Featured post

( May Day ) မေဒေး အကြောင်းသိကောင်းစရာ

နိုင်ငံတကာအလုပ်သမားနေ့ (မေဒေး)ဆိုတာအမေရိကန်ပြည် ကစတင် ပေါ်ပေါက်ခဲ့ပါတယ်။ မေဒေးနေ့ဘယ် လိုဖြစ် ပေါ်လာသလဲဆိုရင်တနေ့  အလုပ်ချိန် ၁၀ နာရီသတ်မှတ်ရေးသပိတ်တိုက်ပွဲတွေကနေစတင်ခဲ့ပါ တယ်။ဘာဖြစ်လို့လဲဆိုတော့တနေ့ ကို၁၆နာရီကနေ၂၀နာရီအထိအလုပ်လုပ် နေကြရလို့ပါပဲ။ (တစ်ရက်မှာ၂၄ နာရီရှိရာမှာ၂၀နာရီအလုပ်လုပ်ရတယ် ဆိုတော့ လူဟာလူနဲ့မတူတော့ဘူး။ ကျွဲတွေ၊နွားတွေလို သခင့် အကြိုက်လိုက် ပြီးအတင်းရုန်းကန်ပေးရသလိုမျိုးဖြစ်မနေပေဘူးလား)။ အဲဒီလိုအလုပ်ချိန်များပြားလွန်းနေတာမို့“တနေ့ အလုပ်ချိန် ၁၀ နာရီ သတ်မှတ်ရေးသပိတ်တိုက်ပွဲ´´တွေကို (၁၈၀၆) ခုနှစ်အမေရိကန်ပြည် ဖီလာဒယ်ဗီးယားမြို့ ကကြိုးကျစ်စက်ရုံအလုပ်သမားသပိတ်။ (၁၈၂၇)ခုနှစ် ၊ ဖီလာဒယ်ဗီးယားမြို့ အဆောက်အဦးအလုပ်သမားသပိတ်။

(၁၈၃၄)ခုနှစ်၊နယူးယောက်မြို့ ၊ပေါင်မုန့့် ဖုတ်အလုပ်သမားသပိတ်စတဲ့ အလုပ်သမား တိုက်ပွဲတွေ ပေါ်ပေါက် ခဲ့ပါတယ်။ တနေ့ အလုပ်ချိန်၁၀နာရီသတ်မှတ်ရေး လှုပ်ရှားမှုတွေကိုရိုက်နှက် ဖမ်းဆီး တာတွေနဲ့ ဖြိုခွဲခဲ့ပါတယ်။ ဒီလိုနဲ(၁၈၃၇)ခုနှစ်မှာအလုပ်ချိန် ၁၀နာရီ တိုက်ပွဲ ဟာ တမြို့ ကနေတမြို့ ကိုကူးစက်ကျယ်ပြန့် ခဲ့တာမို့ ပြည် နယ် အစိုး ရတချို့ ဟာမရေမရာကျေညာချက်တွေနဲ့အတူအလုပ်ချိန်၁၀နာရီသတ်မှတ်လိုက ကြောင်း မိမိပြည်နယ် ထဲမှာကျေ ညာေ ပးခဲ့ပါတယ်။ ဒါပေမယ့်ဘာမှအကောင်အထည်မပေါ်ခဲ့သလိုအခွင့်အရေးလည်း မရရှိ ခဲ့ပါဘူး။ (၁၈၆၆)ခုနှစ် ၊ ဗယ်တီမိုမြိုမှာ အလုပ်သ မားသမဂ္ဂခွဲပေါင်း(၃၀) ကျော်တက်ရောက်တဲ့အစည်းအဝေးကနေ နိုင်ငံလုံးဆိုင်ရာအမျိုးသား အလုပ်သမားသမဂ္ဂအဖွဲ့ ချု ပ်´´ကိုတည်ထောင်ခဲ့ပါတယ်။ အဲဒီသမဂ္ဂအဖွဲ့ ချုပ်ဟာတနေ့ အလုပ်ချိန်(၈နာရီ)သတ်မှတ်ရေးတိုက်ပွဲကော်မတီတွေကို ဖွဲ့ စည်းပေးခဲ့ပါတယ်။ အမေရိ ကန်နိုင်ငံကသက်ဆိုင်ရာပြည်နယ်အစိုးရတွေဟာလက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေကိုသုံးပြီး အပြင်းအထန် နှိမ်နင်း ခဲ့ ပါတယ်။

