Featured post

ကလောမြို့နယ်တွင် မိန်းကလေး ၁ ဦး လက်ကိုင်ဖုန်းထဲ လျှပ်စီးဝင်သေဆုံး

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ကလောမြို့နယ်ထဲမှာ တောင်ယာအပြန်လမ်းက အမျိုးသမီးတစ်ဦး မိုးမိရင်း ခါးကြားမှာ ထိုးထားတဲ့လက်ကိုင်ဖုန်းကနေ လျှပ်စီးပါ လျှပ်တဲ့အတွက် ဓာတ်လိုက်သေဆုံးကြောင်း သိရပါတယ်။

မေလ ၉ ရက်နေ့ ညနေ ၅ နာရီလောက်က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ပင်မှီကျေးရွာအုပ်စု မွေတော်ကျေးရွာမှာနေ ထိုင်တဲ့ မထွေးညို အသက်(၂၄) နှစ်သာရှိပြီး ပအိုဝ်းတိုင်းရင်းသူလေး ဖြစ်ကြောင်း သိရပါတယ်။ “ကျနော်တို့လည်း တောင်ယာထဲကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ လိုက်သွားကြတယ်။ ကျနော်တို့တွေ့တော့ သူ့ ခါးအောက်ပိုင်းမှာ မီးလောင်ရာနဲ့၊ ဟွာဝေးဖုံးအနက်ရောင် မှန်လည်းကွဲသွားတယ်။ မီးလည်းကျွမ်းသွားတယ်။

အမှန်တော့ မိန်းကလေးက ယာခင်းကနေ ပြန်လာပြီးပြီ။ ဒါပေမယ့် သူကပေါက်ပြား ကျန်ခဲ့လို့ ဆိုပြီး တခါပြန်သွားယူ တ ယ်။ လက်က ပေါက်ပြားကိုင်ပြီး လက်ကိုင်ဖုန်းကိုတော့ ခါးကြားမှာထိုးလာတယ်တဲ့ လက်ကိုင်ဖုန်းထဲ လျှပ်စစ်ဓာတ်စီးဝ င်ပြီး ဓာတ်လိုက်သေဆုံးသွားတယ်လို့ သူကြီးကပြောပါ တယ်”ဟု လူမှု ကူညီရေးအဖွဲ့နဲ့ လိုက်ပါသွားတဲ့ ခွန်သန်းအော င်က ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက မိန်းကလေးရဲ့အလောင်းကို အောင်ပန်းဆေးရုံကို ကူညီပို့ဆောင် ပေးခဲ့ပြီး ဘယ်နေ့သဂြိုဟ် မလဲတော့မသိရသေးပါ။

credit:sunthit.com

Comments