Featured post

မြို့ လယ်ကောင်ရှိ ရန်ကုန်ဗဟိုတရားရုံးကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်စာ သတင်းထွက်ပေါ်

မြို့ လယ်ကောင်ရှိ ရန်ကုန်ဗဟိုတရားရုံးကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်စာ ရသောကြောင့် တိုင်းရဲတပ်ဖွဲ့ များက မေလ ၄ ရက်ညပိုင်း၌ အရေး ပေါ်လုံခြုံရေး ရယူထားကြောင်း သတင်းရရှိသည်။ မည်သည့်အချိန်၊ မည်သည့်ရက်က စာရောက်လာသည်ကို မသိရ သေးသော်လည်း မေလ ၄ ရက်တွင် ရဲတပ်ဖွဲ့ က အရပ်ဝတ်အသွင်ဖြင့် ချက်ခြင်း အရေးပေါ်လုံခြုံရေး ရယူခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တစ်ခုလုံးကြားတွင် အလုပ်ရှုပ်နေကြောင်းလည်း ကြားသိရသည်။ ရဲတပ်ဖွဲ့ အနေဖြင့် အဆိုပါ ဗုံးခွဲမည်ဟုသောစာ မည်သည့်ဇစ်မြစ်မှ လာသည်ဆိုသည်ကို စုံစမ်းမှုများ စတင်နေပြီဖြစ်ကာ ဗဟိုတရား ရုံးတစ်ဝိုက်တွင် မသင်္ကာဖွယ်ရာများကို စောင့်ကြည့်နေကြောင်း ကြားသိရသည်။

ဧပြီနောက်ဆုံးပတ်ကလည်း ရန်ကုန်မြို့ ရှိ ဈေးဝယ်စင်တာကြီးနှစ်ခုကို ဗုံးခွဲမည်ဟု သတင်းပေးစာတစ်စောင် လုံခြုံရေး တပ်ဖွဲ့ အချို့ ကြားတွင် ပျံ့ နှံ့ ခဲ့ပြီး ရဲတပ်ဖွဲ့ က အတည်ပြု၍ မရခဲ့ပေ။ သို့ သော်လည်း ၂၀၀၅ ခုနှစ်က ဒဂုံစင်တာ ဗုံးပေါက်ကွဲမှုဖြစ်စဉ် အတွင်းကလည်း ယင်းကဲ့သို့ မဖြစ်မီ ၂၀၀၃ ခုနှစ်ကတ ည်းက ကြိုတင်သတင်းများ ထွက်လာခဲ့ကာ သတင်းအေးဆေးသွားချိန် ၂၀၀၅ ခုနှစ်၌ ဒဂုံစင်တာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သည့်အတွက် ရဲတပ်ဖွဲ့ လုံခြုံရေးသတိဖြင့် လှုပ်ရှားနေကြခြင်း ဖြစ်ကြောင်း သိရသည်။

Credit to AKonThi

Comments