Featured post

ဖားအောက်ဆရာတော်ကြီး “မုလအိ”ဘုရား ဖူးမြော်ကြည်ညို

တောကိုဖြတ် တောင်ကိုပတ်၊ လျှိုမြောင်ချောက်များကို ခက်ခက်ခဲခဲ ကျော်ဖြတ်ကာ ကရင်ပြည်နယ် မြဝတီမြို့နယ် ပေ ၆၀၀၀ ကျော်အမြင့်တွင် တည်ရှိသော “မုလအိ ဗုဒ္ဓဆံတော်ရှင်ဘုရား”ကို ယနေ့ 11.5.2017 ၌ သွားရောက် ဖူးမြော် ကြည်ညိုတော်မူပါသည်။

လွန်ခဲ့သော နှစ် ၅၀ လောက်ကတည်းက ထိုဘုရားကို ဖားအောက်ဆရာတော်ကြီး ဖူးမြော်လိုသော ဆန္ဒတော် ဖြစ်ေ ပ်ါနေပြီး မဖူးမြော်ဖြစ်ခဲ့ပါ၊ ယနေ့မှ ဖူးမြော်လိုသော ဆန္ဒတော် ပြည့်ဝသွားခြင်း ဖြစ်ပါသည်။

မြဝတီဖားအောက်ရိပ်သာခွဲ အလှူရှင်များဖြစ်ကြသော ဦးစောမုတ်သိုလ် + သုဓမ္မသိင်္ဂီ ဒေါ်နော်ဖောဖော မိသားစု နှင့် အ မှတ် ၁၀၂၂ နယ်ခြားစောင့်တပ် အရာရှိ အရာခံ အကြပ်စစ်သည် မိသားစုတို့က ထက်သန်သော သဒ္ဓါတရား၊ ဂါရဝတ ရား တို့ဖြင့် အထူးစောင့်ရှောက်ပြီး ထမ်းစင်ဖြင့် ထမ်း၍ လိုက်ပါပို့ဆောင်ကြသည်ကို အများနတ်လူကြည်ညိုသဒ္ဓါ ပွားများနိုင်ေ စရန် မေတ္တာဖြင့် ဝေမျှအပ်ပါသည်။

Credit:ဓမ္မရတနာ

Comments