Featured post
- Get link
- X
- Other Apps
ရေမဆေးကျောက်ရှာဖွေသူများက ဝိုင်းရိုက်နှက်သဖြင့် ကုမ္မဏီကြီးကြပ် ဦးခေါင်းကွဲရခြင်းဖြစ်ပွားခဲ့သည်။ လုံးခင်းကျေးရွာအုပ်စု ဝါကျဲမှော်တွင် တောက်ပကြယ် ကုမ္မဏီ ၊ ငွေဆင်ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီ၏ လုပ်ကွက် အ မှတ်(၂) တွင် ( ၈.၇ တန် ရှိသော ကျောက်စိမ်းတုံးကြီး တွေ့ရှိသောနေရာ) အမြင့်ပေ ငါးဆယ်ခန့်ရှိသော ကျောက်ေ တာင်နံရံ ပြိုကျမှုတခု ယခုလ ၃ ရက်နေ့ ညပိုင်းက ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ ထိုပြိုကျမှုကြောင့် လုပ်ကွက်အတွင်း တရားမဝင် ကျောက်စိမ်းတူးဖော်နေသော ရေမဆေးကျောက်ရှာဖွေသူတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုသို့ပြိုကျရာတွင် ရေမဆေးကျောက်ရှာဖွေသူများမှ ပြိုကျသော မြေစာများကို ဘက် ဟိုးဖြင့်ချက်ချင်း ကော်ထုတ်ပေးရန် ကုမ္မဏီမှ လုပ်ငန်းကြီးကြပ် ဦးသန်းစိုးအား တောင်းဆိုခဲ့သည်။ ဦးသန်းစိုးမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲများလာရောက်မှ လုပ်ပေးနိုင်မည်ဟု ပြောဆိုခဲ့သဖြင့် ရေမဆေးသမားများက ဝိုင်း ရိုက်ခဲ့သည်ဟု News Watch သတင်းတွင်ဖော်ပြထားပါသည်။ ရေမဆေးသမားများ၏ ရိုက်နှက်မှုကြောင့် ကုမ္မဏီ၏ လုပ်ငန်းကြီးကြပ် ဦးသန်းစိုးမှာ ဦးခေါင်းတွင် ပေါက်ပြဲဒက်ရာရရှိ၍ ခြောက်ချက်ချုပ်ခဲ့ရသည်။ ယခုအခါ ဦးသန်စိုးမှာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရပါသည်။
News Watch သတင်းတွင်ဖော်ပြထားချက်အရ ဧပြီ ၂၆ ရက်တွင် ရေမဆေးကျောက်ရှာဖွေသူများ တရားမဝင် ဝင်ရောက်တူးဖော်ရာမှ (၈.၇) တန်ခန့်ရှိသော ကျောက်စိမ်းအရိုင်းတုံးကြီးရရှိခဲ့ပြီး ကုမ္ဗဏီမှရေမဆေးသမားများအား သိန်း (၁၅၀၀) ပေးပြီး ပြန်လည်သိမ်းယူခဲ့ကြောင်း သိရသည်။
Source : News Watch
Comments
Post a Comment