Featured post
- Get link
- X
- Other Apps
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီက နိုင်ငံတကာအချက်အလက် ရှာဖွေရေးကော်မရှင်စေလွှတ်မယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက် လို့် ဥရောပသမဂ္ဂနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား သဘောထား ကွဲလွဲခဲ့တယ်လို့ သိရပါတယ်။
အဲဒီကော်မရှင်လွှတ်မယ့် ဆုံးဖြတ်ချက်ကို မိမိတို့သဘောတူညီခြင်း မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်မှာ အမှန်ပကတိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ လို က်လျှောညီထွေ မဖြစ်လို့ပါပဲ။ ဒေါက်တာ ကိုဖီအာနန်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချ က်တွေ ကိုေ တာ့ ကျမတို့အပြည့်အဝ လက်ခံပါတယ်။
ဘာကြောင့်လဲဆိုတော့ သူဦးဆောင်တဲ့ကော်မရှင်က ပြသနာဖြစ်ခဲ့တဲ့ နေရာဒေသကို သွားရောက်စုံစမ်းပြီး ပကတိ တွေ့ ရှိချက်တွေပေါ် အခြေခံကာ အကြံပေးတင်ပြခဲ့တဲ့ အချက်တွေ ဖြစ်လို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောကြား ခဲ့ ပါတယ်။ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံတင်ပြချက်တွေဟာ ဒေသရဲ့ ပကတိလိုအပ်ချက်ေ တွနဲ့ကိုက် ညီရင် မိမိတို့ လိုလိုလားလား လက်ခံမှာဖြစ်ပါတယ်။ ဒါပေမယ့် “အဲဒီထောက်ခံတင်ပြချက်တွေဟာ ရခိုင်ပြည်နယ်က ဒေ သခံအသိုင်းအဝိုင်း ၂ ခုအကြား ပိုမိုခွဲခြားရာ ကျရောက်မယ်ဆိုရင်တော့ ကျမတို့လက်ခံမှာ မဟုတ်ပါဖူး။
ဘာကြောင့်လဲဆိုတော့ အဲဒီ အဆိုပြုချက်ဟာ စဉ်ဆက်မပြတ် ပေါ်ထွက်နေတဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ် လို့ပါပဲ” လို့ ပြောသွားပါတယ်။ ဥရောပကော်မရှင် ဒု ဥက္ကဌ မိုဂေရိနီ က အခုလို မြန်မာပြည်ကို လူ့အခွင့်အရေးကောင်စီက နိုင်ငံတကာ အချက်အလက် ရှာဖွေရေးကော်မရှင် လွတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား သဘောထားကွဲလွဲမှု ရှိပေမယ့် “ မြန်မာပြည်အတွက် အတူတကွ ရှေ့ဆက်လက်တွဲဆောင်ရွက်ကြဖို့ လိုအပ်တယ်ဆိုတာကို ကျမတို့အကြား အပြည့်အဝ သဘောတူခဲ့ကြပါတယ်။ အချက်အလက်ရှာဖွေရေးကော်မရှင် စေလွတ်မယ့်ကိစ္စက အတိတ်က အဖြစ်အပျက်တွေအပေါ် အခြေခံတဲ့ ဆုံးဖြတ်ချ က်ဖြစ်ပါတယ်။ ကျမတို့က အခု ကိုဖီအနန်ရဲ့ ထောက်ခံတင်ပြချက်တွေကို လိုက်နာအကောင်အထည်ဖေါ်မှု အပါအဝင် အနာဂတ်အတွက် အာရုံစိုက် လုပ်ဆောင်ကြဖို့ သဘောတူခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Source: RFA
Comments
Post a Comment