Featured post
- Get link
- X
- Other Apps
မိန်းမရဲတောင်ရဲ့  အလှ အပကိုစိတ်ဝင်စားလို့  သွားကြဘုရားဖူးကြ Facebookမှာ ပုံတွေ ခဏခဏတွေ့  နေရပေမယ့် အဲဒီတောင်ရဲ့ သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှား . ကျနော်စပ်စု စုံစမ်း မေးမြန်းထားသလောက်က ဒီလိုဗျို့ . .။ နာမည်က နန်းဧကရီမွှေး ဘုရင့် သမီးတော် တစ်ပါးပေါ့ အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာက ကျေးေ တာသား .ကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကို ဘုရင့် ရွေနားတော်ပေါက်ကြား အမျက်ပွားေ စခဲ့တာမဟု တ်လား ။ အမဲရိုးက ဟင်းအိုးကိုမှအားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့် .ဒီသတင်း နန်း ဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ထင်ပါရဲ့  ချစ်သူမောင်ကို စိတ်ပူ နန်းတော်က ခိုးထွက် အ ချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ်ဆိုပါတော့. . ။ ကုမ္မာရကျေးတောသားကို လက်ဆွဲ ဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေ .အခု မိန်းမရဲတောင်ရဲ အရှေ့  ဘက် ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေ ရာအဖြတ် ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့ ပေးစရာငွေက နတ္ထိ ကုမ္မာရကျေးတော့သားလေး သွေးပျက်ပြီထင်ပါရဲ့  . . အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့  ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကို မှမထောက် ကင်းခွန်တော် မဆောင်နိုင်လို့ ရာဇဝတ်ဘေးကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့ တယ်လေ.ဘုရင့်သမီးတော် နန်းဧကရိမွှေးအတွက် အားကိုးစရာ မရှိ ဘုရင့်အမျက်တော်ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကိုကုတ်တက် တောင်ရဲ့  အနောက်ဘက် ပေ၆၀ခန့် နက်တဲ့ ရေဝဲကြီးထဲ စိတ်ကိုဒုန်းဒုန်းချ အချစ်ကိုစိတ်နာ ခုန်ချလေရှာရဲ့ . .
အချစ်ကို ဦးစားပေး ငါကမောင်တော်ကို ရွေးခဲ့တာတောင် ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့  သစ္စာဖောက် ရက်တယ်တဲ့ . အစိမ်းသေလို့ မကျွတ်တဲ့ဘဝ အချစ်ကိုစိတ်နာ သူပေးတဲ့ကျိန်စာက ဒီနေရာကို အတွဲလာ ကွဲစေတဲ့ဗျာ. . . အဲဒီတောင် ကို အရင်က မိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေးလျှား မိန်းမရဲတောင်အဖြစ်ထင်ရှားခဲ့တာလေ. ထူးဆန်းတာ ကရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့ သူ့ အိပ်မက်ပေးတဲ့ နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေက မိန်းမရဲတောင်ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာ သာသ နာပြုပေးပါတဲ့ ယောက်ကော်ဘရသေ့ကြီးလည်း အိပ်မက်အရ တောင်တော်ကို လိုက်ရှာရင် တောင်တော်ရဲ့  အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်းမကြီးမှာ ကားကသူ့အလိုလို စက်ရပ်လို့ ကားပျက်သွားခဲ့တယ်ဆိုပဲ ကားဆရာက ကြိုးစားပြုပြ င်ပေမဲ့မရ ညနေညိုစောင်း ကားလမ်းဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေးတစ်ယောက်ထွက်လာတယ် ။ ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင်ဆိုတာ ဟောအခုမြင်နေရတဲ့ မြင့်မားတဲ့ေ တာင်ပေါ်ဒဲ့ စကားပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ်သွားလေရဲ့ . .ဆန်းကျယ်လှပါဘိ. ဒီစာကိုရေးနေရင်းတောင် ကျနော်ကြက်သီးမွှေးတွေတစ်ဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာ. .။ သမိုင်းအကျဉ်ပြောပြပေးသောမိန်းမရဲတောင်တော် ဂေါပက အဖွဲ့ မှ ဘကြီးမှုံအားကျေးဇူးတင်ရှိပါသည် ။
Credit:SaiNaungတောင်တန်းမြေမှမီးအိမ်ရှင်
Comments
Post a Comment