Featured post
- Get link
- X
- Other Apps
တာချီလိတ်မြို့  ဟောင်လိတ် ရပ် ရောင်နီဦး ကစားဝင်းအတွင်း ရေနစ်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
1-5-2017 ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ကစားဝင်းအတွင်း ကလေးများ စော့ကစားသည့် ရေကန်အ တွင်း ၅ နှစ်ခွဲ အရွယ် ယောက်ကျားလေးတစ်ဦး ရေနစ်နေသည်ကို ဝန်ထမ်းတစ်ဦးက မြင်လိုက်သည်။
ဝန်ထမ်းတစ်ဦးနှင့် ဘေးပတ်ဝန်းကျင်မှ မြင်သူများမှ အမြန် ဆယ်ယူပြီး ကလေးကို ရှေးဦးစွာပြုစုခဲ့ ကြပြီး ဦးလှမိုး ၏ မိတ်ဆွေတစ် ဦးမှ ဖုန်းဖြင့်ဆက်ခါ အကူအညီတောင်းလာသဖြင့် ချက်ချင်းအမြန်သွား ရောက်ခဲ့သည်။
ကလေးအား တာချီလိတ်ပြည်သူ့ ဆေးရုံသို့ အမြန်ပို့  ဆောင်ပြီး တာဝန်ကျ ဆရာဝန် / မ များမှ အရေးပေါ်ကုသမှု များအမြန် ပြုလုပ်ပေးသော်လည်း ကလေး၏ အသက်ကို ကယ်တင်၍မရခဲ့ တော့ပါ ။ ကလေးမှာရေနစ်နေသည်မှာ ကြာနေပြီဖြစ်သောကြောင့် နောက်ကျ သွားခြင်းဖြစ်ပါသည်။ ရေကန်မှာ အနက် ကြီးမ ဟုတ်ပါ။ ကလေးဆိုတော့လည်း ခြေချော် လက်ချော်ဖြစ်သွားခြင်း ဖြစ်ပါတယ်ခင်ဗျာ ။
Source : Ko Hla Moe
Comments
Post a Comment