Featured post
- Get link
- X
- Other Apps
အသက် ၁၄၆ နှစ်ရှိပြီလို့ဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံမှ အဘိုးအိုဟာ ဂျာဗားကျွန်းအလယ်ပိုင်းက ၎င်းရဲ့ကျေးရွာလေးမှာ ကွ ယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဆိုဒီမက်ဒ်ဂျိုလို့ အမည်ရှိပြီး အဘိုးဂိုတိုလို့လည်း ရွာခံတွေက ခေါ်ဝေါ်ကြတဲ့ အဆိုပါ အဘိုး အိုရဲ့ စာရွက်စာတမ်းတွေအရ ၎င်းဟာ ၁၈၇၀ ပြည့်နှစ် ဒီဇင်ဘာလမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ သို့သော် အင်ဒိုနီးရှားနိုင်ငံက မွေးစာရင်း တရားဝင်မှတ်ပုံတင်သွင်းမှုကို ၁၉၀၀ ပြည့်နှစ်မှသာ စတင်ခဲ့ပြီး ထိုကာလမ တိုင်မီက မွေးစာရင်းမှတ်တမ်း အမှားအယွင်းများရှိခဲ့ရာ အဘိုးအို ဆိုဒီမက်ဒ်ဂျိုရဲ့ မွေးဖွားခုနှစ်ဟာ အငြင်းပွားဖွယ် ဖြ စ်နေခဲ့ပါတယ်။
အင်ဒိုနီးရှား တာဝန်ရှိသူတွေကတော့ အဆိုပါ အဘိုးအိုက ပေးအပ်ခဲ့တဲ့ စာရွက်စာတမ်းတွေနနဲ့ ၎င်းနဲ့ တွေ့ဆုံမေးမြန်း မှုတွေအရ အဘိုးအိုရဲ့ မှတ်တမ်းတွေဟာ မှန်ကန်တယ်လို့ ပြောပါတယ်။ အဘိုးအိုဟာ နေမကောင်းဖြစ်မှုကြောင့် ဧပြီ ၁၂ ရက်မှာ ဆေးရုံတင်ခဲ့ရသေးပြီး ၆ ရက်အကြာမှာ ဆေးရုံဆင်းခဲ့တာ ဖြစ်ပါတယ်။ “ဆေးရုံကနေ ပြန်ရောက်ပြီးကတည်းက အစားတစ်ဇွန်းလောက်နဲ့ ရေအနည်းသာ စားသောက်တော့တယ်” လို့ ၎င်း ရဲ့မြေးတော်စပ်သူ ဆူယန်တိုက BBC သတင်းဌာနကို ပြောပါတယ်။ “နောက်နှစ်ရက်ကြာတော့ ဘာမှ မစားမသော က်တော့တာ ဆုံးပါးသွားချိန်အထိပဲ” လို့ ဆူယန်တိုက ဆက်လက် ပြောပါတယ်။ BBC က အဆိုပါ အဘိုးအိုနဲ့ ယမ န်နှစ်အတွင်း တွေ့ဆုံမေးမြန်းမှုမှာ ယခုလောက်အထိ အသက်ရှည်ရှည်နေနိုင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းခဲ့ဖူး ပါတယ်။
အဘိုးအိုက ၎င်း အသက်ရှည်ရှည်နေနိုင်ခြင်းရဲ့ အဓိကအချက်ဟာ လောဘစိတ်နည်းပြီး ၎င်းကို ချစ်ခင်သူတွေရှိခြင်းေ ကြာင့်လို့ ဖြေကြားခဲ့ပါတယ်။ အသက် ၁၄၆ နှစ်ရှိပြီဆိုထားတဲ့ အဘိုးအိုဟာ ကွယ်လွန်ချိန်အထိ ဆေးလိပ်အလွန်သော က်သူဖြစ်ပြီး ဇနီး ၄ ဦး ရှိခဲ့ပါတယ်။ ၎င်းဟာ မွေးချင်းညီအစ်ကိုမောင်နှမ ၁၀ ရှိကြောင်း သိရပါတယ်။ အဘိုးအိုဟာ ၎င်းနေထိုင်ရာ ရွာလေးမှာ ဂျပန်နဲ့ ဒတ်ခ်ျ ကိုလိုနီနယ်ချဲ့တွေကို တိုက်ထုတ်ခဲ့တဲ့ စစ်ပွဲတွေအကြောင်း ပြောပြလေ့ ရှိတာကြောင့်လည်း လူသိများကြပါတယ်။ အဘိုးအိုရဲ့ ရုပ်အလောင်းကို ယနေ့ (ဧပြီ ၁ ရက်) မှာ ၎င်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝယ်ယူထားခဲ့တဲ့ မြေနေရာမှာ မြှုပ်နှံသဂြိင်္ုဟ်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အခြေစိုက် Gerontology Research Group (GRG) ရဲ့ စာရင်းများအရတော့ အသက်အရှည်ဆုံး လူသားဖြစ်ခဲ့သူ အီတလီနိုင်ငံမှ အဘွားအို အမ်မာမိုရာနိုဟာ အသက် ၁၁၇ နှစ်အရွယ်ဖြင့် ဧပြီ ၁၅ ရက်မှာ ကွယ် လွန်ခဲ့ပါတယ်။ GRG စာရင်းအရ အဆိုပါ အဘွာအို ကွယ်လွန်ခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ် မတ်လ ၁၀ ရက်မှာ မွေးဖွားခဲ့သူ ဂျမေကာနို င်ငံမှ ဗိုင်အိုလက်ဘရောင်းက ကမ္ဘာ့အသက်အရှည်ဆုံး လူသားဖြစ်လာတယ်လို့ အသိအမှတ်ပြုထားကြောင်း သိရပါတ ယ်။
Source & Photo: BBC
Comments
Post a Comment