Featured post

“အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်​အထိ ကြိတ်ပြီးထွက်ပြေးတဲ့ကား ဖမ်းမိသွားပါပြီ”᠌᠌᠌

ပဲခူးမြို့ မီးရထားဂုံးအဆင်းတွင် အော်တိုဆိုင်ကယ် နှင့် အာရဖက်ကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ပွဲချ င်းပြီးသေဆုံးခဲ့သည်အထိ ကြိတ်ပြီးထွက်ပြေးတဲ့ကား ဖမ်းမိသွားပါပြီ ဟုသိရသည်။

29.5.2017 ရက်နေ့ မနက် ၁၀:၁၂ မိနစ်ခန့် ဘူတာဂုံးထိပ်မှာ အော်တိုဆိုင်ကယ် အမျိုးသမီးနှစ်ဦး မောင်းနှင့်လာေ သာဆိုင်ကယ်မှာ အာရဖက်နဲ့ချိတ်ကာ လမ်းပေါ်အကျမှာ အနောက်မှ ရေခဲတင်ဆောင် လာသော ဖောကားမှကြိတ်ပြီး ထွက်ပြေးသွားခဲ့သည်။ ဆိုင်ကယ်မောင်းလာသူ မိန်းကလေးမှာ နေရာတွင် ပွဲချင်း ပြီးသေဆုံးခဲ့ပါသည်။

ထွက်ပြေးသွားသောကားက ရပ်ကွက်ကြီး ၄ ထဲ သွားပုန်းနေတာ လူရောကားရော မိပါပြီ ပဲခူးမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ့ဝင်များ မိုးထဲရေထဲမှာ ကြိုးစားပြီး ဖမ်းဆီးပေးနိုင်ခဲ့ပါပြီ။

ကျော်မင်း
နိုင်နိုင်အောင် အမှတ်တမဲ့ မှတ်တမ်း
ကျိုက်မရော / မုဒုံ သတင်းစုံ

Comments