Featured post

မြ၀တီမြို့တွင် ဓါးနှင့်ထိုး၍ဆိုင်ကယ်လုယူသွားသူဇတ်မင်းသားအား ဖော်ထုတ်ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ဆိုင်ကယ်တက္ကဆီ မောင်းနှင်သူတစ်ဦးအား ဓါးနှင့်ထိုး၍ဆိုင်ကယ်လုယူခြင်းဖြစ် ပွားခဲ့သ ည်။ ဧပြီလ ၂၉ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဓါးဖြင့်ထိုး၍ ဆိုင်ကယ် လုယူထွက်ပြေးသွားကြောင်း သတင်းအရမြ၀တီ မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး ကိုကိုနိုင် ဦးစီးအဖွဲ့ဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။

ဓါးဖြင့်အထိုးခံရသူမှာ နိုင်ဝင်း၊၄၃နှစ်၊ မဲကနယ်ကျေးရွာ၊မြ၀တီမြို့နယ်နေသူဖြစ်ကြောင်းသိရပြီး ၀ဲလက်မ ပြတ်ရှဒဏ်ရာ၊ ယာနို့အုံထိုးသွင်းဒဏ်ရာ၊ ယာဘက် နို့အုံနှင့် ပုခုံး အကြားထိုးသွင်းဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ သဖြင့် မြ၀တီခရိုင် ဆေးရုံကြီး သို့ ရဲဆေးစာဖြင့် တင်ပို့ထားခဲ့သည်။ ထို့နောက်ဆိုင်ကယ်လုယူထွက်ပြေးသွားသူအား အဖွဲ့များ ခွဲ၍ပိတ်ဆို့စစ်ဆေးခဲ့ရာ ရဲအုပ် မျိုးကျော်ဦးစီးအဖွဲ့မှ ပြစ်မှုကျူး လွန်သူရဲလင်းအောင်(ခ)သားကြီး၊( ၂၂နှစ် )၊(ဘ)ဦးအောင်နိုင်၊ ဇာတ်မင်းသား၊ ဇောတိကလမ်း၊ဇေယျာသီရိ (၃)ရပ်ကွ က်၊မြိတ်မြို့၊ နေသူအားလုယူသွားသောဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆေးပေါ်ပေါက်ချက်အရ ပြစ်မှု ကျူးလွန်ရာတွင်အတူပါဝင်သူ အောင်စိုးမိုး (ခ) စိုးမိုး(၅၄နှစ်) ရွာလွတ်ကျေးရွာ၊ ဘီ လူးကျွန်းကျေးရွာအုပ်စု၊ ချောင်းစုံမြို့နယ်၊မွန်ပြည်နယ်နေသူအားမြ၀တီမြို့၊ဖားခြောက်ကောင်ဘုန်းကြီး ကျောင်းဝ င်းဇ ရပ်အနီးမှဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ ရဲလင်းအောင်(ခ)သားကြီးနှင့် အောင်စိုးမိုး(ခ)စိုးမိုးတို့နှစ်ဦးမှာ အခင်းဖြစ်နေ့က မြဝတီမြို့န ယ် မဲကနယ်ကျေးရွာမှ ဆိုင်ကယ်တက္ကစီတစ်စီးအား ဌါးရမ်းလာပြီး အခင်းဖြစ်နေရာအရောက်ဆိုင်ကယ်တက္ကစီသမား ၏ ရင်ဘက်အား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်အား လုယူထွက်ပြေးခဲ့ကြောင်းစစ်ဆေး ပေါ်ပေါက်သဖြင့်ဆိုင်ကယ်လုယက်မှု ကျူးလွန်သူနှစ်ဦးအား မြ၀တီရဲစခန်းတွင် (ပ)၄၁၅/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ဆက်လက် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Source : Seint Thu / ချမ်းချမ်း

Comments