Featured post
- Get link
- X
- Other Apps
တခရီးတည်း သွားတာချင်းတူတူ ပိုလေးတဲ့ ဝန်ကိုထမ်းပြီးလျောက် နားတဲ့နေရာရောက်တော့ ဗိုလ်ကြီး နှိပ်ပေးရမလား မေးခဲ့ဖူးတဲ့ တပည့်တွေကို… ကျနော် အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့ဖူးတယ်…။ သူတို့ကျ ဖြစ်သလိုစား ဗိုလ်ကြီးအတွက်ဆိုပြီး ဖားရှာငါးရှာ အသားမပါပါအောင် စီမံပေးခဲ့ဖူးတဲ့ တပည့်တွေကို… ကျနော် အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့ဖူးတယ်…။
သူတို့ကျ ဂျီး အထပ်ထပ်နဲ့ နေ ရေချိုးသွားခါနီးတိုင်း ဘာလျော်စရာရှိလည်းခင်ဗျ ဆိုပြီး underwear ကအစ ရှိသမျှ အကုန်ယူသွားတတ်တဲ့ တပည့်တွေကို… ကျနော် အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့ဖူးတယ်…။ မိုင်းခင်းထားတဲ့ လမ်းကို ရှေ့ကလျောက်… ရန်သူစောင့်နေတဲ့ နေရာကို ပွိုင့်ကသွား… ရေစီးသန်တဲ့ ချောင်းကို လက် ပစ် ကူး ကြိုးတန်းပေးပြီး… ကိုယ့်ကို အန္တယ်ရာယ် ကင်းအောင် စောင့်ရှောက်ပေးခဲ့တဲ့ တပည့်တွေကို ကျနော် အမှုမဲ့အမှ တ်မဲ့ ဖြစ်ခဲ့ဖူးတယ်…။ ဒါတွေဟာ သမာစဉ် အလုပ်တွေ… အရင်ကလည်း သူတို့ လုပ်ခဲ့တယ် ငါ့ကျမှ ထူးပြီး လုပ်ပေးတာ မဟုတ်ဘူးဆိုတဲ့ စိတ် နဲ့ အမှုမဲ့ အမှတ်မဲ့ဖြစ်ခဲ့မိတယ်…။ ဒါပေမယ့်… အခြားအဆင့်ဆိုတဲ့လူတွေက မင်းတို့ တဆင့်ပြီးတဆင့် မြင့်လာအောင် ပုခုံး အနာခံ ထမ်းတင်ပေးနေ တဲ့ လူတွေကွလို့ ပြောတဲ့ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ စကားသံ နာခံပြီးတဲ့ အခါ… ကျနော် အတွေးတွေ ဝင်လာတယ်…။ သူပြောတာ တကယ်မှန်တယ်… ကိုယ်သာ တဆင့်ပြီး တဆင့် ရာထူးတွေ ခံစားခွင့်တွေ လုပ်ပိုင်ခွင့်တွေ မြင့်လာတယ်…။ သူတို့က ဒုံရင်းဒုံရင်း… တပ်ကထွက်လို့ လမ်းဘေးမှာ စာအုပ်လိုက်ရောင်းနေတဲ့ တပည့်တွေ… အဆင်မပြေမှုတွေနဲ့ ကြုံနေတဲ့ တပည့်တွေ တွေ့တိုင်း … သူတို့ လုပ်ပေးခဲ့တာရဲ့ ၁၀ ပုံ ၁ ပုံတောင် ပြန်လုပ်မပေးနိုင်ခဲ့တဲ့ ကိုယ့်အဖြစ်ကိုယ်ပြ န်တွေးရင်း ကျနော် ဝမ်းနည်းတတ်လာတယ်…။ ပြန်တွေးကြည့်လိုက်တော့ သူတို့ လုပ်ပေးစဉ်က ဘာမှ မဟုတ်ဘူး ထင်တဲ့ အရာတွေဟာ ကိုယ့် ဘဝ အတွက် ကိုယ့် အ သက်ရှင် ရပ်တည်မှုအတွက် အရေးပါတဲ့ အရာ တွေပါလားဆိုတာ ခေါင်းထဲပေါ်လာတိုင်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ နေ ရာတိုင်းက တပည့်တွေကို… ကျေးဇူးအကြိမ်ကြိမ် တင် အလေးအကြိမ်ကြိမ်ပြုမိတယ်…။ ကျနော် အမှုမဲ့ အမှတ်မဲ့ ဖြစ်ခဲ့တဲ့ အရာတွေဟာ သံယောစဉ်တရား မေတ္တာတရား သစ္စာစောင့်သိမှုတရားတွေ ပါနေခဲ့ပါ လားဆိုတာ ပြန်တွေးမိတိုင်း ကိုယ့်ကိုကိုယ် ယူကျုံးမရဖြစ်ရတယ်…။
ဒါပေမယ့် ကျနော် အသိနောက်မကျသေး…
Credit to ပြည်သိန်း
Comments
Post a Comment