Featured post

မနေ့ညက တိုက်ပေါ်ကခုန်ချသေသွားတဲ့ ညီမလေးရဲ့ မှတ်စုစာအုပ်လေးတဲ့ 😢

စင်္ကာပူ ၁၈လွှာတိုက်ပေါ်က ခုန်ချသွားတဲ့ မြန်မာအိမ်အကူအမျိုးသမီးလေးရဲ့ ဒိုင်ယာရီစာအုပ်ထဲက စာလေးတွေကို သူနဲ့ အရင်းနှီးဆုံးခင်မင်ခဲ့ပြီး ခုန်ချခါနီးထိ စကားပြောခဲ့တဲ့ အင်ဒိုနီးရှားမလေးက သူ့ဖေ့စ်ဘုတ်မှာ တင်ထားခဲ့ပါတယ်။ စာကအရမ်းမှုန်ဝါးနေလို့ အသေအချာဖတ်လို့မရပေမယ့် ရသလောက် ကူးရေးပေးထားပါတယ်။

ငါတစ်ခုခုကိုဆုံးဖြတ်တိုင်းဘုရားရှိတယ်ဆိုတာကို…. ငါရဲ့အတ္တကြောင့်ဘုရားကိုမသိခဲ့ပေမယ့် စင်္ကာပူရောက်တဲ့ေ န့ကစပြီး အတ္တကိုဘေးဖယ်ကာ မေတ္တာနဲ့တုန့်ပြန်မယ့်အရာတွေကိုပဲငါတွေးမိခဲ့တယ်။ ငါမှားခဲ့တဲ့အပစ်တွေကိုလည်း ဘုရားဆီမှာဝန်ခံတောင်းပန်ခဲ့တယ်။ ဒါပေမယ့် ငါသိတယ် အဖွားကငါ့ကိုချစ်လို့စင်္ကာပူမသွားခိုင်းဘူး၊ ပြီးတော့ငါလူတွေကိုပြောခဲ့တယ်၊ ငါ့အဖွားစိတ်ချမ်း သာအောင်ထားချင်တယ်၊ ဒါပေမယ့်အဖွားက–ရေးထက်မေတ္တာလိုချင်တာလားမသိဘူး၊ မသွားခိုင်းတာတော့အမှန်ပဲ၊ ဒါပေမယ့်ငါ့ရဲ့ဆန္ဒကအဖွားနဲ့အဘိုးကိုသူတို့စားချင်တာတွေ၊ သူတို့လိုချင်တာတွေ ငါဖြည့်ဆည်းပေးချင်တယ်၊ ငါ့ရဲ့စေ တနာကိုအဖွားနားလည်နိုင်မှာပါလို့ —–။

ဒါပေမယ့်ဘုရားကိုပဲအားကိုးရမယ့်နေရာကိုရောက်နေခဲ့ပြီမို့ ဘုရားငါနဲ့အတူရှိတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ငါဘာမှ မကြောက်တာအမှန်ပဲ။ ဒါပေမယ့်စကားမပြော –ဘူး။ လူနဲ့လည်းမနေချင်တဲ့ငါ့ရဲ့စိတ်က လူတွေက’အ’တယ်လို့ပြောနေမှာသေချာတယ်။ ပြောပါစေ၊ ငါမ’အ’ဘူးဆိုတာကို ဘုရားသိရင်ပြီးရော။ ဒါငါယုံကြည်တဲ့မျှော်လင့်ချက်တစ်ခုပဲ။ ဒါပေမယ့်ငါအချစ်ကိုမသိတာလား၊ မယုံကြည်တာလားမသိဘူး၊ မေတ္တာဆိုတာကိုလည်း မသိဘူး၊ စင်္ကာပူရောက် မှအကုန်လုံးသိတယ်၊ ဒါပေမယ့်အချစ်ကိုတော့တစ်ကယ်မသိဘူး

ငါလူတစ်ယောက်ကိုချစ်တယ်လို့ပြောတယ်၊ ဒါပေမယ့်လက်ထပ်ချင်တယ်၊ မချင်ဘူး၊ ဒါကဘာလည်းငါသိချင်တယ်၊ ငါသူ့ကိုမယုံလို့လား။ ဒါမှမဟုတ်သူငါ့ကိုမချစ်လို့ ငါဒီလိုဆန္ဒလေး—–တာလားမသိဘူး။ ဒါပေမယ့်အစကတော့ေ မျှာ်လင့်ချက် —-ထားခဲ့တယ်။ ပြီးတော့အဖွားနဲ့အဘိုးကိုပြုစုလုပ်ကျွေးနိုင်တဲ့မြေးကောင်းတစ်ယောက်ဖြစ်ဖို့အတွက် —— ငါ့ဘေး မှာဘုရားရှိ တယ် ဆိုတာမမေ့ဖို့အတွက် ငါ့ကိုငါအားပေးပြီး အားဖြည့်တော့မယ် Good evening ဆရာမလုပ်ပြီးတော့ အသိတရားခေါင်း ပါးတဲ့မိန်းကလေးထဲမှာ ငါမပါချင်တော့ဘူး။

ပန် ဆယ် လို

Source : goo.gl/Ct7fs1

Comments