အိမ်တွင်အိမ်ဖော်အဖြစ် လုပ်ကိုင် ခဲ့သော မြန်မာအိမ်အကူ ကရင်တိုင်းရင်းသူလေးရဲ့ အမှု့အား AAC မှ ကူညီဆောင်ရွက်ပေးခဲ့ သည်။ ယနေ့ တရားရုံးချိန်းတွင် အဓိက သက်သေအဖြစ်ထွက်ဆိုပေးခဲ့ပြီး အမှု့အတွက် အရေးကြီးသက်သေအဖြစ်သာ သတ်မှ တ်ခဲ့ပြီး လူသတ်မှု့ နှင့် ပါဝင်ပက်သက်ခြင်း မရှိကြောင်းတရားရုံးတော်တရားသူကြီး မှ သတ်မှတ်အသိအမှတ်ပြုခဲ့သည်။ မြန်မာပြည်သို့လည်း လွတ်လပ်စွာ ပြန်ခွင့်ပြုကြောင်း တရားဝင်ပြောကြားခဲ့ပါသည်။ ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ ၂၀၁၆ တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စုခိုဗစ် ၅၆ လမ်း ရှိအဆောက်အဦတခုအတွင်း ပတ်စ ပို့တ်အတုနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတခုကို ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတဦးဒဏ်ရာ ရရှိ ခဲ့တဲ့အပြင် ၆ ပိုင်းပိုင်းထားတဲ့ လူသေအလောင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက ဘန်ကောက်မြို့ ပရာခနွန်ခရိုင် ၅ ထပ်အဆောက်အဦ ရဲ့ မြေညီထပ်မှာ ရဲအဖွဲ့ဝင် ၉ ဦးဟာ သတင်းအရ ပတ်စပို့တ်အတုလုပ်ငန်းနဲ့ မူးယစ်ဆေးဝါး ဂိုဏ်းကို ဖမ်းဆီးဝရမ်းနဲ့ ရှာဖွေစဉ် နိုင်ငံခြားသားမှ စတ င်ပစ်ခတ်ခဲ့တဲ့အတွက် ရဲအရာရှိ ကန်ချနဖုန်ချီဒဲ့ ဒဏ်ရာရှိခဲ့ပါတယ်။ ဒါ့အပြင် ရဲတွေက အဆောက်အဦအတွင်း သက်သေ ခံပစ္စည်းရှာဖွေစဉ် သော့ခတ်ပိတ်ထားတဲ့ ရေခဲသေတ္တာထဲ ကနေ ၆ ပိုင်းပိုင်းထားတဲ့ နိုင်ငံခြားသား လူသေအလောင်း ၁ နဲ့ ခေါင်းအပြတ်တခုကို ပလတ်စတစ်အိတ်အမဲနဲ့ ထည့်ထားတာကို တွေ့ရှိခဲ့တာပါ။

လူသေအလောင်း ရှာမတွေ့ခင် ဗြိတိန်နိုင်ငံသား ၁ ဦး၊ အမေရိကန်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးတို့ကို ရဲတွေက ဖမ်းဆီးခဲ့ပြီး သေနတ်သုံးလက်လည်း သိမ်းဆည်း ရမိခဲ့ပါတယ်။ အခုဖမ်းဆီးခံထားရသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လူဝန်မှုကြီးကြပ်ရေး ဝန်ထမ်း တွေက စုံစမ်းဆဲဖြစ်ပြီး အခုထိဘယ်သူတွေဆိုတာ မသိရှိသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသား ၂ ဦးကတော့ အိမ်အကူလင်မယားဖြစ်ပြီး အမှုကျူးလွန်တဲ့ သူတွေအထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံသား အိမ်အကူလင်မယားက “အခုဂိုဏ်းဟာ ဒီအခန်းမှာ ငှားရမ်းနေထိုင်တာ ၃ လသာ ရှိသေးကြောင်း သူ တို့အနေနဲ့ တပတ်ကို ၂ ကြိမ် ၃ ကြိမ် အိမ်သန့်ရှင်းရေး လာရောက်လုပ်ရကြောင်း သူတို့ ပထဦးဆုံး အလုပ်လုပ်တဲ့ နေ့ကတည်းက လူသေ အလောင်းထည့်ထားတဲ့ ရေခဲသေတ္တာကို မြင်ပေမယ့် သော့အမြဲခတ်ထားတာကြောင့် ဘယ်ေ တာ့မှ ရေခဲသေတ္တာအထဲကို မကြည့်ခဲ့ကြောင်း ပြောခဲ့တယ်”လို့ ပြောပါတယ်။ ရဲတွေက စုံစမ်းရှာဖွေစဉ်အတွင်း လူထုအနေနဲ့ ဘာမှ မစိုးရိမ်ဖို့လည်း ပြောကြားခဲ့ပါတယ်။ အမေရိကန် အာဏာပိုင်တွေ ကလည်း ဒီအမှုကို စိတ်ဝင်စားကာ စုံစမ်းရှာဖွေမှုကို ပူးပေါင်းနိုင်တယ်လို့လည်း သိရပါတယ်။

ဘန်ကောက်မြို့ ဘန်နားမြို့နယ် တရားရုံးချုပ်

AAC မဟာမိတ်အဖွဲ့ ထိုင်းအခြေစိုက်

Comments