Featured post
- Get link
- X
- Other Apps
အမေရီကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လ ၁၇ ရက်နေ့က ၂ လ အရွယ် သမီးငယ်လေးတဦးအား ၃၄ နှစ်အရွယ် မိခင်တဦးက မိုက်ခရိုဝေ့ မုန့်ဖုတ်တဲ့ မီးဖိုထဲသို့ ၅ မိနစ်အကြာ ကလေးငယ်ကို ထည့်ဖုတ်တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပြီး ကလေးငယ်အား ပါတ်ဝန်ကျင်မှ အချိန်မီ ကယ်တင်ခဲ့သော်လည်း အရေပြားများလောင်ကျွမ်းကာ ဆေးရုံသို့ အရောက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ မိခင်ကို ဒေသရှိ ရဲများက ဖမ်းဆီး အရေးယူခဲ့ကြသော်လည်း အမျိုးသမီးသည် သူမ၏ ကလေးငယ်ကို တမင်သက်သက် လုပ်ခဲ့ခြင်းမဟုတ်ပါ မတော်တဆ ဖြစ်ရတဲ့ ဖြစ်ရပ်တခုပါ သူမ စိတ်အရမ်း ထိခိုက်နေပါတယ်ဟု ထွက်ဆိုခဲ့ပါတယ်။
Dailymail သတင်းဌာန ဖော်ပြချက်အရ ဒီကလေးသည် သူမရဲ့ ရည်းစားဟောင်းနဲ့ ရခဲ့တဲ့ ကလေးဖြစ်ပြီး သူမ၏ ရည်းစားဟောင်းသည် သူမကို မပေါင်းပဲ နိုင်ငံရပ်ခြားသို့ ရှောင်တိမ်းသွားခဲ့ရာမှ လင်ကောင်မပေါ်ပဲ မွေးခဲ့တဲ့ ကလေးမို့ မလိုအမုန်းထားပြီး မိုက်ခရိုဝေ မုန့်ဖုတ်တဲ့ မီးဖိုထဲ ထည့်ပြီး သတ်ခဲ့ခြင်းဖြစ်ပါတယ်ဟု ဖော်ပြထားပါတယ်။
မိမိ၏ ၂ လအရွယ်သမီးငယ်အား ရက်စက်ကြမ်းစွာ မိုက်ခရိုဝေ့ မီးဖိုထဲ ၅ မိနစ်အကြာ ထည့်ဖုတ်ခဲ့တဲ့မိခင်ရဲ့ အမှုကို ဒေသရှိ တရားရုံးတခုမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး အမိန့်ချက်မှတ်ခဲ့သည် ဖြစ်ကြောင်း သိရှိရပါသည်။
Source: Sanookclip
credit; mc news biz




Comments
Post a Comment