Featured post

နိုင်လူပြောပြတဲ့ အမြန်လမ်းပေါ်က ထူးထူးဆန်းဆန်းဖြစ်ရပ်

“ယမန်နေ့ညက ရန်ကုန်မှမန္တလေးသို့ အလာမိုင်တိုင် ၁၄၅ အရောက်တွင် အလွန်အိပ်ချင်လာသောကြောင့် လမ်းဘေးတွ င် ကားထိုးရပ်ပြီး အိပ်ရာ ၁နာရီလောက် အိပ်ပျော်သွားခဲ့သည်။

အိမ်မက်မက်သလို အပြင်တွင်လာပြေားသလို ကြားလိုက်ရ၍ ပြန်နိုးသွားခဲ့သည်။ လာပြောတာလား။ အိမ်မက်မက်တာ လားဆိုတာကို ဝေခွဲ၍မရပါ။ မင်းတို့ လူ ၉ ယောက်ပါလာ၍ ကျောက်ခဲ့တလုံးကောက်ယူ၍ မောင်ကျောက်ခဲ့မင်းပါ လိုက် ခဲ့ဟူ၍ ခေါ်သွားပါဟု ပြောပါသည်။

အိပ်ရာမှ လန့် နိုး၍ ကားပေါ်တွင်ပါလာသော မိသားစုဝင်များကို ရေတွက်ကြည့်ရာ ခလေးလူကြီးပေါင်း ၉ ယောက်ဖြစ်နေ သည့်အတွက်လန့် သွားခဲ့ ပါသည်။ ပြောသည့်အတိုင်း လမ်းဘေးနားတွင်တွေ့ ရှိသည့် ကျောက်ခဲကို မောင်ကျောက်ခဲမင်း ပါလိုက်ခဲ့ ၁၀ ယောက်ဟု ပြော၍ မန္တလေးသို့ ခရီးဆက်လက်ထွက်ခွာခဲ့ရပါတော့သည်။

ကျွန်တော်လိုအဖြစ်မျိုး ဘယ်သူများဖြစ်ခဲ့ပါသလဲ။ နေပြည်တော်မန္တလေးအမြန်လမ်းတွင် လူ ၉ယောက် သွားခဲ့ဘူးသော ကားများရှိခဲ့ပါသလားဗျာ။ သေချာတာတစ်ခုကတော့ နေပြည်တော်မန္တလေးအမြန်လမ်းတွင် လူ ၉ ယောက်မသွားသင့်ပါ။ မိတ်ဆွေသင်ရောဘယ်လိုထင်ပါသလဲ..နိုင်လူ”လို့ သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Source : http://www.thadinatin.com

Comments