Featured post

” ပြောမယုံ ကြုံဖူးမှသိ “

ညကိုးနာရီလောက် ကိစ္စတစ်ခုရှိလို့ ထွက်လာခဲ့တာ၊ ၆၂ လမ်းမကြီးပေါ် ရတနာတိုင်းပြည်ဆောက်လုပ်ရေးကုမ္ပဏီရှေ့ လမ်းမကြီးအလည်ခေါင် အမှောင်နားလဲရောက်ရော.. ဆိုင်ကယ်ကို ကားရှေ့တွန်းချပြီး ကားသွားလို့မရအောင် လုပ်၊ အတင်းပြဿနာရှာပါတော့တယ်။ တကယ်တိုက်မိပြီး.. လူကောင်းထင်လို့ ဘာများဖြစ်သွားလဲဆိုတာ .… ကားပေါ်က မဆင်းဘဲ … မှန်အနဲငယ်ဟပြီး မေး တဲ့အချိန်ဘေးမှာ အသင့်စောင့်နေတဲ့ လူလေးငါးယောက်က ဝိုင်းလာပြီး တံခါးတွေ အတင်းဆွဲဖွင့်(သော့ချထား၍ တော် ပါသေးတယ်)၊ အတင်းထုနှက်လုပ်ကြပါတော့တယ်။ ယာဉ်ထိန်းရဲစခန်းမှာ ဆက်ကိစ္စရှင်းပါဆိုတာ လုံးဝလက်မခံပါ။ ဒီနားတင် ကိစ္စရှင်းပါဆိုတော့လဲ လုံးဝပြောလို့မရဘဲ။ ကား တံခါးကို အတင်းဆွဲဖွင့်။ခြိမ်းခြောက်ပြောဆိုပါတော့တယ်။

အဲဒါနဲ့ ကားတံခါးပိတ်လျှက်ပဲ အိမ်က လူကြီးတွေကို ဖုန်းဆက်ခေါ်။ အသိယာဉ်ထိန်းရဲနံပါတ်တွေ ခေါ်နေတဲ့ အချိန်မှာဘဲ လှည့်ကင်းရဲတွေရောက်ရှိလာတော့တယ်။

လှည့်ကင်းတွေရောက်လာတော့မှ ကျန်တွေလူတွေအကုန်ထွက်ပြေးကြပြီး တိုက်မိပါတယ်ဆိုတဲ့ လူတစ်ယောက်ပဲ ကျန်ေ နခဲ့ပါတော့တယ်။

ကားမတိုက်မိဘဲ ဆိုင်ကယ်ကို လွှတ်ချလိုက်ရာမှာ ဆိုင်ကယ်ထိုင်ခုံတွေရော၊ရှေ့မီးခွက်တွေရော၊နောက်မီးခွက်တွေရော အကုန်ကျွတ်ထွက်အောင် ကြိုတင်လုပ်ထားကြတယ်။

ပိုက်ဆံသုံးသောင်းတောင်းပါတယ်။ တစ်သောင်းခွဲတိတိ လှည့်ကင်းရဲတွေက ပေးခိုင်းပါတယ်။ အဲဒါတောင် ပိုက်ဆံရပြီးေ တာ့ လမ်းလယ်ခေါင်မှာ ဆက်တွန်းနေပါသေးတယ်။

ဆိုင်ကယ်ကို လမ်းလယ်ခေါင် အမှောင်မှာ တွန်းနေသလိုလိုနဲ့ရပ်ထားပြီး လုပ်စားနေကြတာပါ။ နောက်တစ်ခါ အဲလို ကိစ္စမျိုးတွေနဲ့ကြုံလာရင် (ယခုလို လုပ်စားသော ကိစ္စများအတွက်)

၁။ဘယ်တော့ ရပ်မပေးပါနဲ့။မောင်းလျှက် ရဲစခန်းရောက်အောင် အမြန်သွားပါ။ ရဲစခန်းရောက်မှ ဆက်ရှင်းပါ။ ရဲစခန်း အရောက်သွားတဲ့အတွက် ထွက်ပြေးရာ မရောက်ဖူးထင်ပါတယ်။ (ဘယ်တော့မှ လူကောင်းဖြစ်နိုင်တယ်ဆိုတာ ခေါင်း ထဲမထည့်ပါတော့နဲ့၊ထိပ်တိုက်ရင်မဆိုင်ပါနဲ့။)

၂။ကားတံခါးကို အမြဲ သော့ချ မှန်တင်ထားပါ။

၃။ ယာဉ်မောင်းလိုင်စင် ၊ သက်သေခံကတ်ပြား အစရှိသဖြင့် စုံလင်အောင် ထည့်ထားပါ။

၎။ဖုန်းကို အမြဲဆောင်ထားပါ။

၅။ရဲစခန်းနေရာတွေကို စိတ်ထဲ မှတ်မိနေအောင် စုံစမ်းကျက်မှတ်ထားပါ။

၆။လှည့်ကင်းရဲတွေခေါ်လို့ရတဲ့ ဖုန်းနံပါတ်များ၊ရဲစခန်း နံပါတ်များ မိမိဖုန်းထဲတွင် မှတ်ထားပါ။

၇။စိတ်အေးအေးထားပါ။

၈။အချိန်ရရင် သက်သေဓာတ်ပုံများရနိုင်သလောက်များများ ရိုက်ထားပါ။ (ကျနော်ဆိုရင် ထွက်ပြေးသွားတဲ့သူတွေကို ရဲတွေကိုမဖမ်းခိုင်နိုင်လိုက်ပါဘူး)

၉။ကားက ယာဉ်ကြီးမို့လို့ ကားတိုက်လို့ လျော်ရမယ်ဆိုတဲ့ အရာကြီးကလဲ မြန်မာပြည်မှာ အမှားကြီးတစ်ခုပါ။

၁၀။မိမိအမှားမဟုတ်ပါဘူး။ ပိုက်ဆံတစ်သောင်းခွဲဆိုတာ တော်တော်အဖိုးတန်တဲ့ပိုက်ဆံပါ။

ဒီလောက်ပိုက်ဆံရလို့ ဒီလို လုပ်စားနေကြတာကို ဒီလိုဘဲ ရဲတွေက သိသိကြီးနဲ့ ပိုက်ဆံပေးလိုက်ပါ။

ဒီနားတင် ပြေလည်အောင်ဖြေရှင်းလိုက်ပါဆိုတဲ့ အရာကလဲပြဿနာပိုကြီးပြီး ရာဇဝတ်မှုတွေများလာနိုင်ပါတယ်။ သူခိုးအားပေးအလုပ်ပါ။

credit Aungphyo Thant

Source : goo.gl/1giqfr

Comments