Featured post
- Get link
- X
- Other Apps
မော်လမြိုင်မြို့ ဖက်ခင်းလမ်း တော်ဝန်ပန်းစားသောက်ဆိုင်မှာ ဒီနေ့ည ၈နာရီအချိန်က လူများခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဆိုင်အတွင်းရှိ ပစ္စည်းအမျာအပြား ပျက်စီးသွားကြောင်း ကနဦးသိရပါတယ်။
မော်လမြိုင်မြို့ ဖက်ခင်းတန်း”တော်ဝင်ပန်း စားသောက်ဆိုင်” မိသားစုဝင်များ ခေတ္တခဏ အပြင်ထွက်ချိန်၌ အနုကြမ်းစီး သမားများ ဝင်ရောက်အပိုင်စီးပြီး တော်ဝင်ပန်းဆိုင်ရှိ အလုပ်သမားများအား ဆိုင်အတွင်း ပိတ်ကာ ညင်းပန်နှိမ့်စက်မူ့များပြုလုပ်ခဲ့သည်။
သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်မူ့ရုံး သက်ဆိုင်ရာငှများမှ ဆောင်ရွက်ပေးမူ့မရှိပါသဖြင့် ဆိုင်အတွင်းရှိ အလုပ်သမားများ ၏ အသက်အန္တရာယ်နှင့် စိတ်ခံစားမူ့ အခြေအနေများ စိုးရိမ်ရသည့်အခြေအနေသို့ရောက်ရှိနေသည်။
သတ်မှတ်ထားသည့်အချိန်အထိ သက်ဆိုင်ရာ၏ အကူအညီ ရရှိမူ့မဖြစ်ပါသောကြောင့် တော်ဝင်ပန်းမိသားစု ဝင်များ နှင့် ရပ်ကွက်သူရပ်ကွက်သားများ တော်ဝင်ပန်းမိသားစု၏ စားသုံးသူ မိဘပြည်သူများနှင့် ပူးပေါင်းကာ ၂ရက်ကြာ အနုကြမ်းစီး ခံထားရပြီး အတွင်း၌ ပိတ်မိနေသော တော်ဝင်ပန်းဝင်ထမ်းများအား ပူးပေါင်းကယ်ထုတ်နေကြပါသည်။
ဖြစ်စဉ်က ဖြစ်နေဆဲဖြစ်ပါသည်။ ဖြစ်စဉ်ဖြစ်ကတည်းက ကူညီဖြေရှင်းပေးရန် ကူညီပါရစေ လို့ ပြောပြောနေကြတဲ့ ရဲဝန်ထမ်းများကလည်း အထဲ၌ အနုကြမ်းသမားများ ပိတ်မိနေပြီဆိုမှ တစ်ယောက်စ နှစ်ယောက်စ ရောက်လာနေပြီဖြစ်ပါ သည်။
ကျွန်တော်တို့ တော်ဝင်ပန်းမိသားစု အမှန်တရားဘက်မှ ရပ်တည်ပေးနေကြသော ညီအစ်ကိုမောင်နှမများအားလုံး ကိုကျေးဇူးတင်ပါသည်။
Source : Wai Min Tun
Comments
Post a Comment