Featured post

ကြာသပတေး သားသမီး တို့ရဲ့ စိတ်နေစိတ်ထား အကြောင်း

ကြာသပတေး သားသမီး များဟာ အေးအေးဆေးဆေးနေတတ်တဲ့သူများဖြစ်ကြတယ်။ခွင့်လွတ်သီးခံတတ်ကြပါတယ် ဒါကြောင့် လူတွေရဲ့ချစ်ခင်မှုကိုလည်းတာရှည်ပိုင်ဆိုင်ထားကြတယ် ။ မဟုတ်ရင်မခံတတ်တဲ့စိတ်ရှိတာလည်း ကြာသပတေး ပါ ကိစ္စတွေကိုအမှန်တရားဘက်က ရပ်တည်ကြတယ်။ မိသားစုထဲ မှာ စကားများရန်ဖြစ်ကြရင်လည်း ကိုယ့်ဘက်ကအရင်ဆုံးကျေအေးပေးတတ်ကြတယ် အနစ်နာခံပေးတတ်တာ ကြာသ ပတေးပါ။ ကြာသပတေး များဟာ လူတွေအပေါ် မေတ္တာထားတတ်တယ် ကိုယ့်မိသားစုထဲကလူတစ်ယောက်ယောက်ကို သံယော ဇဉ်ရှိရှိနဲ့ ချစ်တတ်ပါတယ် ချစ်သောသူများကိုလည်း အနစ်နာခံပေးတတ်တယ်။ ကိုယ်ဖြစ်ချင်သောဆန္ဒကို အလွယ်တကူလက်မလျော့တတ်တာ ကြာသပတေးပါ ဖြစ်ချင်တာကို စိတ်မလောဘဲ အချိန်ေ ပးပီးအကောင်အထည်ဖော်တတ်တယ် အေးဆေးနေတတ်တယ် စိတ်တည်စွာနဲ့နေတတ်တာကြာသပတေးပါ။ ကြာသပတေး ဟာ တကယ်ခံစားလွယ်တဲ့သူများဖြစ်ကြပေမဲ့ အပြင်မှာတော့ တည်ငြိမ်စွာနဲ့နေတတ်တယ် ငိုချင်လာခဲ့ရ င်တောင် အပြင်မှာတခြုံးခြုံးနဲ့ငိုနေတာထက် ရင်ထဲမှာ ကျိတ်ပီးခံစားတတ်ကြတယ် ရင်ထဲမှာသိမ်းမထားနိုင်တဲ့ အပူဆို ရင်တော့ ဘာမှမပြောဘဲ မျက်ရည်တွေ အလိမ့်လိမ့်ကျလာတတ်တာ ကြာသပတေးပါ ။ ကြာသပတေး များဟာ သူငယ်ချင်းတွေကြားမှာ ပျော်ရွှင်စွာနဲ့လည်းနေထိုင်တတ်တယ် ကြာကြာနေမှတွေ့ဖြစ်တဲ့သူ ငယ်ချင်းများကိုလည်း အတိတ်မှာ ပျော်ရွှင်ခဲ့တာတွေကိုပြန်ပီးပြောပြတတ်တဲ့စိတ်တွေလည်း ရှိတတ်ကြပါတယ် အမှတ်တရတခုခုကို လွယ်လွယ်နဲ့မမေ့တတ်တာ ကြာသပတေးပါ။

အလုပ်ကိုဦးစားပေးတတ်ကြတယ် တခါတရံ ကိုယ်ဝါသနာပါနေတဲ့အလုပ်ကိုလုပ်နေပီဆိုရင် အိမ်မက်ထဲမှာတောင် ထည့်မက်ကြတာ ကြာသပတေးပါ ။ အလုပ်လုပ်တဲ့နေရာမှာ စိတ်ရှည်တတ်တယ် တော်ရုံတန်ရုံ ပြသနာမဖြစ်အောင်နေထိုင်တတ်ကြတယ် ။ ကြာသပတေး သားသမီးများဟာ သူများတွေရဲ့ ခင်မင်မှုကိုလည်းတန်ဖိုးထားတတ်ကြတယ် အားနာတတ်တယ် စကားပြောတဲ့နေရာ မှာလည်း အမှားကိုဆင်ခြင်သုံးသပ်ပီးပြောကြားနိုင်စွမ်းရှိတယ် ။ ကြာသပတေး များဟာ အစွဲအလန်းထားသင့်တဲ့နေရာမှာဘဲထားတယ်ကိုယ်တကယ်မကြိုက်တဲ့အရာဆိုရင် စွန့်လွတ်ရဲတ ယ် ပြန်လှည့်မကြည့်တတ်ဘူး မတွေးပူနေတတ်ဘူး။ အားနေတဲ့အချိန်တွေမှာဆိုရင်တော့ တခါတလေ မိသားစုကိုအချိန်ပေးပီး အိမ်တွင်းမှုလုပ်နေရရင်ကိုနှစ်သက်ကြပါတယ် ကြာသပတေး ဟာ အပြင်ကရုပ်သွင် မဟုတ်ရင်တောင် အတွင်းစိတ်ချစ်စရာကောင်းတာလေးကို ပိုင်ဆိုင်ထားကြတယ်။ ကြာသပတေးရဲ့ အချစ်ရေးကတော့ တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာဘဲ အစွဲအလန်းရှိနေပါတယ် ။ သူအဝေး မှာ ရှိနေရင်တောင် ပြန်လာဖို့ သစ္စာ ရှိစွာနဲ့ မေတ္တာ မပျက်စောင့်မျှော်နေပါတယ် ။

Credit: Love အတိုအစလေးများ

Comments