Featured post

အမျှဝေပေးပါ..။ (ဖြစ်ရပ်မှန်) (ကြောက်တတ်သူများ မဖတ်ရ)

ကျွန်မတို့ မိသားစုက မိုးကုတ်မှာ နေတယ်လေ။ ကျွန်မ မိုးကုတ်သူမို့  လန့်မသွားပါနဲ့ ။ ကျွန်မ ဓား နဲ့ မထိုးတတ်ပါဘူး( ဟက်ဟက် အပျော် အနေနဲ့ စတာပါ)။ ကျွန်မ နာမည် ချယ်ရီပါ။ ကျွန်မ တို့ ကမောင်နှမလေး ယောက်ရှိတယ်။ ကျွန်မက အကြီးဆုံးပေါ့ ။ကျွန်မ မူလတန်း အရွယ်မှာ အဖေနဲ့ အမေ အဆင်မပြေမှုကြောင့် ကျွန်မတို့  မောင်နှမတွေ မိတကွဲ ဖတကွဲနဲ့ နေရတယ်လေ။ မှတ်မှတ်ရ ရ ၂၀၀၀ ခုနှစ်မှာ ကျွန်မ မူလတန်းအောင် အလယ်တန်း တက်ဖို့ ကျောင်းခဏ နားချိန် မှာပေါ့ ကျွန်မ နာနာဘာဝကို တွေ့ မြင်ခဲ့ရတယ်။ အထက်မှာ ပြောခဲ့သလို ကျွန်မ တို့က broken family ဆိုတော့ အမေက အမေ့ရဲ့ အမေ ကျွန်မ ရဲ့  အဖွားတို့ နဲ့ ပေါင်း နေကြတယ်။ အဖွားရောအဖိုးရော ကျန်းကျန်းမာမာရှိပြီး ကျွန်မတို့ မောင်နှမ လေးယောက်ကို အဖေလို အမေ လို ချစ်ပေးကြတော့ သူတို့မေတ္တာ ရိပ်အောက်မှာ ကျွန်မတို့  အေးမြစွာ ခို လှုံ ခွင့် ရကြတယ်လေ။ မိုးကုတ်မြို့ လေးရဲ့  ရာသီဥတုလေးကလည်း သာယာနေလေရဲ့“သမီးရေ ချယ်ရီ မန္တလေးက နင့် အဒေါ် လာတယ် အထုတ်တွေ ကူသယ်ပေးဦး ဟေ့´´ ဟု အဒေါ် ဝေဝေ မှ အိမ်ပေါက်ကနေ လှမ်းအော်၏။ “ဟာ အန်တီ လာတယ် ဝေ့ ပျော်လိုက်တာ´´ဟု အော်ကာ ချယ်ရီတစ်ယောက် အိမ်ပေါ်မှ ဆင်း ၍ သူမအဒေါ် ဝေဝေ့ ဆီသို့ ပြေးလေ၏။ ချယ်ရီမိခင်မှ အကြမ်း အိုးလေး သယ်လာကာ“ငါ့ ညီမလေး ဝေဝေ လည်း ခုမှ လာတော့ တယ်ေ နာ်´´ဟုပြောရင်း ကြမ်းပြင်ပေါ်ထိုင်လိုက်၏။ ဝေဝေမှ“ အစ်မ ကလည်း ညီမလေး မအားလို့ပါ စိတ်ကတော့ အဖေနဲ့ အမေ့ ဆီအမြဲ ရောက်ေ နတာ ´´ ဟုပြောရင်း ဝေဝေ သည် သူမ၏ အမေအို့  ပါးပြင်ကို ရှလွတ် ခနဲ နမ်းလိုက်၏။ အသက်တွေ ဘယ်လောက်ပင် ကြီးနေပါစေ သားသမီးတွေ ကတော့ မိဘတွေ မျက်လုံးထဲ မှာ ကလေးလေး သာသာပဲလေ။ အဒေါ် ဝေ လာတော့ ကျွန်မတို့ အိမ်လည်း ပွဲစည်သွားတာ ပေါ့ရှင်။ ခါတိုင်း အစောကြီး အိပ်နေကြ ကျွန်မတို့  အိမ်လေး က ည နက်မှ အိပ်ယာ ဝင်မိကြလေရဲ့ ။ ကျွန်မ မှာ လည်း ကျွန်မ မေမေ့ကို ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေချိန်…“ကလေး ကေ လး ထပါဦး ကွယ် ´´ ချယ်ရီတစ်ယောက် သူမကို လူတစ်ယောက် လှုပ်နှိုးသဖြင့် သူမ အိပ် မှုန်စုံမွှား နှင့် ထလိုက်၏။ သူမ၏ ခြေရင်း တွင် လူကြီး တစ်ယောက်ထိုင်နေ၏။ ညမှာလည်း မှောင် နေ၍ လူကြီး ၏ မျက်နှာကို သူမ သဲသဲကွဲကွဲ မမြင်ရပေ။ ထိုလူမှာ ဆံပင်တိုတို နှင့် ခန္ဓာကိုယ် တောင့်တင်းသောကြောင့် သူမေ ယာက်ကျား တစ်ယောက်ဟု ခန့်မှန်း မိလေ၏။ ထိုလူကြီးက ပင် ချယ်ရီ့အား “ကလေးမ နင့်အမေ ဒီတစ်ခေါက် ခရီးသွားရင် ၅လနဲ့ ရက်၉၀ကြာ လိမ့်မယ်ကွယ့်´´ ဟု ပြောကာ ချယ်ရီ့ ရှေ့ ပင် အငွေ့ လို လို ပျောက်ကွယ်သွားလေတော့၏။

“အမေ့ ´´ ချယ်ရီ ကြောက်လန့် ကာ လန့့် အော်လိုက်သည်။ “သမီးလေး ချယ်ရီ အိမ်မက်ဆိုးတွေ မက်နေတာလား´´ သူမ အမေမှ ချယ်ရီ့ ပါးပြင်လေးအား ခပ်ဆတ်ဆတ်လေး ရိုက် ကာ အိမ်မက်ဆိုးမှ နိုးထစေရန် နိုးလိုက်၏။ ချယ်ရီ လန့် ကာ မျက်လုံး ဖွင့် ပြီး သူမ အမေအား တင်းကြပ်စွာ ဖက်ထားလိုက်၏။ “ဒါ အိမ်မက် ပါကွယ် သမီးလေး ပြန် အိပ်လိုက်နော်´´ သူမ အမေမှ ချယ်ရီ့ ကျောပြင်လေး အား ပွတ်ကာ ချော့ သိပ်လိုက်၏။ ညသည် တဆထက်တဆ နက်လာ၏။ နေ့ လည်နေ့ ခင်းတွင် သူမတို့ မိသားစု တွေအကုန် လက်ဖက်ပွဲလေးနှင့် စကားဝိုင်းဖွဲ့ နေကြ၏။ ထိုစဉ် ချယ်ရီမှ သူမ၏ အိမ်မက်အကြောင်း သူမအိမ်သားများကို ပြောပြလိုက်၏။ “အဲ့ ဒါ ၃ လုံး ဂဏန်း ပေးတာအမ ရ´´ ဒေါ်ဝေဝေ မှ ဝါသနာ ရှင် ပီပီ သူမ အမအား ပြောပြ လို က်၏။ ချယ်ရီ မိခင် ဒေါ်ရီရီ မှ ဝေဝေ့  ခါးကြော အား လိမ်ဆွဲကာ“ကလေးတွေ ရှေ့  အလောင်းအ စားကြောင်း မပြောစမ်းနဲ့ ´´ဟု ဆုံးမ လိုက်၏။ ဒေါ်ဝေဝေ သည် ဇက်ကလေး ပုဝင်သွားကာ မျက်နှာလေး ငယ်သွားသည်။ သို့ သော်လည်း သူမ မှ “ကျွန်မကတော့ ၅၉၀ ကို ပတ်ကို ပတ်လိုက်ဦးမယ် ချဲ ပေါက်လို့ ကတော့ အမေနဲ့  တူမလေး ချယ်ရီ ကို ဘုရားဖူး လွှတ်မယ်´´ ဟု ပြောကာ ထိုင်ရာမှ ထသွား၏။ ဒေါ်ရီရီ မှာ သူမ ညီမ ဒေါ့် ဝေ ဝေ့အား ဘာမျှမပြောသာတော့ပဲ ခေါင်းတခါခါ နှင့်သာ ကြည့် နေေ တာ့သည်။ တန်ခူးလ အချိန်အခါ ဖြစ်၍ မိုးကုတ်မြို့လေး၏ နေ့ လည်နေ့ ခင်းလေးမှာ မအေးလွန်း မပူလွန်း ဘဲ နေသာထိုင်သာရှိနေသည်။ ထိုစဉ်“အမေ ရေ အမေ့ အမရေ အမ ကျွန်မ တော့ ချဲ ပေါက်ပြီတော့ ပွပြီ ပွပြီ´´ ဟု အိမ်ပေါက် မှ ဒေါ်ဝေဝေအော်၍ ဝင်လာ၏။ ဒေါ်ရီရီမှ “ဟယ် တကယ်လားညီမလေး မမ ပျော်လိုက် တာ´´ ဟု ပြုံးရယ်ကာ ပြန်ပြော လိုက် သည်။ “ငါ့တူမလေး ချယ်ရီ ဘယ်မှာ လဲ အမလေး အချစ်ဆုံးလေး လာပါဦး အန်တီ့ စီ´´ ဟု ပြောကာ ဒေါ်ဝေဝေ သည့် ချယ်ရီ့ ပါးပြင်အား ရှလွတ် ခနဲ နမ်း လိုက်၏။ အန်တီဝေသည် အိမ်ရှေ့  ပက်လက်ကုလားထိုင် တွင်ထိုင်နေသော အဖွားဆီသို့ သွားတာ “အေ မ ရေ အထုတ်အပိုးပြင်တော့  သမီး ကားလက်မှတ်ပါ ဝယ်လာတာ အမေနဲ့ တူမလေး ဘုရား ဖူး ထွက်ကြ လေ´´ ဟု ပြောကာ အဖွားလက်ထဲ အဒေါ်က ကားလက်မှတ် နှစ်စောင် ပေးလိုက်၏။

မှတ်မှတ်ရ ရ ကျွန်မတို့ မြေးအဖွားသွားဖူးမယ့် ဘုရားက အလောင်းတော်ကဿပ ဘုရားရှင့်။ ကျွန် မတို့  မိုးကုတ်မှာက ဘုရားဖူးကားတွေက ၄နာရီ ထွက်တယ်။ ကျွန်မတို့ မြို့ မှာ ဘုရားဖူးကားတွေက အိမ်တိုင်ရာရောက် လာခေါ်တယ်လေ။ ကျွန်မတို့ က မနက် ၄နာရီ ကားဆို ၃ခွဲ ကတည်းက အဆင်သင့်ဖြစ်နေအောင်အိမ်က စောင့်နေရတယ်ရှင့်။ မနက်ခင်း ဝေလီဝေလင်းမှာ အဖွားက ကျွန်မကို လာနှိုးတယ်။ အဝတ်အစားလဲ စားရသောက်ရအော င်ပေါ့ရှင့်။ ကျွန်မတို့ အိမ်က ခြံ ဆိုတော့ ကျယ်တယ်ရှင့်။ မိုးကုတ်က ရေ ရှားတော့ အိမ်မှာ ရာဝင်အိုး နှစ်လုံး ထားထားရတယ်။ အဲ့ ဒီအိုးတွေပေါ် သွပ်ပြားတင် ပြီး အိုးနှစ်လုံးထဲ မိုးရေ ခံထားရတယ်ရှင့်။ မျက်နှာ သစ်တဲ့ နေရာက အိမ်ရဲ့ တံစပ်မြိတ်အောက်လေ။ ကျွန်မတို့ မျက်နှာ သစ်ရာနေရာနှင့် မျက်နှာချင်းဆိုင်မှာ အဖိုးက ငှက်ပျောပင်လေးတွေစိုက် ထား တယ်ရှင့်။ မနက်ခင်းဝေလီဝေလင်း ကျွန်မ မျက်နှာသစ်မဲ့ နေရာကို လာခဲ့တယ်။ အမှတ်မထင် ကျွန်မ အိပ်မှုံစုတ်ဖွားနဲ့  ငှက်ပျောပင်တွေ ဘက်အကြည့်ရောက်သွားလေရဲ့ ။ ငှက်ပျောပင်များထဲမှ အလယ်ဆုံးကျသော အပင်သည် လေမတိုက် ဘဲ “ကျွီ ကျွီ ´´နှင့် ငှက်ပျောရွက်တွေ လှုပ်ခါ နေသည်။ ချယ်ရီမှ စိတ်ထဲ ဘာမှ ထားမနေဘဲ မျက်နှာသစ်ရန် ရေခပ် ၍ ထိုင်လိုက်၏။ သူမ ရေခွက်ထဲ မှ ရေ များကို လက်ခုတ်နှင့်ယူပြီးမျက်နှာသစ်ရန် မျက်နှာလေးအမော့ “အမလေးးးးအဖွားးးးး´´ဟု အော် ကာသူမ မေ့သွားလေ၏။ သူမ မေ့လဲ မည်ဆိုလျှင်လည်း မေ့လဲချင်စရာပင်။ သူမတွေ့ မြင်လိုက်ရသည်က သူမရှေ့ ငုတ် တု တ်ထိုင်နေသော အဖွားကြီးတစ်ယောက်။ အဖွားကြီးမှာ ဆံပင်များ ဖားလျား ချ၍ အလယ်ခွဲထား၏။ သူမ ဆံပင်များ မှာ တစ်ခေါင်း လုံး ဖွေးေ ဖွးဖြူနေ၏။ မျက်နှာတွင်လည်း ပါးရည် နာရည်များ တွန့့် လိမ်နေကာအလွန်ပင် အိုစာနေ၏။ သူမ သည် ချယ်ရီ့ အား ငုတ်တုတ်ထိုင်၍ မေ့း ထောက်ကြည့်နေခြင်း ဖြစ်သည်။ ချယ်ရီတစ်ယောက် အိမ်အောက်တွင် သတိမေ့နေ၍ တအိမ်သားလုံးနိုးကာ ချယ်ရီ့အားပွေ့ ချီပြီး ဘု ရားခန်း ခေါ်လာခြင်း ဖြစ်သည်။ “အဟီးးးးဟီးးးး အဖွားးးသမီးသရဲခြောက်ခံရတာ´´ဟု ချယ်ရီမှာ သူမ အဖွားရင် ခွင်ထဲ ခေါင်းအပ် ကာ အော်ငို၏။ ချယ်ရီ့  အဖိုးမှ “မြေးလေး ရော့ ပရိတ်ရေ လေး သောက်လိုက်နော်´´ ဟုပြော ကာ ပရိတ်ရေ ခွက်လေး လှမ်းပေးလိုက်၏။

ချယ်ရီ့ ကို ထိုသို့ ပေးပြီး အဖိုးမှ“ အိမ်းးးးတကယ်တော့ ငါ့အပြစ်တွေပါကွာ´´ဟုပြောပြီး ကြမ်းပြ င်ပေါ် ထိုင်ချလိုက်သည်။ “ငါ့မြေးလေး ကိုခြောက်တာ တခြားမဟုတ်ဘူး အဖိုးရဲ့ အမ ပါ။ အဖိုးက အမကို ချစ်လွန်း တော့ သူ ဆုံးလည်း ထမင်းလေး တနပ်ဖြစ်ဖြစ် ကျွေးချင်တာလေ။ သူကြိုက်တတ်တဲ့ ထမင်းဆီစမ်း နဲ့ ကြက်ဥကြော်ကို အဖိုးက ညတိုင်း အဲ့ ငှက်ပျောပင်နား သွား သွားကျွေးတာပါ အဖိုးအမကို အဖိုး မခွဲနိုင်သေးဘူး ´´ဟုပြောကာ ခေါင်း ကြီး ငိုက် စိုက်ကျသွား သည်။ ချယ်ရီမှ ကြောက်စိတ်တွေပြယ်ပြီး ဝမ်းနည်းလာကာ သူမ အဖိုးကို ဖက်လိုက်၏။ ချယ်ရီမှ“အဖိုး မှန်ပါတယ် အခု အဖွားက သမီး ကို ခြောက်တယ်ဆို တာ အမျှ လိုချင်လို့ နေမှာပါ သမီးတို့  ဘုရား ဖူးသွားရင်း အဖွား အတွက်ကုသိုလ်ကောင်း မှု ပြုလုပ်ခဲ့ပါ့မယ်´´ ဟုပြော လိုက်၏။ အဖိုးမှာ ရင်ခွင်ထဲ က စကားတတ်သော မြေးမလေးအား ခပ်ဖွဖွလေး နမ်းလိုက်၏။ “ကဲ မြေးရေ သွားစို့  ဘုရားဖူးကားလာပြီ´´ ဟုပြောကာ အဖွားမှ အိမ်ပေါ်က ဆင်းသွား၏။ ချယ် ရီမှာ လည်း အပြုံးရိပ်လေး များသမ်းကာ ဘုရားဖူး ကားပေါ် သူမအဖွားနှင့် အတူ တက်လိုက်သည်။ ဘုရားဖူးကားမှာ လည်း သူ၏ ခရီးစဉ်အား ငြိမ့်ငြိမ့်ညောင်းညောင်း ဖြတ်သန်းလျက်… ချယ် ရီ့ ရင် ထဲမှ တော့“စိတ်မပူပါနဲ့ အဘွား အဘွားအတွက် ကုသိုလ်ကောင်းမှုတွေပြုခဲ့ပါ့မယ်´´ဟု သူမ ဘာသာ တီးတိုးလေး ပြောကာ လမ်းဘေးဝဲယာက တရိပ်ရိပ် ကျန်ခဲ့သောသစ်ပင်စိမ်းစိမ်းလေး များ ကို ကြည့်၍ အပြုံးချိုချိုလေး ချွေချ လိုက်တော့သည်။ ကြိုးစားပါဦးမည်။ ဖြစ်ရပ်မှန်အား ရေးဖွဲ့ ထားပါသည်။ chat box တွင် လာပြောပြသော မမ အား admin များကိုယ်စား ကျွန်မ ပန်ဒိုရာ မှ ကျေးဇူးတင်ပါသည် ရှင့်။

Comments