Featured post

ဒွေး ရှိနေဦးမယ်ဆိုရင်မေ ၇ ရက်နေ့ ဟာ ၅၁နှစ်ပြည့်ပြီ

ပရိတ်သတ်တွေရင်ထဲ ချစ်ခြင်းအပြည့်နေရာယူထားတဲ့ အနုပညာ ကြယ်တစ်ပွင့် ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် လည်းဖြစ် အဆိုတော် လည်းဖြစ်တဲ့ အကယ်ဒမီ ဒွေး ရဲ့ မွေးနေ့ဘဲဖြစ်ပါတယ်။ အကယ်ဒမီ ဒွေး သာသက်ရှိထင်ရှား ရှိမယ်ဆိုရင် ယနေ့ မေလ ၇ ရက်နေ့ဟာ သူရဲ့ ၅၁ နှစ်ပြည့် မွေးနေ့ဘဲ ဖြစ်ပါတယ်။

လင်းလက်နေပြီး ပြည်သူ အသိအမှတ်ပြု အောင်မြင်နေချိန်မှာဘဲ အကယ်ဒမီ ဒွေးဟာ မမျှော်လင့်ဘဲ နှလုံးရောဂါနှင့် ၂၀၀၇ ခု၊ ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် ညနေ (၅) နာရီ၌၊အမှတ် (၃၄) (စီ)၊ အေးသာယာလမ်း၊ ဘောက်ထော် နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ အနုပညာ ကြယ်တစ်ပွင့် ကြွေကျသွားခဲ့ရပါတယ်။

ကွယ်လွန်ချိန်မှာ ဒွေးသည် အသက် (၄၂) နှစ်ရှိပြီး ဖြစ်ပါတယ်။ ၁၈ နှစ်ကြာပေါင်းသင်းခဲ့တဲ့ ချစ်လှစွာသော ဇနီးသည် မိုးမိုးနှင့် မွေးစားသား ဝေယံမိုး တို့ကို ကျစ်ရစ်ခဲ့ပါတယ်။ ဇူလိုင်လ (၁၀) ရက်နေ့ မှာကျရောက်တဲ့ ဇနီးသည် မမိုးမိုး၏ မွေးနေ့အပြီး နောက်တစ်ရက်တွင် သေဆုံးသွားခြင်းဖြစ်ပါတယ်။ သူ၏ချစ်ဇနီး မိုးမိုး၏မွေးနေ့အတွက် မွေးနေ့လက်ဆောင် အဖြစ် ဘယ်တော့မှမသေတဲ့ အချစ်သစ်ပင်လေးနှင့် ဘီဒိုသုံးလုံးကို လက်ဆောင်အဖြစ်ပေးခဲ့ပါသေးတယ်။

မကွယ်လွန်မီ တစ်ရက်က တစ်နေ့လုံးကားရိုက်ပြီး ညဘက်ပြန်ရောက်တဲ့ အခါမှာလည်း သူကိုယ်တိုင် တစ်ညလုံး ကား ဆက်တဲ့အလုပ်ကို လုပ်နေခဲ့ပါတယ်။ တစ်ညလုံးအလုပ်ပင်ပန်းသောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဒွေးကို ဇနီးဖြစ်သူက မနှိုးရက်ဘဲ ဆိုင်ကိုခဏသွားလေတယ်။ ယောကျာ်းရဲ့ ရှုတင်နီးနေပြီဖြစ်တဲ့အတွက်ကြောင့် အိမ်သို့ပြန်လာခဲ့ရာ အိမ်ရောက်တော့ ကိုသားကြီးက မှောက်လျက်ကြီး အိပ်နေလေသည်။ လက်ကိုကိုင်ပြီးလှုပ်နိုးတာ မရတဲ့အတွက် မသင်္ကာ၍ စိတ်ပူပြီး ခင်ပွန်းဖြစ်သူကို ကိုယ်တိုင်ကားေ မာ င်းပြီး ရွှေဂုံတိုင် အထူးကုဆေးခန်းကို သွားပေမယ့် သေပြီဆိုတဲ့ အတည်ပြုချက်သာ ရလိုက်သည်။

ဒွေးရဲ့ ဦးလေးဖြစ်သူ အကယ်ဒမီ ကျော်ဟိန်း ရဲ့လမ်းညွှန် ဆွဲခေါ်မှုကြောင့် ရုပ်ရှင်လောကထဲမှာ အောင်မြင်ခဲ့သူတစ် ဦးဖြစ်ပါတယ်။ ဗီဒီယိုကားပေါင်းများစွာ နဲ့ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ စူပါမင်းသား တစ်ယောက်ဖြစ်လာခဲ့ပါ တယ်။ ၁၉၉၇-ခုနှစ်က အမေ့ခြေရာဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်ဆု အဖြစ် အကယ်ဒမီရရှိခဲ့ပါတယ်။

ရုပ်ရှင်ကြီးပေါင်းများစွာ၊ ဗီဒီယို ကားပေါင်းများစွာ၊ ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ပါတယ်။ ရုပ်ရှင်လောကမှာ လျှမ်း လျှမ်းတောက် အောင်မြင်ခဲ့သလို ဂီတလောကမှာလည်း အောင်မြင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပါင်း အပုဒ် ၃၀ကျော် ကို သီဆိုခဲ့ပါတယ်။ ဒွေးကိုယ်တိုင် ဒါရိုက်တာအဖြစ် နောက်ဆုံးရိုက်ကူးခဲ့သောကားမှာ `နှင်းဆီမိုးတိမ်´ဖြစ်ပါတယ်

ဒွေးရဲ့နောက်ဆုံးရိုက်လက်စ ကားလေးက ဒါရိုက်တာ ချိုတူးဇော် ရိုက်တဲ့ `ကမ္ဘာတစ်ခြမ်းည´ဆိုတဲ့ ဇာတ်ကားလေးပါ၊ ဒီကားလေးကို အဆုံးမသတ်ခင် သေဆုံးသွားခဲ့တဲ့အတွက် အားလုံးက စိတ်မကောင်းကြီးစွာ ကရုဏာ ဖြစ်ကြရပါတယ်။ ရိုက်ရန်ကမ်းလှမ်းထားတဲ့ ကားတွေလည်း ရှိပါသေးတယ်။ ညီဖြစ်သူ သားညီနဲ့လည်း အခွေထုတ်ကြဖို့ စီစဉ်နေတုန်းဖြ စ်ကြောင်း သိရပါတယ်။ သူ၏ ဆန္ဒတွေ အကောင်အထည် မဖော်ရသေးခင်အချိန်၊ သူရဲ့ ပရိတ်သတ်များကို အနုပညာဖြ င့် ပေးဆပ်ရင်း၊ အနုပညာလုပ်ငန်းကို တစိုက်မတ်မတ်လုပ်ကိုင်ရင်း အားလုံးကို စောစီးစွာ ကျောခိုင်းသွားပါတယ်။ လင်း လက်နေတဲ့ ပြည်သူချစ်တဲ့ အနုပညာ ကြယ်တစ်ပွင့် ကြွေကျသွားခဲ့ရပါတယ်။

Comments