Featured post
- Get link
- X
- Other Apps
ဒါက ဆိုင်ကယ် နဲ့ ခိုးထုတ်တာ ခိုးထုတ်တယ်လို့ ပြောမနေတော့ပါဘူးလေ မဟာမြိုင်တောထဲမှာကို ဈေးသတ်မှတ်ပြီး အတိအလင်းကိုရောင်းနေတာပါ။ ဘယ်သူတွေနဲ့ဘယ်လိုပိုငနေသလဲဆိုတာ တွေးကြည့်ရုံပါပဲ။ ဆိုယ်ကယ်နဲ့လာဝယ်တယ်။ ကားကြီး ကားငယ်နဲ့ လာဝယ် တယ်။ မဟာမြိုင်ကို သူ့ပထွေးဘက်ကပါလာလို့ ရထားတဲ့အမွေပစ္စည်း မှတ်နေတယ်ထင်ပါရဲ့။ တိုင်းပြည်ကောင်းအောင် အထက်ကဘယ်လောက်လုပ်လုပ် သယံဇာတ တွေ ကို ဘယ်လိုဘယ်ပုံ ထိန်းသိမ်းနေပါတ ယ် လို့ ဘယ်လိုပင်ပြောပြော ပလပ်စတစ်နဲ့အမှိုက် ကောက်သူတွေကကောက်တယ်။
သစ်တွေ စိုက်နေသူတွေကလည်း တစ်ချက် တစ်ချက်တော့ ထ ထ စိုက်တယ်။ ဒါပေမယ့် ဒီတိုက်းပြည်မှာကတော့ အရင် စစ်အာဏာရှင်လက်ထက်က သူခိုးတွေ နဲ့ နောက်ပေါက်သူခိုးတွေကတော့ ခိုးမြဲ ခုတ်မြဲ ပေါင်းစားမြဲဆိုတာ လက်တွေ့ ပါပဲ။ ဆိုင်ကယ်တစ်စီး ညအချိန်မတော် ဒီလို သစ်မလန်းတွေ သယ်ပြီး တောထဲကပြန်လာရင် ရဲ နဲ့ သစ်တောတွေက အသင့် လမ်းတွေကစောင့် လိုင်းကြေးတောင်းစားနေတာ နေ့စဉ်ပါပဲ။ လိုင်းကြေးက ဆိုင်ကယ်တစ်စီးကို နှစ်ကနေ ငါးထောင်အ ထိတောင်းပါတယ်။
အပေးအယူမတည့်ရင်တော့ဖမ်းပါတယ်။ တစ်ရက်ကိုဆိုင်ကယ်အစီး ရေ ၇၀ နဲ့ ၁၀၀ ကြားမှာရှိပါတယ်။ ဆိုတော့ ၁၀ ဘီး ၈ ဘိန်း ၁၂ ဘီး ကားကြီးတွေ ဆိုရင် ဘယ်လောက်ရလို့ ဘယ်သူတွေ ခပ်မြန်မြန်ချမ်းသာသွားမလဲဆိုတာ တွေးကြည့်ေ ပတော့။ သေချာတာကတော့ ပြေးကြည့်တာနဲ့ ပိုမှန်ကန်လိမ့်မယ်။ အခုဆို မဟာမြိုင်တောအလယ် ဘေးပတ်လည်တွေမှာ သစ်ခု တ်သူတွေ ဝါးခုတ်သူတွေ ကားသမား ဆိုင်ကယ်သမားတွေနဲ့အတူ မူးယစ်ဆေးတွေလည်း ပေါများလာနေတာဟာ ကေ လး မင်းကင်း တန့်ဆည် ရေဦး ဒီမြို့တွေအတွက်တော့ တကယ့်ကို အန္တရာယ်နဲ့နီးကပ်လာနေတာအမှန်ပဲ ဖြစ်ပါတယ်။
တောတွေပြု န်းတော့ သဘာဝဘေးဒဏ်တွေ ကိုခံရမှာဖြစ်ပြီး မူးယစ်ဆေးရောင်းချမှုတွေ များပြားလာရင် လူငယ်တွေဟာ မူးယစ်ဆေးကျွန်တွေဖြစ်ဘာပြီး မိသားစုတွေနဲ့အတူ လူ့ပတ်ဝန်း ကျင်ကို အဆိုးရွားဆုံးထိခိုက်လာစေမှာဖြစ်ပြီး လူငယ်ေ တွရဲ့ အနာဂတ်ဟာလည်း ဆျုးဆိုးရွားရွားနစ်နာလာစေမှာအမှန်ပါပဲ။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ဒေသတစ်ခုတိုးတက်ဖို့ တရားဥပဒေစိုးမိုးမှုရှိဖို့နဲ့ တရားဥပဒေအတိုင်းထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မယ့်နေ့ကို ဒေသခံပြည်သူတွေကရင်တထိတ်ထိတ်နဲ့ စောင့်နေကြောင်းစစ်ကိုင်းတိုင်း ဝန်ကြီးချူ ပ်သိအောင် ပြည်သူ့အစိုးရ သိအောင် တင်ပေးလိုက်ရပါတယ်။ fri တွေလည်း တက်နိုင်တပဲဘက်က share လိုက်ပါလို့။ ။
ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
21″5″2017
Zaw Win Naing
Comments
Post a Comment