Featured post

တစ်နိုင်ငံလုံးက Fb မိတ်ဆွေများ စိတ်ဝင်စားနေကြတဲ့ တစ်လင် တစ်မယားအကြောင်း

တစ်နိုင်ငံလုံးက Fb မိတ်ဆွေများ စိတ်ဝင်စားနေကြတဲ့ တစ်လင် တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃နဲ့ ဘားအံမြို့ရဲစခန်းမှာ အမှုဖွင့်ထားခြင်းခံရတဲ့ ဦးစောထွဋ်ခေါင်လွင်ကို ဘီးလင်းမြို့ရှိ ၎င်းနှင့် မယားငယ်မတို့ပုန်းခို ဌါးရမ်းနေထိုင်သည့်နေအိမ်တွင် ၁၈ – ၅ – ၂၀၁၇ ညနေ ၆နာရီ ၁၅မိနစ်အချိန်မှာ ဘီးလင်းရဲစခန်းမှ သွားရောက် ဖမ်း ဆီးပီး ဘားအံရဲစခန်းကို ညတွင်းချင်းလွှဲပြောင်းပေးလိုက်ပါပီ ။

မယားငယ်မကိုတော့ လွပ်လပ်သူဖြစ်လို့ ဖမ်းဆီးရာမှာ မပါဝင်ခဲ့ပါဘူး ဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ်ပီး ထိထိရော က်ရောက် အရေးယူပေးဖို့ တနိုင်ငံလုံးက မိတ်ဆွေအပေါင်းက ကျမထားသခင်ကို ၀ိုင်းဝန်းကူညီအကြံညဏ်ပေးကြပါရှင့် ။ အခုလိုမျိုးတရားခံကို အချိန်နဲ့တပြေးညီ ဖမ်းဆီးပေးခဲ့ကြတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးကို ကျမထားသခင်က ကျေး ဇူးအထူးတင်ရှိပါတယ် ။ တရားခံကို ဖမ်းဆီးချိန်မှာ တရားခံဖက်က ယခုဖမ်းဆီးခြင်းကို ချက်ချင်းမလိုက်ပါနိုင်ကြောင်းနဲ့ အာမခံပေးသည့် ပုဂ္ဂိုလ်က သူကိုယ်တိုင်မနက်ဖြန်မှာ ဘားအံရဲစခန်းက်ုလာပို့ပေးပါမည်ဟု တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ပါယ်ချခဲ့သည့် ဘီးလင်းစခန်းမှုးနဲ့ ဘားအံ အမှုစစ်အရာရှိတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ။

ကျမထားသခင်ရဲ့အမှုကို အမျိုးသမီးများ အိမ်ထောင်ရှင်မိန်းမသားများအတွက် စံနမှုနာအဖြစ် တရားဥပဒေအတိုင်းသာ မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးကြပီး အတည်ပြု ရေးဆွဲထားသည့် ဥပဒေနဲ့အညီ ထောင်ချပေးကြပါရှင့် ။ မှတ်ချက် ။ ။ ယခုလိုတရားခံများဖမ်းဆီးမိရေးအတွက် ဘီးလင်းမြို့ရှိ Fb မှ မိတ်ဆွေများက messenger တွင်သတ င်းပေးပို့လာခဲ့တာပါ သူတို့နှစ်ယောက်နောက်ကို နောက်ယောင်ခံလိုက်ပေးပီး နေရာအတိအကျ မှတ်သားထားပီး ကျ မစီကိုသတင်းပေးပို့လာတဲ့ ညီမလေး အမရာနှင့် မိန်းမသားချင်း ကိုယ်ချင်းစာနာလို့ပါဆိုပီး com တွင် သတင်း စတ င်ပေးပို့ခဲ့သည့် မောင်လေး ??? တို့လင်မယားနှစ်ယောက်ကိုလည်း အထူး ကျေးဇူးတင်ပါတယ် ။

Htar Thakhin 20 – 5 – 2017

Comments