Featured post

၁၁ နှစ်အရွယ် ယောကျာ်းလေးတဦး ပုရစ်သွားကောက်ရင်း အဓမ္မပြုကျင့်ခံရ

အင်းတော်တွင် ၁၁ နှစ်အရွယ် ယောကျာ်းလေးတဦး အဓမ္မပြုကျင့်ခံရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းေ တ်ာမြို့နယ် အသက် ၁၁ နှစ် အရွယ် အမျိုးသားတစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း သိရပါတယ်။

မေလ ၃၀ ရက်နေ့ ည ၁၀ နာရီလောက်က အသက် ၁၁ နှစ်အရွယ်အမျိုးသားက ပုရစ်သွားကောက်ရင်း ဖြူးမြို့နယ် ကြ က်ပေါင်းချောင်းရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသား ကိုစိုင်းက ဆိုသူက သရက်ပင်အောက်ကြီးကို ခေါ်ကာ အလို မတူဘဲ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦး ကပြောပါတယ်။

အင်းတော်မြို့ ရဲစခန်းက ပြစ်မှူကျူးလွန်တဲ့ ကိုစိုင်းကို ရာဇသတ်ကြီး ပုဒ်မ ၃၇၇ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိ ရပါတယ်။

Comments