Featured post
- Get link
- X
- Other Apps
မုဒိန်းကျင့်ခံလိုက်ရတဲ့ အလယ်တန်းကျောင်းသူလေး သူ့ကိုယ်ဝန်ကိုလိုက်ပြီးဖျက်ချနေတယ် သတင်းကြားလို့ ချက်ခြင်းပဲ အဲ့ဒီနယ်မြို့လေးဆီကို ခရီးအပြင်းနှင်ခဲ့တယ်..။ စိုးရိမ်စရာကောင်းတာက ကိုယ်ဝန်က ၈ လရှိပြီတဲ့.. ထုံးစံအတိုင်း အပျိုဗိုက်ကလည်းဖြစ်တော့ မိဘတွေကလည်း အခုမှ ရိပ်မိကြသတဲ့.. (အိမ်ဘေးနားက အဖိုးအရွယ်ကြီးနဲ့ ကလေးသဘာဝ သွားဆော့ရင်း ဟိုက မုဒိန်းကျင့်လိုက်တာ.. မိဘများ ကျပ်ကျပ်သတိထားစေချင်တယ်..) ဒီသတင်းကြားကြားခြင်း အမတော် ဒေါက်တာမြတ်သန့် က “ကိုစိုးထိုက် အမ ဒီအသက် ၂ သက်ကို ရအောင်ကယ်မယ်..”ဆိုတော့ ဒီကမောင်ကလည်း ကြာသလား အမရယ်ပေါ့..။
ကားရှိတဲ့ ညီငယ်နေလင်း ကို ချက်ခြင်းကားထုတ်ခိုင်းပြီး အဲ့ဒီမြို့လေးဆီ အပြေးသွားခဲ့တယ်.. အကြိမ်ကြိမ်ဖျက်ချပေမယ့် ပျက်မကျတဲ့ ဖိုးသက်ပြင်းလေးက ၈ လမပြည့်သေးဘဲ အခုဆို လူ့လောကထဲ ရောက်လာပါပြီ..။ လမပြည့်ဘဲ မွေးလာတဲ့အပြင် အကြိမ်ကြိမ်ဖျက်ချခံထားရလို့ သားလေးရဲ့ မျက်နှာမှာ ဒဏ်ရာလေးတွေပါလာတယ်.. ပိန်ပိန်သေးသေး ဒီသားငယ်လေးဟာ နားထင်တွေတောင် ချောင်ကျနေရှာတယ်..။ မျက်လုံးလေးလည်း စောင်းနေသလိုပဲ.. အိုး….ဘာပဲဖြစ်ဖြစ် ကလေးရေ.. မင်းရှင်သန်ပေးပါ..နော်..လို့ ကျွန်တော့်ရင်ထဲကနေ လှိုက်လှဲစွာပြောခဲ့တယ်..။ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ဖို့မဖြစ်နိုင်တော့တဲ့ ညီမလေးအတွက် ကျွန်တော်တို့ Single mother အိမ်လေးကို ခေါ်သွား မယ်.. သူ စာဆက်သင်ဖို့ ကျွန်တော်တို့ အစီအစဉ်ဆွဲထားတယ်..။ သူသာ ဆန္ဒရှိမယ်ဆို ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တစ်ကျောင်းကျောင်းမှာ ကျွန်တော်တို့ ကျောင်းဆက်ထားမယ်.. အတိတ်က အရိပ်မည်းကြီးကို ဖျောက်ပစ်ဖို့အတွက် သူ့ကို ပြန်ပျိုးထောင်ပေးမယ်..။ ကလေးငယ်လေးကို နို့တိုက်ရင်းငိုနေတဲ့ ဒီ မိခင်ပိစိလေးကို ကျွန်တော် ၊ ဒေါက်တာမြတ်သန့် နဲ့ ညီလေးနေလင်းတို့တွေ အားပေးစကားတွေ အများကြီး ပြောခဲ့ပါတယ်..။
ရုပ်ရှင်တွေ ၀တ္ထုတွေထဲမှာထက် ဆိုးရွားတဲ့ ဘ၀တွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိကြပါတယ်.. အကြောင်းအမျိုး မျိုးကြောင့်(လင်ကောင်မပေါ်ဘဲ) Single Mother ဖြစ်သွားရရှာတဲ့ ညီမလေးတွေအတွက် ကျွန်တော်တို့ဟာ ကေ လးမွေးတဲ့ ပရဟိတအလုပ်ကို လုပ်ပေးတယ်ဆိုတာထက် သူတို့ ဘ၀တွေ မြန်မာ့လူမှုပတ်ဝန်းကျင်မှာ ပြန်လည်ဝင်ဆံ့အောင် ကြိုးစားပေးပါမယ်..။ စိတ်ဓာတ်တွေကို ပြန်မြှင့်တင်ပေးမယ်.. ဘ၀တစ်ဆစ်ချိုးလိုဖြစ်သွားတဲ့ ဒီညီမလေးတွေအတွက် အလုပ်အကိုင်တွေ ကအစ ဖန်တီးပေးမယ်..။ ဒါကြောင့် ညီမလေးတို့ရေ.. ဖိုရယ် မရယ် လိင်ဆက်ဆံလိုက်လို့ ဗိုက်ကြီးလာတာ ဘာမှ ရှက်စရာမလို..ကြောက်စရာမလိုပါဘူး..။ ကိုယ့်ချစ်သူက တာဝန်မယူဘဲ ထွက်ပြေးသွားတဲ့အခါ ဘာမှစိတ်ဓာတ်မကျနဲ့ … စိတ်မဆင်းရဲနဲ့.. အကိုတာဝန်ယူပါ့မယ်..အကို့ဆီသာလာခဲ့ပါ..။
အကို့ဖုန်းသာ ဆက်လိုက်ပါညီမလေးတို့ရေ..
ကိုစိုးထိုက်(ဖဒို)
09976867917
Source Ko Aung Soe Oo
Comments
Post a Comment