Featured post

သေဆုံးပြီးသား ခန္ဓာကိုယ်နဲ့ မိဘတွေဆီပြန်လာခဲ့တဲ့ သမီးလေး

တစ်ခါက တောအုပ်ကလေးရဲ့တစ်ခုရဲ့ အစွန်အဖျား သစ်သားအိမ်လေးမှာနေကြတဲ့ လင်မယားနှစ်ယောက်ရှိခဲ့တယ်…။ သူတို့မှာ သမီးလေးတစ်ယောက်ရှိပြီး တစ်ဦးတည်းသော သမီးလေးမို့ မိဘတွေက တုန်နေအောင်ချစ်ကြတယ်…

သူတို့လင်မယားမှာ ယောကျာ်းဖြစ်သူက ညစောင့်အလုပ်လုပ်ပြီး မိန်းမကတော့တနိုင်တပိုင်မွေးမြူရေးလေးလုပ်တယ်..။ သူတို့သမီးလေးကတော့ ၇ နှစ် ၈ နှစ်အရွယ် ကျောင်းသူလေးပေါ့..။

တစ်နေ့မှာ ကျောင်းဆင်းချိန်ပြီးတဲ့နောက် သူတို့သမီးလေးဟာ အိမ်ကို ပြန်မရောက်လာခဲ့ပါဘူး.။.အချိန်တန်လို့ အိမ်ပြန် မရောက်လာတော့ ကောင်မလေးအဖေနဲ့အမေက စိတ်ပူပြီး သူ့တို့ သမီးလေးကို လိုက်ရှာကြတဲ့အခါ သူတို့အိမ်နဲ့ မလှမ်း မကမ်း ချောင်းလေးဘေးမှာ ပိုးထိပြီး သေဆုံးနေတဲ့ သူတို့သမီးလေးရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို တွေ့ခဲ့ကြရပါတယ်…။

မိခင်ဖြစ် သူဟာ အဲ့ဒီ နေရာမှာပဲ သွေးရူးသွေးတမ်းနဲ့ သတိလစ်သွားခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ယူကြုံးမရ ငိုကြွေးနေခဲ့ပါ တယ်… ။

ရုတ်တရက်ဖြစ်သွားတဲ့အခြေအနေကြောင့် သူတို့လင်မယားဟာ သုသာန်မှာသူတို့ သမီးလေးအလောင်းကို မြေမြုပ်ခဲ့ပြီး သည့်တိုင်အောင် သူတို့သမီးလေး သူတို့ကို ခွဲသွားတယ် ဆိုတာ မယုံကြည်နိုင်ခဲ့ပါဘူး…။

ဒီလိုနဲ့ ရက်အနည်းငယ်အကြာမှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်..။ ကောင်မလေးအဖေက ညစောင့်မို့ ညဘက်အလုပ်ဆင်းတဲ့အခါ အိမ်မှာကောင်မလေးအမေတစ်ယောက်တည်းပဲ ကျန်နေခဲ့တာပေါ့… ။

ညသန်းခေါင်အချိန်လောက်မှာတော့……. “ဒေါက်…ဒေါက်” အိမ်တံခါးခေါက်သံကို ကောင်မလေးအမေကြား လိုက်ေ တာ့်အိပ်ယာပေါ်လှဲနေရာမှ ထထိုင်လိုက်ပြီး “ဘယ်သူလဲ” သူမပြန်မေးခဲ့ပေမယ့် ဖြေသံ တစ်စုံတစ်ရာ ပြန်မကြားခဲ့ ရ ပါဘူး။ ဒါနဲ့ သူမလည်း အိပ်ယာပေါ်ပြန်လှဲနေခဲ့ပါတယ်။

“ဒေါက် ဒေါက် ” တံခါးခေါက်သံ နောက်တစ်ခါ ကြားရပြန်ပါတယ်…သူမအနည်းငယ်ကြောက်စိတ်နဲ့ တံခါးဆီသို့ေ လျှာ က်လှမ်းလာခဲ့ပြီး တံခါးကို ဖွင့်လိုက်တဲ့အခါ တံခါးနဲ့မလှမ်းမကမ်း လရောင်အောက်မှာ မတ်တပ်ရပ်နေဟန်ရှိတဲ့ အရိပ် တစ်ခုကို တွေ့လိုက်ရပါတယ်…။

