Featured post

အမေရိကန်အထူးတပ်ဖွဲ့ များဟာ မြောက်ကိုရီးယားအဓိကပစ်မှတ်များအား တိုက်ခိုက်ရန်ဟုဆို

ကိုရီးယားကျွန်းဆွယ်တွင်တပ်ချထားပြီးဖြစ်သည့် အမေရိကန်အထူးတပ်ဖွဲ့ များဟာ မြောက်ကိုရီးယားအဓိက ပစ်မှတ်များ အား တိုက်ခိုက်ရန်ဖြစ်တယ်လို့  အမေရိကန်တပ်မှူးကြီးက တရားဝင်ဖြေကြားပြောဆိုခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်ကြည်းတပ်၊ရေတပ်နှင့်လေတပ်တို့ မှအထူးလက်မရွံ့ တပ်ဖွဲ့ များအားအမြဲတမ်းနှင့် အလှည့်ကျ နှစ်မျိုးစလုံး တပ်စွဲထားပြီး ရှောင်လွှဲမရသည့်စစ်ရေးပဋိပက္ခဖြစ်ပွါးခဲ့သည့်အခါ မြောက်ကိုရီးယားတို့ ရဲ့  နျူက လီယား၊ဒုံးပျံနှင့်အခြားဖျက်ဆီးအားကြီးမားသည့်လက်နက်တို့ နှင့်ဆိုင်ရာပစ်မှတ်များအား အချိန်တိုအတွင်းတိုက် ခိုက်ချေ မှုန်းသွားရန်တာဝန်ပေးထားပြီးဖြစ်တယ်လို့ အမေရိကန်အထူးစစ်ဆင်ရေးကွပ်ကဲမှုစစ်ဌါနချုပ်(USSOCOM-United States Special Operations Command)အကြီးအကဲဖြစ်သူ ကြည်းတပ်ဗိုလ်ချုပ်ကြီး Army Gen. Raymond A. Thomas က အမေရိကန်လွှတ်တော်ရဲ့ လုံခြုံရေးဆိုင်ရာဆပ်ကော်မတီတွင် ယမန်နေ့ က အစီရင်ခံစာတင်ပြရာ တွ င်ဖြေကြားပြောဆိုသွားပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း(၈၀)ကျော်တွင် အထူးတပ်ဖွဲ့ ဝင် (၈၀၀၀)ကျော်ဖြန့် ကျက်တပ်ချထားတယ် လို့တင်ပြပြီး ကိုရီးယားကျွန်းဆွယ်တွင်တပ်စွဲထားသည့်အထူးလက်မရွံ့ တပ်ဖွဲ့ ဝင်ဦးရေ၊လက်တွေ့ လေ့ကျင့်နေသည့်အစီ အမံတို့ ကိုတော့ မဖြေကြားခဲ့ပါ။

Dr.Myo Tun

Comments