Featured post
- Get link
- X
- Other Apps
နောက်မီးမပါ ရောင်ပြန်မပါ့အမြန်လမ်းပေါ်တက်မောင်းနေခြင်းကြောင့်လား?
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မတော်တဆဖြစ်သော ကိုယ်ပိုင်ယာဉ်မှာ ဧရာဝတီတိုင်း မအူပင်မြို့ ဆေးရုံသစ်အနီး (၁၀)လမ်း လမ်းသွယ်ကဟု သိရသည်။ ( ယာဉ်မောင်း ကျော်ကျော် နှင့် မိဘနှစ်ဦးတို့ အခင်းဖြစ်ရာတွင် ဆုံးပါး ) ရန်ကုန် – မန္တလေး အမြန်လမ်း ၁၁၈ မိုင် တွင် ယနေ့ ၀၇.၀၅.၂၀၁၇ ည ၇နာရီကျော် အချိန်က အိမ်စီးယာဉ် Wish နှင့် FAW ကား တို့ အလွန်ပြင်းထန်စွာ ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ် ။
ယာဉ်ငယ်ပေါ်လိုက်ပါစီးနင်းလာသူ လူကြီး ၇ ဦး နှင့် ကလေး ၂ ဦးတို့အနက် လူကြီး ၃ ဦးမှာနေရာတွင်ပင် အသက်ဆုံး ရှုံးပြီး ကျန် ၆ ဦးမှာပြင်းထန်စွာ ဒဏ်ရာ ရှိခဲ့ကြတာကြောင် ဖြူးမြို့နယ် ဆေးရုံသို့အရေးပေါ်ပို့ဆောင်ပေးထားပါတယ်။ ကျွန်တော်ကိုယ်တိုင်အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေပြီး အမြန်လမ်းရဲစခန်း၊ကြက်ခြေနီ ၊ မီးသတ်နှင့် လူမှုကူညီေ ရးအသင်းများမှ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နေပါကြောင်းသိရသည်။
Credit @ဇော်မိုး ပိုင်အိုးနီးယား ၁၁၅ ၊ မိုးသောကြာ
Comments
Post a Comment