သူမသေသေချာချာစူးစူးစိုက်စိုက် ကြည့်လိုက်ပါတယ်..။ “ဟင် သမီးလေးပါလား” လရောင်အောင်မှာ ရပ်နေတဲ့အရိပ်ဟာ သူမသမီးလေး ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ သူမအံအားသင့်သွားပါတယ်။

သမီးလေးမျက်နှာက အပြုံးအရွှင်မရှို ဖြူဖတ်ဖြူလျော်နဲ့ဖြစ်နေပြီး မျက်လုံးတွေကလည်း ချိုင့်ပြီး မဲနေပါတယ်..။ ဘယ်လို ပဲဖြစ်နေနေ သမီးကိုတွေ့လိုက်ရတော့ သူမပျော်သွားခဲ့တယ်…အိမ်ထဲကိုဝင်ခွင့်တောင်းနေဟန်ရှိတဲ့ သမီးလေးကို သူမ အိမ်ထဲ ၀င်ခွင့်ပေးခဲ့ပါတယ်… ပုံမှန်မဟုတ်ဘဲ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ သမီးလေးကို ထိတ်လန့်ဖို့နေနေသာသာ သ မီးေ လးသူတို့ဆီ ပြန်လာခဲ့တဲ့အတွက် သူမအရမ်းဝမ်းသာနေခဲ့ပါတယ်…။

သူမသမီးလေးကို အစားအသောက်တွေ ကျွေးလိုက်တဲ့အခါ သမီးလေးက အစားအသောက်တွေ မြိန်ယှက်စွာ စားနေ ခဲ့ပေမယ့် စကားတော့ တစ်ခွန်းမှမပြောပါဘူး။ စားပြီးတာနဲ့ သူမ သမီးလေးဟာ သူနေတဲ့အခန်းဘက်ကို လျှောက် သွားခဲ့ပါတယ်…။

သူမကတော့ မအိပ်ဘဲနဲ့ သမီးလေးသူတို့ဆီပြန်လာခဲ့တယ်ဆိုတဲ့အကြောင်းကို သူမယောကျာ်းကိုပြန်ပြောပြဖို့ ယော ကျာ်းပြန်လာတဲ့အချိန်ကို တမျှော်မျှော်စောင့်နေခဲ့ရှာပါတယ်။

နောက်နေ့မနက် သူမ ယောကျာ်းပြန်လာချိန်မှာတော့ ယောကျာ်းလက်ကိုအတင်းဆွဲပြီး သမီးလေးအိပ်နေတဲ့ အခန်းကို ဆွဲခေါ်သွားတဲ့အခါ သူမသမီးက သူမထင်သလို အခန်းထဲမှာ ရှိမနေခဲ့ပါဘူး ။။

ယောကျာ်းဖြစ်သူက “ဘာဖြစ်တာလဲ” ဆိုပြီး အံသြစွာ မေးတဲ့အခါ… “ညကသမီးလေး ကျွန်မဆီကိုလာခဲ့ တယ်…ကျွန်မ သမီးလေးကို စားစရာတွေကျွေးခဲ့တယ်… ပြီးတော့ သမီးလေး သူ့အခန်းထဲဝင်သွားတာ” ဆိုပြီး သူမယောကျာ်းကို သူမပြ န်ပြောလိုက်တဲ့အခါ ယောကျာ်းဖြစ်သူက မိန်းမကို သနားဟန်နဲ့ကြည့်ပြီး…

“သမီးလေးက မရှိတော့ဘူးလေကွာ.. ငါတို့ရှေ့မှာတင် သမီးလေးကို မြေမြုပ်လိုက်တာလေ…မင်းဘယ်လို ခံစားနေရ မယ် ဆိုတာ ငါနားလည်ပါတယ်မိန်းမရယ်..စိတ်ထိန်းပါနော် ” ဆိုပြီး သူ့မိန်းမကို နှစ်သိမ့်စကားပြောခဲ့ပါတယ်။ သမီးလေး စိတ် နဲ့ သူ့မိန်းမ စိတ်ကယောက်ကယက်ဖြစ်နေတဲ့အတွက်လည်း သူစိတ်မကောင်းဖြစ်နေခဲ့ပါတယ်..။

နောက်တစ်ညမှာတော့ သူအလုပ်မသွားရပဲ အိမ်မှာရှိနေခဲ့တယ်… သူကအစောကြီး အိပ်ယာဝင်ခဲ့ပေမယ့် သူ့မိန်းမကေ တာ့ မအိပ်ဘဲ အိမ်အောက်ထပ်မှာ သူ့သမီးအလာကို ထိုင်စောင့်နေခဲ့ပါတယ်… ဒီလိုနဲ့ ညသန်းခေါင်အကျော်မှာ တံခါးေ ခါက်သံကို စတင်ကြားလိုက်ရပါတယ်…

