Featured post
သုံးနှစ်နီးပါး ခိုးယူပေါင်းသင်းပြီး တိုက်ခန်းအတွင်းပိတ်လှောင်ခံရတဲ့ အမျိုးသမီးအမှု တရားစွဲဆိုခံရသူမလာလို့ အမှုမစစ်နိုင်
- Get link
- X
- Other Apps
ရန်ကုန်၊ မေ ၂၉ -သုံးနှစ်နီးပါး မိန်းကလေးတစ်ဦးကို တိုက်ခန်းအတွင်းမှာ ပိတ်လှောင်ပြီး ကာမ လိမ်လည်မှုနဲ့ တရားစွဲခံထားရသူ ဟာ ဒီနေ့ မနက် ၁၀နာရီမှာ စစ်ဆေးခံဖို့ ဗဟန်းတရားရုံးကို ရောက်မလာတာကြောင့် အမှုမ စစ်နိုင်ခဲ့ ဘူးလို့ သိရပါတယ်။
“ ဆင့်ခေါ်စာ ပို့လိုက်တယ် အကြောင်းပြန်မလာသေးဘူး။ ပုံမှန်ဆို ဒီနေ့ သူ့ကို တရားရုံးက ဆင့်ခေါ်ထားတာပါ ”လို့ တရားလို ဖြစ်သူကာယကံရှင် မသီရိအောင်တင် က ပြောပါတယ်။
ဆင့်ခေါ်စာကို တရားရုံးက စာတိုက်ကနေ ပို့လိုက်ပေမယ့် တရားစွဲခံရသူ ကိုအောင်ထွန်းဟိန်း (ခေါ်) ရှိုးတီ ဟာ တရားရုံး ကို ခုထိ အကြောင်းမကြားသေးဘူးလို့ သိရပါတယ်။
၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့ကတည်း က တရားစွဲဆိုထားတာ ဖြစ်ပြီး တရားရုံးကတော့
ဒုတိယအကြိမ် ဆင့်ခေါ်စာ ပေးပို့မယ်လို့သိရပါတယ်။
“ အဲ့ဆင့်ခေါ်စာကို ကျွန်မကိုယ်တိုင် သွားပေးမှာ အမှုကို မြန်မြန်ပြတ်စေချင်တယ် ” ကာယကံရှင်ရဲ့ မိခင် ဖြစ်သူဒေါ်သန်းသန်းဝင်း က ပြောပါတယ်။
၂၀၁၄ခုနှစ် ဇွန်လ က အသက် ၁၈နှစ်အရွယ် မသီရိအောင်တင် ကို ရည်းစားဖြစ်သူ ကိုအောင်ထွန်းဟိန်း(ခ) ရှိုးတီ က လက်ထပ်မယ်လို့ ခိုးယူခဲ့ပြီး တိုက်ခန်းအမျိုးမျိုးနေရာအမျိုးမျိုး မှာ ပြောင်းလဲထားခဲ့ပါတယ်။ သုံးနှစ်အတွင်း လက်ထပ်မယ်လို့အကြိမ်ကြိမ် ကတိပေးခဲ့ပြီး အိမ်မှာ သော့ခတ်ကာ ပိတ်လှောင် ပေါင်းသင်းခဲ့တာ အစာရေစာလည်း လုံလောက်အောင် မကျွေးမွေးခဲ့ဘူး လို့ သူ က ပြောပါတယ်။
နောက်ပိုင်းမှာတော့ လက်မထပ်နိုင်တော့ကြောင်း တစ်ခြား မိန်းမလေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတယ်လို့သူကို အသိပေးခဲ့ပါတယ်။ဒါပေမယ့် သူကိုတော့ ထွက်ခွာခွင့်မပေးဘဲ အိမ်မှာပဲ သော့ခတ်ပိတ်လှောင်ထားခဲ့ပြီး သော့မေ့ကျန်တဲ့ အချိန်မှ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ရဲစခန်းတွေမှာ အမှု ဖွင့်ဖို့ ကြိုးစားပေးမယ့် လူမှုရေးပြသနာဖြစ်တယ်လို့ယူဆပြီး ရဲစခန်းက အမှု ဖွင့်မပေးခဲ့ဘူးလို့သိရပါတယ်။
ကာယကံရှင်ဘက်က ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး အကူအညီတောင်းမှ အမှုဖွင့်ပေးခဲ့ပါတယ်။
တရားလိုဘက်က ချုပ်နှောင်မှု၊အလိုမတူဘဲခိုးယူပေါင်းသင်းမှုတွေဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၄၄၊ ပုဒ်မ ၃၆၆တို့နဲ့တရားစွဲဆိုခဲ့ပေမယ့် ခရိုင်တရားရုံး ဥပဒေအကြံပေးက ရာဇသတ်ကြီး ပုဒ်မ ၄၁၇(လိမ်လည်မှု)နဲ့သာ ကျူးလွန်မှု မြောက်တယ်လို့ဆိုကာ အာမခံ ပေးလိုက်ပါတယ်။
လက်ရှိအချိန်မှာတော့ အမှုကို ဇွန်လ ၁၂ရက်နေ့မှ ပြန်လည်စစ်ဆေးဖို့ တရားရုံးက ချိန်းဆိုလိုက်ပါတယ်။
Author – အောင်လေး
Comments
Post a Comment