Featured post
- Get link
- X
- Other Apps
မေလ ၁ ရက်နေ့ ၅ နာရီခန့်က မန္တလေးမြို့တွင် နိုင်ငံခြားသားတစ်ဦး ကွန်ပျူတာလက်တော့အသုံးပြုရင်း သေဆုံးခဲ့သည် ဟု သိရသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ၃၆+၃၇လမ်းကြား ၅၆လမ်း အမှတ်(မရ-၁ ) ၂/၁ရှိ မန္တလေး စက်မူဖွံတိုးတက်ရေးအများပိုင်ကုမ္ပဏီရုံးခွဲ၌ နေထိုင်သည်။ အသက်(၆၅)အရွယ်ရှိ အမေရိကန်နိုင်ငံသား Mr Breynohs Bruce ဆိုသူ ကွန်ပျူတာလက်တော့ အသုံးပြုနေစဉ် သေဆုံးခဲ့ကြောင်းသိရသည်။
Mr Breynohs Bruce သည် မန္တလေးစက်မူဖွံဖြိုးတိုးတက်ရေးအများ ပိုင်ကုမ္ပဏီ၏ အကြံပေးအဖြစ် တာဝန်ယူေ ဆာင် ရွက်ရန် မြန်မာနိုင်ငံသို့ ဧပြီ ၂၈ ရက်ကရောက်ရှိခဲ့ခြင်းဖြစ်သည်။ မေလ ၁ ရက်နေ့တွင် ရုံခန်းအတွင်းရှိ ကုလားထိုင်ပေါ်တွင် ကွန်ပျူတာလက်တော့ အသုံးပြုနေစဉ်အိပ်ပျော်သွားချိန်၌ သေဆုံးသွားမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားသေဆုံးမှုနှင့်ပါတ်သက်၍ မဟာအောင်မြေမြို့နယ်အမှတ်(၉)နယ်မြေ ရဲစခန်းမှ သေမှု၊ သေခင်းအမှတ် ၉/၂၀၁၇ ဖြင့်ရေးဖွင့်ဆောင်ရွက်ထားပါသည်။
သဆုံးသူ အမေရီကန်နိုင်ငံသား Mr Breynohs Bruce ၏အလောင်းအား မန္တလေးပြည်သူဆေးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ေ ဆာင်ထားပြီး PR-၀၆ ဖြင့် စစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Source : News Watch
Comments
Post a Comment