“ဒေါက် ..ဒေါက်..” သူမတံခါးကိုအပြေးဖွင့်လိုက်ပါတယ်…သူမသမီးလေးကတော့ တံခါးအပြင်ဘက်မှာ အရင်ရက် က လိုပဲ ရပ်နေခဲ့ပါတယ်..။

သမီးလေးကို သူမအိမ်ထဲဝင်စေခဲ့ပြီး ယောကျာ်းကို အပြေးသွားနှိုးခဲ့ပါတယ်..။ ယောကျာ်းဖြစ်သူက အခန်းမှထွက်လာပြီး သမီးဖြစ်သူကိုမြင်တွေ့လိုက်ရတော့ အံသြ၀မ်းသာစွာနဲ့ သူ့သမီးကို ပွေ့ဖက်လိုက်ပါတယ်…။

သူတို့လင်မယားက စကားတွေအများကြီးပြောပြီး မေးခွန်းတွေမေးခဲ့ပေမယ့် သူတို့သမီးလေးကတော့ စကားတစ်ခွန်းေ လးတောင်မှ ပြန်မပြောခဲ့ပါဘူး ။

ချကျွေးထားတဲ့အစားအသောက်တွေကိုသာ အငမ်းမရစားပြီး သူမအိပ်ခန်းဆီသို့သို့သာထွက်သွားခဲ့ပါတယ်..။ သူတို့ လင်မယား နှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက်ဘာမှမပြောနိုင်ပဲ တိတ်ဆိတ်သွားခဲ့ကြတယ်…။

အဲ့ဒီနောက်ပိုင်းမှာ ကောင်မလေးအဖေဟာ ညစောင့်အလုပ်ကိုလည်း နားခဲ့ပါတယ်။ ညဘက်မှာ သမီးလေး သူတို့ဆီ လာနေတာကိုပဲ သူတို့အတွက် ဖြေသိမ့်စရာမျှော်လင့်ချက်တစ်ခုဖြစ်နေခဲ့ပါတယ်..။သူဟာ ညနေတိုင်း ညနေတိုင်း သူ့ သမီးအတွက် အသားတွေ ကြိုသွားဝယ်ထားခဲ့ပါတယ်။

ညရောက်လို့ သမီးလေးရောက်လာခဲ့ရင် သမီးကို အစားကြွေးပြီး သူတို့သမီးလေးအိပ်ခန်းထဲဝင်သွားမှ သူတို့လင်မယား အိပ်ယာဝင်ကြတယ်.။ ဒါဟာသူတို့ရဲ့ ပုံမှန်အလုပ်လိုဖြစ်နေခဲ့ပါပြီ။။။ သူတို့လင်မယားလည်း အရင်လိုပဲ ပြန်ပြီး ပျော်ရွှင် လာခဲ့ပါတယ်။

ကာင်မလေးအဖေက အသားစိမ်းတွေအများကြီး ညနေတိုင်း အမြဲဝယ်နေတာကို ရွာထဲက လူတစ်ယောက်က သင်္ကာမ ကင်းဖြစ်လာခဲ့ပါတယ်..။ အဲ့ဒီလူဟာ ညဘက်မှာ တောစပ်က သူတို့မိသားစုအိမ်လေးကို တိတ်တဆိတ်လာ ချောင်းကြည့် ခဲ့တဲ့အခါ သူထင်တဲ့အတိုင်း ဖြစ်နေ တာကိုတွေ့လိုက်ရပါတော့တယ်…အဲ့ဒီလူဟာ ကြောက်ရွံထိတ်လန့်ခဲ့ပြီး မကောင်းဆိုး ၀ါးကို မွေးမြူထားတယ်ဆိုကာ ရွာထဲမှာသတင်းဖြန့်ကာ ဘုရားကျောင်းမှာရှိတဲ့ ဘုန်းတော်ကြီးနဲ့ တိုင်ပင်ပြီး ကိစ္စတစ်ခုပြု လုပ်ခဲ့ပါတယ်…။

