Featured post

ကြောက်လန့်ဖွယ် မင်္ဂလာတောင်ညွန့် ၀င်စီး ရိုက်နှက်တဲ့ ဖြစ်ရပ်

ယခု ညဘက် (၁၀ နာရီခွဲ) ၀န်းကျင်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြယာကုန်းလမ်း ၁၂၂ နှင့် ၁၂၃ လမ်းကြား အိမ်အမှတ် (၁၀၅) ( ၁၀၇) အထပ် (၈) လွာထပ်သို့ စခန်းမှ ရဲတပ်ဖွဲ့ဝင် စခန်းမှူးနှင့် မဘသ အဖွဲ့ဝင်များအပါဝင် လူဝင်မှု ကြီးကြပ်ရေးပါ လိုက်ပါလျက် လူဦးရေ အယောက် ၂၀ ခန့်နှင့် ရဲကား (၆) စီး ခန့် ရောက်ရှိခဲ့သည်။

အဆိုပါ တိုက်ခန်းအား အားလုံး လေးဘက်လေးတန် ၀ိုင်းလား၍ အဆိုပါတိုက်ခန်းတွင်း အိပ်ခန်းတွင်းမှ ဒေါ်ဝင်း ၏သမီးအား မခင်မာဝင်း ( အသက် ၃၁) နှစ်အား ကိုယ်ထိလက်ရောက်ဆွဲထုတ်ခဲ့ပြီး အခန်း၏ ဧည့်ခန်းတွင် လူစုမတ်တပ်ရပ်ခိုင်းပြီး လူတစ်ဦးချင်း၏ သန်းကာင်စာရင်း နှင့် မှတ်ပုံတင်အား အသီးသီး ထုတ်ပြ ခိုင်း၍ စစ်ဆေးလေသည်။ ထိုသို့ စစ်ဆေးစဉ်တွင် မဘသ အဖွဲ့ဝင်မှ ၄င်းတို့နှင့် အတူပါလာသော ရဲအရာရှိများကို သက်ဆိုင်ရာ မိသားစုအား သက်ဆိုင်ရာစခန်းသို့ ခေါ်သွားရန်တိုက်တွန်းလေသည်။

ရဲအရာရှိမြို့နယ်မှူးမှ ကျနော်တို့ ခေါ်သွားစရာမလိုဘူး လိုအပ်လျင် ဒီလူတွေကို လာခေါ်လို့ရပါတယ် လို့ ဆိုသည်။ ဘေးပတ်ဝန်းကျင်လူများ ၀ိုင်းဝန်းလာချိန်တွင် အဆိုပါ ရဲများနှင့် လ၀က မဘသ များ အဆိုပါ ရှစ်လွှာထပ်မှ ဆင်းသွားခဲ့ကြပြီး တိုက်ခန်း အဆောက်ဦး၏ အောက်တွင် ဒေသတွင်း ရပ်ကွက်နေ ရပ်မိရပ်ဖများ စုရုံးရောက်ရှိလာကြပြီး အဆိုပါ လူအုပ်ထဲမှ လူငယ်ယောက်ကျား (ကိုဇာနည်မောင်) အား မိုက်ကြည့် ကြည့်တာလား မင်းစောက်လုပ် ဘာရှိလဲဟု မဘသ အဖွဲ့ဝင်များမှ မေးမြန်းပြီး ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီသို့ အတွင်းလူနာအဖြစ် လွန်ခဲ့သော (၁) နာရီကျော်ဝန်းကျင် အရေပေါ်ဌာနသို့ ရောက်ရှိကြောင်း ဆက်သွယ်မေးမြန်းမှုအား အမည်မဖေါ်လိုသော သူနာပြုတစ်ဦးမှ ပြောပြသည်။

ရိုက်နက်မှုကြောင့် အဆိုပါ လူငယ်မှာ သွေးသန်ရဲနေပြီး သေချာသော ဒဏ်ရာများ ထိခိုက်မှုများကို သက်ဆိုင်ရာ ဆရာဝန်မှ ပြုစုကုသပေးလျက်ရှိကြောင်း သိရသည်။ သက်ဆိုင်ရာ ရပ်ကွက်အတွင်းဝန်းကျင်မှာတော့ လူစုရုံးမှု ဖြစ်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်ကားများ ထပ်မံရောက်ရှိနေပြီး အခြေနေကို စောင့်ကြည့်နေကြသည်။ မင်္ဂလာတောင်ညွန့်ရဲစခန်းသို့ မည်သို့ ဖြစ်၍ သွားရောက်စစ်ဆေးမှုများ ယခုလို ရိုက်နှက်မှု ဖြစ်ကြသည်ကို မေးမြန်းရာ တာဝန်ခံ လူကြီး မရှိ၍ ဖြေကြားခွင့် မရှိကြောင်း အကြောင်းပြန်ပါသည်။

ဂိုလ်ရှယ်လေး မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

Comments