Featured post
- Get link
- X
- Other Apps
သရုပ်ဆောင် မိုးဟေကိုကတော့ ပရိသတ်တွေကိုခြောက်လှန့်ဖို့အတွက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်လိုက်ပါပြီ။ အဲ့ဒါဇာတ်ကားကတော့ လူများကို ခြောက်လှန့်ရန် တစ္စေ္စတစ်ကောင်အလိုရှိသည်ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။
စိတ်လှုပ်ရှားစရာကောင်းတဲ့ သရဲဇာတ်ကားကို မိုးရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးပုံဖော်ကာ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) မှ အနုပညာအကြံပေးအနေဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။ လူများကို ခြောက်လှန့်ရန် တစ္စေ္စတစ်ကောင်အလိုရှိသည် ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မိုးဟေကိုက “ ဒီဇာတ်ကားလေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေအတွက် မတူတဲ့ ခံစားချက်လေးတွေ ပေးချင်တာပါ။ပရိသတ်တွေ ကြိုက်တာ မကြိုက်တာကတော့ ရုံတင်မှပဲ အဖြေသိရမှာပေါ့နော်။ လောလောဆယ် အထူးပွဲကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေ ကြိုက်ကြတဲ့ အတွက် ၀မ်းသာပါတယ်။” လို့လဲ မိုးဟေကို က ပြောပါတယ်။
“သရုပ်ဆောင်တစ်ယောက်ဖြစ်ဖြစ်၊ ထုတ်လုပ်သူ တစ်ယောက်ဖြစ်ဖြစ် ဇာတ်ကား တစ်ကားနဲ့ တစ်ကားမတူအောင်လို့လဲ သေချာ စဉ်းစားရပါတယ်။ မိုးက အလုပ်လုပ်ရင်လဲ သေချာ Plan ချပြီး လုပ်တတ်တဲ့ အတွက်ကြောင့် တတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာလဲ ပရိသတ်ကို ထူးခြားတဲ့ ရသတစ်မျိုး ဖန်တီးပေးချင်တဲ့ အတွက် လူများကိုခြောက်လှန့်ရန် တစ္စေတစ်ကောင် အလိုရှိသည် ရုပ်ရှင်ဇာတ်ကား ရိုက်ဖြစ်ခဲ့တာပါ။” လို့ ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မိုးဟေကို က ထပ်မံပြောကြားခဲ့ပါတယ်။
ကိုယ်တိုင်ထုတ်လုပ်ရေးလုပ်တယ် ဆိုပေမယ့် ကိုယ်တိုင်သရုပ်ဆောင် မလုပ်ပဲ သရုပ်ဆောင်အလုပ်ကို လျော့လုပ် သွားပြီးတော့ သာမန် မိန်းကလေးတစ်ယောက်အနေနဲ့ပဲ သူငယ်ချင်းတွေနဲ့ အပြင်အလုပ်ကို လုပ်နေပါတယ်။
မိုးဟေကို က ပရိသတ်တွေကို ခြောက်လှန့်စေချင်လို့ ဖန်တီးလိုက်တဲ့ လူများကိုခြောက်လှန့်ရန် တစ္စေတစ်ကောင် အလိုရှိသည် ရုပ်ရှင်ဇာတ်ကားကို မေလ အတွင်းမှာပဲ ရုံတင်ပြသသွားမှာဖြစ်လို့ လာရောက် အားပေးဖို့ကိုလဲ ပြောကြားခဲ့ပါတယ်။
Credit: Duwun
Comments
Post a Comment