အဲ့ဒါကတော့ ကောင်မလေးကို မြေမြုပ်ထားတဲ့ သုသာန်မှာ ကောင်မလေးရဲ့ အခေါင်းကို တူးခဲ့ကြတာပါ။။ ပြီးတော့ မပု တ်ပွဘဲတွေ့လိုက်ရတဲ့ ကောင်မလေးခန္ဓာကိုယ်ကို အလယ်ကနေ နှစ်ပိုင်းပိုင်းခဲ့ကြပြီး အခေါင်းကို သေချာပိတ်ကာ မြေပြ န်ဖို့ခဲ့ကြပါတယ်။

အဲ့ဒီည ညသန်းခေါင် ရွာထိပ်က အိမ်လေးမှာတော့… ကောင်မလေးအမေဟာ သူမသမီးအတွက် စားစရာတွေ ပြင်ဆင်ေ ပးနေခဲ့ပါတယ်။

“ဒေါက်…ဒေါက်….” တံခါးခေါက်သံကြားသည်နှင့် သူမ တံခါးကို အပြေးသွားဖွင့်လိုက်ပေမယ့် သူမသမီးလေးကို မတွေ့ခဲ့ ပါဘူး …။

သူမ မျက်လုံးကိုဝေ့၀ဲကြည့်လိုက်တော့ သူမသမီးက မြေပြင်မှာလဲနေတာကိုတွေ့လိုက်ရပါတယ်…။ သူမ အလန့်တ ကြားဖြင့် သူမယောကျာ်းကို လှမ်းအော်ခေါ်လိုက်ပါတယ်..။

သူမယောကျာ်းလည်း မိန်းမကြဖစ်သူရဲ့ အထိတ်တလန့်အော်သံကြောင့် တံခါးဝကိုအပြေးရောက်လာခဲ့တဲ့အခါ သူမြင်ေ တွ့လိုက်ရတာတော့ ခန္ဓာကိုယ်တပိုင်းပြတ်နဲ့ သူတို့ဆီရောက်လာခဲ့တဲ့ သူတို့သမီးလေးပါပဲ..။

“သမီးရယ် ဘယ်သူများ ငါ့တို့သမီးကို ဒီလိုဖြစ်အောင်လုပ်လိုက်ပြန်တာလဲ” ဆိုပြီး ဒေါသတ၀က် မျက်ရည်ကျ လျက် သူတို့လင်မယား မေးလိုက်တဲ့အခါ…

သူတို့ သမီးဆီက “ရွာ…………သား…………တွေ” ဆိုပြီး စကားသံတချို့ ထွက်လာခဲ့ပြီး မှာပဲ သူတို့မျက်စိအော က် ကနေ တဖြည်းဖြည်းခြင်း ပျောက်ကွယ်သွားပါတော့တယ်..။ သူတို့လင်မယား ဒုတိယအကြိမ်ရင်ကွဲပက်လက် ငိုကြွေး ခဲ့ကြရပြန်ပါတယ်..။

နောက်ညတွေ ညတွေ သူတို့စောင့်နေခဲ့ပေမယ့် သူတို့သမီးလေးကတော့ ပေါ်မလာတော့ပါဘူး… တစ်ပတ်လောက် အကြာ ညတစ်ညမှာ ရွာသားတွေဟာ သူတို့အိမ်လေးကို သွားချောင်းကြည့်ခဲ့ကြပါတယ်..။

အိမ်လေးဟာမီးတွေထိန်ပြီး အိမ်ထဲမှာလည်း မိသားစုသုံးယောက် ထမင်းစားနေတဲ့ အရိပ်တွေ စကားပြောနေတဲ့အသံေ တွ ကြားခဲ့ရပါတယ်။ သူတို့လည်း သူတို့လုပ်ဆောင်ချက် မအောင်မြင်ဘူးဆိုပြီး ဘုန်းတော်ကြီးကို ပြန်ပြောခဲ့ကြ တာေ ပါ့…။

မနက်မိုးလင်းတော့ တောစပ်ကအိမ်လေးကို ဘုန်းတော်ကြီးနဲ့တကွ ရွာသူရွာသားတွေ ရောက်လာခဲ့တဲ့အချိန်မှာတော့… ကောင်မလေး အဖေနဲ့အမေဟာ သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားခဲ့ကြတာဖြစ်ပြီး ပုတ်ပွနေပြီဖြစ်တဲ့ သူတို့လင်မယား ရဲ့အလောင်းတွေကိုသာတွေ့ရှိခဲ့ကြရပါတော့တယ်…။

ပြီးပါပြီ

Yin Min ( မိုမိုလေး )

Comments