Featured post

ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု တိုင်ကြားသည့်အိမ်အကူ မူလအိမ်ရှင်၏ နေအိမ်သို့ ပြန်ရောက်

7 Day Daily သတင်းဖော်ပြချက်အရ အလုပ်ရှင် မနီလာဝင်းက ‘‘အိမ်ပြောင်းနေတဲ့ အချိန်မှာ အမှားမှားအယွင်းယွင်း တွေလုပ်တော့ လူကအမောဆို့ပြီး ဒေါသနဲ့ရိုက်မိပါတယ်။ နှိပ်စက် တာတော့ မဟုတ်ပါဘူး။ ခွေးက အိမ်မွေးခွေးပါ။ ရှူး တိုက်လို့မရပါ ဘူး။ လိမ္မာပါတယ်။ သူ့ကိုလည်း ခွေးက ချစ်ပါတယ်’’ လို့ပြောပါတယ်။ အိမ်ရှင် မနီလာဝင်း နဲ့ အိမ်အကူ မိန်းကလေး တို့ဟာ ညီအစ်မနှစ်ဝမ်း ကွဲတော်စပ်တယ်လို့ အ လုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ် ဖက်စလုံးက ပြောပါတယ်။

ယင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှသန်းက ‘‘ဆေး မှတ်တမ်းယူဖို့ ကျွန်မတို့ဝန်ထမ်း အဆင့်ဆင့်ရှေ့မှာ ကာယ ကံရှင် ကလေးမလေးကိုယ်တိုင် သူ့ကို ခွေးနဲ့ရှူးတိုက်တယ်လို့ ပြော တယ်။ သူ့လည်ပင်းကို ညှစ်တယ် ပြောတယ်။ ဖိနပ်နဲ့ရိုက်တယ်ပြော တယ်။ ကျိုးတာ၊ ပဲ့တာတော့မတွေ့ဘူး။ ညိုမည်းဖူးရောင်ပွန်း ပဲတာပဲရှိတာ။ နားရွက်တွေ၊ ခြေ ထောက်တွေမှာတော့ အမာရွတ် တွေရှိတယ်’’ လို့ပြောပါတယ်။ ရိုက်နှက်ခံရသူ အိမ်အကူ မိန်းကလေးဟာ ဆေးရုံတက်ပြီး နောက်တစ်နေ့မှာ ဆေးရုံကနေ ပျောက်သွားခဲ့တယ်။ ဇွန်လ ၆ ရက်နေ့မှာ အိမ်အကူ မိန်းကလေး မသန္တာလှိုင် နေထိုင်တဲ့ ဧရာဝတီတိုင်းမှ ဆေးရုံသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း ဦးအော င်ကြည်ဝင်းက ပြောပါတယ်။

ရာအိမ်မှူး ဦးအောင်ကြည်ဝင်း က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မှူး၊ အဆင့်ဆင့်ကို တင်ပြပြီး တရားလိုပြုကာ အဲ့နေ့ မှာ သုဝဏ္ဏမြို့နယ်ရဲစခန်းသို့ တိုင်တန်းအမှုဖွင့်ခဲ့ပါတယ်။ ရဲစခန်းက ရာဇဝတ် ဥပဒေ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ အရ အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ အိမ်ရှင် မနီလာဝင်းကို အာမခံပေးထားပါတယ်။ ၄င်းအမှုကို စစ်ဆေးနေတဲ့ ဒုရဲအုပ်က ၎င်းထံတွင် ရာအိမ်မှူး တိုင်ကြားတဲ့အတိုင်း ခံဝန်ချက်သာရှိပြီး အိမ်အကူမိန်း ကလေးရဲ့ ခံဝန်ချက်ပြောင်း၊ မပြောင်း မသိသေးကြောင်း ပြောပါတယ်။ ပုဒ်မ ၃၂၅ ကိုအာမခံပေး ခြင်းသည် ဥပဒေ လုပ်ထုံးလုပ် နည်း နဲ့ ညီတယ်လို့ ဦးခင်မောင်မြင့် ကပြောပါတယ်။ သို့သော် ယင်း ပုဒ်မဟာ အမှုဖွင့်ပြီးပါက ကျေေ အးရုပ်သိမ်းလို့ မရကြောင်း ၎င်း ကဆက်လက်ရှင်းပြပါတယ်။

Comments