Featured post

အလုပ်ခေါ်စာမိမိ ကိုယ်ကိုယုံကြည်သူ ယဉ်မောင်းများ လျောက်ကြပါ

YBS 23 ယာဉ်လိုင်းမှာ မောင်းနှင်ရန်အတွက် ယာဉ်မောင်းခေါ်ယူခြင်း။ မိမိတနေ့တာခရီးစဉ် တလျှောက် cctv မှတ်တ မ်းကို ပြန်ကြည့်ရနိုင်ရမည်။

ယာဉ်စီးခကိုမိမိ လက်ဖြင့် လုံးဝမထိရမကိုင်ရပါ။ ယာဉ်ကိုယာဉ်စည်းကမ်းလမ်း စည်းကမ်းတွေနှင့် အညီလိုက်နာပြီး မှတ် တိုင်တွင်စနစ်တကျရပ်ပြီးမှခရီးသည်အတင်အချပြုလုပ်ပါရန်။

ကားမောင်းနေစဉ်ဘေးတံခါးများပိတ်မောင်းရန်။ခရီးသည်တွေစိတ်အေးချမ်းသာစွာဖြင့်ဘေးအန္တရာယ်ကင်းစွာအဆင်းအတက်ပြုလုပ်ပြီးသည်အထိစိတ်ရှည်စွာဖြင့်စောင့်ပေးပါရန်။

မှတ်တိုင်တွင်ခရီးသည်များအတက်အဆင်းပြုလုပ် ပြီးပါကမောင်းနှင်ရမည်။ ကားမောင်းနေစဉ်ဆေးလိပ်၊ကွမ်းယာ၊အရက် ဘီယာ၊မူးယစ်ဆေးဝါးများမသုံးစွဲရန်။

ကားမောင်းသည့်အခါလောဘစိတ်ဖြင့်မမောင်းဘဲယာဉ်ပေါ်ရှိခရီးသည်များအမူအရာမပျက်စိတ်အေးချမ်းသာစွာစီးနင်းနိုင်ရန်နှင့်အချိန်မှန်စွာရောက်ရှိနိုင်ရေးကိုဦးထိပ်ပန်ဆင်ပြီးပုံမှန်အရှိန်လေးဖြင့်အန္တရာယ်ကင်းစွာမောင်းနှင်ပေးရန်။

မိမိရဲ့ယာဉ်ကြံ့ခိုင်မှု့ကိုအမြဲတမ်းစစ်ဆေးသိရှိပြီးဂိတ်စဂိတ်ဆုံးပြေးဆွဲနိုင်သည့်အရည်အချင်းနှင့် ပြည့်စုံသိရှိနိုင်ရမည်။ မိမိပေါ့ဆမှု့ကြောင့်ယာဉ်တိုက်မှု့ဖြစ်စေယာဉ်ပျက်ဆီးမှု့များ(အင်ဂျင်၊တာယာ၊ဘတ္ထရီ၊CCTVစသည့် ဖြင့်လက် ခံရ ယူ သည့်အရာ)များအားလုံးမိမိမှတာဝန်ခံ/ယူနိုင်မှု့အပြည့်ရှိရမည်။

အထက်ပါအချက်အလက်များကို မိမိလိုက်နာပြီးမောင်းမည်ဆိုပါက တလကိုလစာ ၃သိန်းကျပ်နှင့် တနေ့ လျှင် ၄ ခေါက် × ၂၀၀၀ = ၈၀၀၀ကျပ်အပြင် ထမင်းဖိုး ၂၀၀၀ကျပ် စုစုပေါင်း ၁၀၀၀၀ကျပ် ရရှိခံစားရမည်ဖြစ်ပါသည် ။လောဘ စိတ်ဖြ င့်ရှာရခြင်းမျိုးမဟုတ်ဘဲရရှိလာသည့်ရှာရငွေပေါ်မှာလဲBONUSထပ်မံချီးမြောက်ပေးပါသည်။

တလကို ၄ရက် နားပိုင်ခွင့်ရှိပါသည် ။ ၄ရက်ကျော်ပြီး ၅ရက်မြောက်နေ့ အ တွက် ၁၀၀၀၀ကျပ် ၆ရက်မြောက် ကစပြီး တ ရက်ကို ၂၀၀၀၀ကျပ်အဖြတ်ခံရပါမည်။(မှတ်ချက်။ ။ ငါသည်ခရီး သွားပြည်သူတွေထံမှယာဉ် စီးခကိုစိတ်ဖြင့် ပင်မပြစ် မှား မခိုးယူခဲ့ပါ။

ဤမှန်ကန်သော သစ္စာစကားကြောင့်ဆိုပြီးတော့သစ္စာ ဆိုနိုင်မည့် အရာလေးကို အပြန်အလှန်လေး စားမှု့လေးဖြင့်စောင့် တည်နိုင်မည့်သူကိုဦးစားပေးပါမည်)

စိတ်ဝင်စားသူများဆက်သွယ်ရန်
၀၉၄၅၆၇၀၀၁၁၅
Credit to Tun Zaw Win
Source : https://www.facebook.com/Lwin-Oo

Comments