Featured post
- Get link
- X
- Other Apps
အဖေဖြစ်သူက သမီးအရိုက်ခံနေရတာကို သီးမခံနိုင်၍ သားမက်ဖြစ်သူကို ဓားဖြစ်ထိုးသတ်ပြီး ပုလိပ်ရုံးသို့ ဆိုင်ကယ်ေ ပ်ါတင်၍ သွားပို့ခဲ့တဲ့ သတင်းပါ…။
အဖေဆိုတာ ဗိုလ်အောင်ဒင် မဟုတ်ပေမယ့် ကိုယ့်သားသမီးထိလာလျှင် ဗိုလ်အောင်ဒင်ထက် အဆပေါင်းများစွာ မိုက်ရဲ တတ်ကြတယ်..။ သူ့သမီးကို သူ ငယ်စဉ်ခါကတည်းက လက်ဖျားနဲ့တောင် ထိ၍ မရိုက်ဖူးတာကြောင့် သူ့ရှေ့မှာ ရိုက်နှက်နေခြင်းကို ဒေါသ ထိမ်းချုပ်မရ၍ လက်လွန်သွားတဲ့ အဖြစ်ပျက်ပါ… ။ မိဘဖြစ်သူတိုင်းက ကိုယ့်သားသမီးကို ထိလာလျှင် သူ့လိုအရဲစွန့်ပြီး မလုပ်ရက်ကြပေမယ့် သူ့ထက်မက ကြိတ်ပြီးခံစား ကြရမှာပါပဲလေ…။
ကိုယ်ချစ်လို့ ပေါင်းသင်းဆက်ဆံလာတဲ့ ကိုယ့်ဇနီး မယားကို ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သီးခံနိုင်က သီးခံပြီး မရိုက် မနှက်ပဲ ပေါင်းသင်းကြပါ တနေ့ ကိုယ်လည်း ယောက္ခဆိုတဲ့ နာမည်နဲ့ ဒီလိုတွေ ကြုံရမယ့် သူတွေပါပဲလေ ။ ဝဋ်မလည်အောင် ဆင်ခြင်နေထိုင်တာက အကောင်းဆုံးပါ….
✏ချစ်ချင်းမေတ္တာဖြစ်
crd.စွယ်စုံ-ကျွဲကျောင်းသား
Comments
Post a Comment