ခေါင်းဆောင်တွေကိုဖမ်းဆီးညှင်းပန်းတာ၊ထောင်ဒဏ်၊ငွေဒဏ်၊ သတ်မှတ် ပြီးပြည်နှင်ဒဏ်ပေးတာ။အလုပ် သမားတွေ ထဲကပဲကြေးစားလူမိုက် ငှားရမ်းပြီးဖျက်ဆီးစေတာ၊ ရပ်တည်ချက်ပျော့ညံ့တဲ့အလုပ်သမားခေါင်း ဆောင်အချို့ ကိုအခွင့် အရေးဗန်းပြပြီးလာဘ်ပေးဖြို ခွဲတာစသဖြင့် နည်းလမ်း ပါင်းစုံနဲ့ အသုံးပြုခဲ့တာတွေ့ ရပါ တယ်။ ဒီလိုနဲ့ (၁၈၆၈) ခုနှစ်မှာအမေရိကန်ပြည်၊ပြည်နယ်အစိုးရအချို့ ကတနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေ့း အမည်ခံ ဥပေ ဒတရပ်ကို ထုတ်ပြန်ပေးခဲ့ ပါတယ်။ ဒါပေမယ့်အရင်းရှင်တွေကြီးစိုးတဲ့ပုဂ္ဂလိကလုပ်ငန်းတွေကိုလုံးဝ သက်ရောက်ခြင်းမရှိ တာမို့ ဒီဥပဒေဟာမအောင်မြင်ခဲ့ပါဘူး။ တနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေးအတွက် တိုက်ပွဲဝင်သတ္တုတွင်း အလုပ်သမားလှုပ်ရှားမှုခေါင်းဆော င်တွေကိုသေ ဒဏ်စီရင်ပစ်တာ၊ မီးရထားလမ်းထုတ်လုပ်ရေး သံမဏိစက်ရုံအလုပ်သမားတွေကိုလက်နက် ကိုင်စစ်တပ်တွေနဲ့ နှိမ်နင်း တာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ (၁၈၈၄) ခုနှစ် အမေရိကန်ပြည် ၊ ချီကာဂိုမြို မှာကျင်းပတဲ့(အလုပ်သမားသမဂ္ဂအစည်း အဝေးကြီး) ကနေအမေရိ ကန်ပြည်အလုပ်သမားအဖွဲ့ ချုပ်(AFL)ရဲ့ ညီလာခံ ကိုကျင်းပပါတယ်။အဲဒီ AFL ညီလာခံကနေတ နေ့ အလုပ်ချိန် ၈ နာရီ ရရှိ ရေးတိုက်ပွဲဝင်ကြဖို့ ဆုံးဖြတ်ပြီးတဲ့အခါပြင်ဆင်ချိန် ၂ နှစ်အချိန်ယူခဲ့ပါတယ်။ အဲဒီပြင် ဆင်ချိန်၂နှစ်အတွင်းမှာတိုက်ပွဲကော်မတီတွေကိုစနစ်တကျ ဖွဲ့ စည်း ခဲ့ကြပါ် တယ်။(၁၈၈၆)ခုနှစ် ၊မေလ ၃ရက်ေ န မှာပေါ်ပေါက်ခဲ့တဲ့အလုပ် သမားသပိတ်မှာ(၆)ဦးသေဆုံးပြီးအလုပ်သမားရာပေါင်းများစွာဒဏ်ရာ ရခဲ့ပ်ါတယ်။ ဒီကိစ္စကိုဆတ်ဆတ်ခါနာကြည်းကြတဲ့ထောင်ပေါင်းများစွာသောအလုပ် သမားတွေစုဝေးပြီးလူထုအစည်း အဝေးကျင်း ပနေစဉ်မှာအကြမ်းဖက်နှိမ်နင်း တာကြောင့်အလုပ်သမား ၄ ယောက်နဲ့ ပုလိပ် ၇ယောက်သေဆုံး ခဲ့ ပါ တယ်။ အဲဒီအရေးအခင်းနဲ့ ပတ်သက်ပြီးအလုပ်သမားခေါင်းဆောင်၎ဦး(ပါဆင် ၊ သြဂတ်စ်စပိုင့် ၊ ဖစ်ချာအိန်ဂျယ် ) တို့ကိုဆူပူမှု ဖန်တီးတယ်ဆိုပြီးလုပ်ကြံစွပ်စွဲ ကာသေဒဏ်စီရင်ခံခဲ့ပါတယ်။ ကျန်အလုပ်သမားခေါင်းဆောင်တွေကိုတော့ အစိုးရကေ ထာင်ဒဏ် ၊ငွေဒဏ်ပြည်နှင်ဒဏ်စသဖြင့်အပြစ်ပေးခဲ့ပါတယ်။ အဲဒီလိုအလုပ်သမားတွေသွးမြေကျခဲ့ရတဲ့တိုက်ပွဲကိုအကြောင်းပြုပြီး(၁၈၈၈) ခုနှစ်စိန့် လူးဝစ်မြို့ မှာကျင်းပတဲ့ AFL ညီ လာခံမှာထပ်မံပြီးတော့အလုပ်ချိန် ၈နာရီရရှိရေးတိုက်ပွဲဝင်ရန်နဲ့ ၁၈၉၀ ခုနှစ်ကစပြီးတော့(မေလ ၁ ရက်)နေ့ ကိုအလုပ် သမား တိုက်ပွဲနေ့ (မေဒေး)အဖြစ်သတ်မှတ်ကျင်းပဖို့ ဆုံးဖြတ်ပြ ဌာန်းလိုက်ကြပါတယ်။

Comments