Featured post

ငါက ရဲဟု ပြောပြီး ဆေးရုံလူနာစောင့် ကောင်မလေး ခြင်ထောင်ထဲဝင်၍ မုဒိန်းကျင့်ဖို့ကြံသော ရဲတပ်သားအဖမ်းခံရ

မိခင် ခြေထောက်ကျိုး၍ ရွှေဘိုဆေးရုံတွင် လူနာလာစောင့်ပေးသော ဆယ်ကျော်သက်အရွယ် ကောင်မလေးခြင်ေ ထာင် ထဲသို့ ညအချိန်ခိုးဝင်၍ ငါကရဲ ဟု ပြောပြီးမုဒိန်းကျင့်ရန်ကြံသော ရဲတပ်သားတစ်ဦး အဖမ်းခံခဲ့ရကြောင်းသတင်းရရှိသည်။ ယခုလ ၁၉ ရက်နေ့က ရွှေဘိုခရိုင် ၀က်လက်မြို့နယ် နှောပင်ရွာမှ အသက် ၁၉ နှစ်အရွယ် မိန်းကလေးသည် မိခင် အားပြုစုရင်း ညအချိန် ကုတင်ခြေရင်း ၌ ခြင်ထောင်၊ထောင် ၀င်အိပ်နေခိုက် ရဲတပ်သားမှ ၀င်ရောက်ခဲ့ကြောင်း မိန်းကေ လးအား ပါးစပ်ပိတ်၍ “မအော်နဲ့ သတ်ပစ်မယ် ၊ငါက ရဲ ၊နင့်ကိုယူမှာ “ဟုပြောပြီး အဓမ္မကျင့်ရန်ကြံစည် ခိုက် မိန်းကေ လးမှာ ထပြေး၍ မိခင်အားတိုင်ကြားခဲ့ခြင်းဖြစ်သည်။ ၄င်းရဲတပ်သားသည် ဒီပဲယင်း မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးဖြစ်ကြောင်း သိရပြီး ရွှေဘိုမြို့မရဲစခန်းတွင် ပုဒ်မ ၃၇၆/ ၅၁၁ဖြင့် မိန်းကလေးမိခင်မှ တရားလိုပြုလုပ်အမှုဖွင့်ခဲ့သည်။ ရဲတပ်သားကို ဖမ်းဆီးပြီး တိုင်ကြားစာအတိုင်း ဖြစ်စဉ် ဟုတ်၊မဟုတ် ရွှေဘိုရဲစခန်းမှ စစ်ချက်များယူနေကြောင်း သတင်းရ ရှိသည်။

ဟိန်းလင်းသန့်

Central News Myanmar

https://www.facebook.com/CNMyanmar

Comments