Featured post

သင် မွေးခဲ့သောလကို ကြည့်၍ မည်သည့်ရောဂါဖြစ်မည်ကို ပြောနိုင်ဟုဆို

ကျွမ်းကျင်သူတွေရဲ့လေ့လာတွေ့ရှိချက်တစ်ခုအရ လူတစ်ယောက်ရဲ့ မွေးတဲ့လကို ကြည့်ပြီး သူဖြစ်မယ့် ရောဂါ ကို သိနိုင် တယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေက နယူးယော့ခ်မှာ ရှိတဲ့ လူပေါင်း ၁.၇ သန်းဟာ ရောဂါအမျိုးအစားပေါင်း ၁၆၈၈ မျိုး ဖြစ်ပွားနေပြီး ရောဂါပေါင်း ၅၅ မျိုးဟာ လူတွေ မွေးဖွားခဲ့တဲ့လတွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။

ဧပြီလမှာ မွေးဖွားတဲ့ကလေးတွေဟာ နှလုံးခုန်မမှန်တဲ့ ရင်ဘတ်အောင့် ရောဂါဖြစ်ပွားဖို့ ရာခိုင်နူန်းများပြီး နိုဝင်ဘာလ ဖွားတွေကတော့ အဆုတ်ပွရောဂါ ဖြစ်ပွားဖို့ ရာခိုင်နူန်းများတယ် လို့ သိရပါတယ်။

ဒီလို မွေးတဲ့လနဲ့ ဖြစ်ပွားတဲ့ရောဂါတို့ ဆက်စပ်နေမှုကို ကိုလံဘီယာတက္ကသိုလ်က စစ်တမ်း ပြုလုပ်ပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ စစ်တမ်းအရ မေလဖွားတွေဟာ ရောဂါဖြစ်ပွားမှု ရာခိုင်နူန်း အနည်းဆုံး ဖြစ်ပြီး အောက်တိုဘာလဖွားေ တွကတော့ ရောဂါဖြစ်ပွားဖို့ ရာခိုင်နူန်းအများဆုံး ဖြစ်ပါတယ်။

“ ကိုယ် မွေးဖွားခဲ့တဲ့ လနဲ့ ရောဂါဖြစ်ပွားမှုဆိုတာက ဆက်စပ်နေပါတယ်။ ရာသီဥတုဟာ ကိုယ့်ရဲ့ဘ၀သက် တမ်းမှာ ရော ဂါဖြစ်ပွားမှုအပေါ် အစိတ်အပိုင်းတစ်ရပ်အဖြစ် သက်ရောက်မှု ရှိနေတဲ့ သဘောဖြစ်ပါတယ်။” လို့ စစ်တမ်းပြုလုပ်ခဲ့တဲ့ အ ဖွဲ့က ဆိုပါတယ်။

ဒီလိုစစ်တမ်းကောက်ယူခဲ့တာကြောင့် ပညာရှင်တွေအနေနဲ့ ရောဂါ အသစ်အဆန်းတွေ ဖြစ်ပွားလာနိုင်မှုကို ကာကွယ်နိုင် လိမ့်မယ်လို့ စာရေးဆရာ နီကိုလက်စ်တာတိုနက်တီက ဆိုခဲ့ပါတယ်။ ကိုယ်မွေးဖွားတဲ့လနဲ့ ရောဂါတို့ ဆက်စပ်နေပုံကို ၁၉၈၅ ကနေ ၂၀၁၃ အထိ အချိန်ယူပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဇန်န၀ါရီလမှာ မွေးဖွားသူတွေက စိတ်ဖိအားများမှုကြောင့် နှလုံးရောဂါဖြစ်နိုင်ပြီး ဖေဖော်ဝါရီ ဖွားတွေလည်း ဒီရောဂါ ဖြစ်နိုင်ခြေရှိပါတယ်။

စက်တင်ဘာလဖွားတွေက ရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေများပြီး အောက်တိုဘာလဖွားတွေက တက်ကြွလှုပ်ရှားမှု ကင်းမဲ့တဲ့ စိတ်ရောဂါမျိုး ခံစားရနိုင်ပါတယ်။ နိုဝင်ဘာလဖွားတွေက ခံတွင်းပိုင်းဆိုင်ရာရောဂါနဲ့ ဒီဇင်ဘာလမွေးသူတွေက ပြင်းထ န်တဲ့ အဆုတ်ပွ ရောဂါမျိုး ဖြစ်နိုင်ခြေများပါတယ်။

Source : planet

Comments