Featured post
- Get link
- X
- Other Apps
ကချင်ပြည်နယ် ဟိုပင်မြို့အနီး အာလံဗိုလ်ကျေးရွာတွင် လေဖျန်း လေဖြတ် ကိုယ်တခြမ်းသေ ရောဂါဝေဒနာများကို ဗိန္နောဆရာတစ်ဦးက အာမခံပြီး ကုသပေးလျှက် ရှိပါတယ်။ သူကုသပေးလိုက်တဲ့ ဝေဒနာသည်မှန်သမျှ ချက်ခြင်း ဆိုသလိုပဲ လမ်းထလျှောက်နိုင်တယ်လို့ သိရပါတယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
လူနာလာရောက်ပြီ ဆိုပါက ထိုလူနာသည်ကို ကုတင်တလုံးပေါ်တင်ပြီး လူအများက ဝိုင်းချုပ်ထားကြပြီး လူနာ၏ပေါင်ကို ဗိန္နောဆရာက ၅ ပေါင်ရှိ ရဲဒင်းတူနဲ့ ထုနှက်ပြီး ကုသပေးခြင်း ဖြစ်ပါတယ်။ ထိုလူနာ၏ ဝေဒနာသက်သာတာ မသာတာေ တာ့ မသိဘူး ဘေးကကြည့်တဲ့သူကတော့ ကြက်သိမ်းထမိပါတယ်။
အဆိုပါ လေဖြတ်ကိုယ်တစ်ခြမ်းသေ ရောဂါဝေဒနာကုသပေးနေတဲ့ ဗီဒီယိုဖိုင်ကို ဒေသခံတစ်ဦးက ရိုက်ကူးရရှိခဲ့ပြီး ယင်းဗီဒီယိုဖိုင်အား လူမှုကွန်ယက်ပေါ် တက်ခဲ့ရာမှ ဝေဖန်များထွက်ပေါ်လာခဲ့ပြီး လူသိများ ရေပန်းစားလာခဲ့ခြင်း ဖြစ်ပါတယ်။
လူမှုကွန်ယက် သုံးစွဲသူတဦးကဆို “လူသတ်နေကြတာလား ဆေးကုနေတာလား” ဟုလို့တောင် ဝေဖန်ခဲ့ပါသေးတယ်။ ဗိန္နောဆရာက လူနာကို ဆေးကုသပေးနေတဲ့ ဗီဒီယိုဖိုင်ကိုတော့ အောက်တွင်ကြည့်ရှုနိုင်ပါတယ်။
Source: Yair Aung Moe


Comments
Post a Comment