Featured post
- Get link
- X
- Other Apps
ဒီနေ့ တနေကုန် အဆင်မပြေမှုတွေနဲ့ မတရားပင်ပမ်းနေတဲ့ကြားက အိမ်ပြန်ရောက်ရောက်ချင်း ညသန်းခေါင်ကြီး ရေး ချင်လွန်းလို့ကို ဒီစာလေးကို ရေးဖြစ်ပါတယ်။ အိမ်ပြန်ရောက်တဲ့ အချိန်က ည ၁ နာရီ ထိုးခါနီးနေပြီ။ ရုံးဆင်းပေမယ့် တခြားအလုပ်ကိစ္စနဲ့ သွားစရာရှိလို့ သွားတဲ့ လမ်း မှာ မိုးတွေကရွာ ရေတွေကလွှမ်းနေတာကြောင့် ကွန်ကရစ်လမ်းပေါ်မှာ မမြင်ရတဲ့ ထောင်နေတဲ့ အချွန်ကြောင့် ကျွန်ေ တာ့်ကားရဲ့ ညာဖက်တာယာ ရှေ့နောက် ၂ လုံးစလုံးကို ဘေးခြမ်းက ထိုးခွဲသွားလို့ ပွင့်ထွက်သွားပါတယ်။ အနီးနားက ၀ပ်ရှော့က ဘီးတလုံးငှားပြီး မိုးရေထဲမှာပဲ ရှင်းစရာရှိတာရှင်း လုပ်စရာရှိတာလုပ်ပြီးတော့ ကိုယ့်ကိစ္စကိုယ် ဆက်သွား ဆက်လုပ်ဖြစ်ပါတယ်။
ကိစ္စတွေပြီးလို့ ပြန်တော့မှ ဘီးတပါတ်လိမ့်တိုင်း တဂုတ်ဂုတ်နဲ့ အသံအကျယ်ကြီးထွက်နေလို့ ဆက်မမောင်းတော့ပဲ အော င်ရတနာဆေးရုံထောင့်နားက မီးပွိုင့်နားမှာ လမ်းဘေးထိုးရပ်ပြီး ဘာဖြစ်တာလဲ ဆင်ကြည့်နေတုန်းမှာ ဂျိမ်းကနဲ အသံ ကြားလို့ လှမ်းကြည့်လိုက်တော့ လမ်းလယ်ခေါင်မှာ ပုံထဲမှာ မြင်တဲ့အတိုင်းပဲ တစီးက မှောက်လျက် တစီးက ခေါင်းကြေေ နတာတွေ့လို့ ကိုယ့်ကားလေး လော့ချပြီး အဲ့ဒီနေရာကို အပြေးသွား လုပ်စရာရှိတာတွေ လုပ်ပေး ဆွဲထုတ်ပေးရမယ့်လူေ တွကို ဆွဲထုတ်နဲ့ အဲ့ဒီမှာ ကိုယ့်ရဲ့ ညှက်စိဗလနဲ့ မနိုင့်တနိုင်ပွေ့ချီပြီး ထုတ်ပေးလာတဲ့ ကောင်မလေးက ပထမတော့ အောက်ပိုင်းက နာတယ်ဆိုပြီး အော်ဟစ်နေပေမယ့် နောက်ကျတော့ သတိလစ်တချက် ရတချက်နဲ့ ဖြစ်နေတာ။
သူ့ကောင်လေးကလည်း ကြောင်ပြီး ကောင်မလေးကို ပွေ့ရုံပဲ ပွေ့ထားတယ်။ ဒါနဲ့ ကိုယ်လည်း မနေနိုင်တာနဲ့ ကြားဖူး နားဝနဲ့ ကြည့်ပေးလို့ ရသလောက်တော့ သူ့ခြေထောက်တွေက အကောင်း။ ဒါပေမယ့် ခါးထိသွားပုံရတယ်။ အကြော က်လွန်သွားတာလည်း ဖြစ်နိုင်ပေမယ့် သတိရတဲ့အချိန်မှာကို မတရားနာလွန်းလို့ အော်ဟစ်နေတာဆိုတော့ စိုးရိမ်ရတယ် ထင်တာပဲ။
အဲ့ဒီမှာ အဲ့ဒီကားကို မောင်းလာတဲ့ တက်စီမောင်းသမားက သူ့ရဲ့ မီးနီဖြစ်မောင်းလို့ ဖြစ်တဲ့ သူ့ရဲ့အမှားအတွက် သူ့ဖာသူ တာဝန်ယူပါတယ်။ “လူနာတွေကို ဆေးရုံမြန်မြန်ပို့ပေးပါ .. ကျွန်တော် အကုန်တာဝန်ယူပါတယ် .. ” ဆိုပြီးပြောပါတယ်။ ထားပါ သူ့ဖာသူ တာဝန်ပဲယူယူ ထွက်ပဲ ပြေးပြေး။
ဒါပေမယ့် လမ်းဟိုဖက်ကူးလိုက်တာနဲ့ အောင်ရတနာဆေးရုံရော ဆေးခန်းရော ရှိနေတာပဲလေ။ ဆေးရုံဆိုရင် အရေးေ ပ်ါဌာနတောင် ရှိသေးတယ်။ တက်စီသမားက သူ့လူနာတွေအတွက် အဲ့ဒီကို ပို့ပေးပါလို့ အကူအညီတောင်းနေပေမယ့် တဖြည်းဖြည်း ၀ိုင်းအုံလာတဲ့လူတွေထဲက တယောက်က ထပြောတယ်။
အဲ့ဒီကို ပို့လို့ မရဘူး အစိုးရဆေးရုံပဲ ရမယ်တဲ့။ ကိုယ်လည်းသိပါတယ် အဲ့ဒါကိုတော့။ ဒါပေမယ့် ကိုယ်တိုင်ကလည်း လူနာရဲ့ အခြေအနေကိုကြည့်ပြီး မျက်စိရှေ့မှာ မြင်နေရတဲ့ ဆေးရုံထဲကိုပဲ ပို့ပေးလိုက်ချင်တယ်။
ဒါပေမယ့် ရဲတွေရောက်လာတော့ တမင်မေးလိုက်မိတာပါ။ အဲ့ဒီကို ပို့လို့ မရဘူးလားဆိုတော့ သင်းတို့က ထုံးစံအတိုင်း ခပ်မာမာပဲ စံပြဆေးရုံက အနီးဆုံးပဲ အဲ့ကိုပဲ ပို့လို့ရမယ်တဲ့။ သူတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို နားလည်လို့ သူတို့ကို အပြစ်မပြောပေမယ့် အခုပြောချင်နေတာ ထောက်ပြချင်နေတာက အဲ့ဒါပါ။
အနီးနားမှာ ဆေးရုံရှိနေရက်နဲ့ ဘာကြောင့် ဒါဏ်ရာရထားတဲ့ လူနာကို အဲ့ဒီဆေးရုံတွေက ကုသခွင့် မရှိတာလဲ။ ရဲအပြော အရဆိုရင် ပို့လို့ မရဘူးတဲ့။ ဒါမှမဟုတ် ဆေးရုံတွေကပဲ ရှင်းရမှာကြောက်လို့ လက်မခံရဲတာလား။ ဘာလဲတော့ ကိုယ်လ ည်း သေချာမသိဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သေလောက်တဲ့ ဒါဏ်ရာရထားသူတယောက် အချိန်မှီ ကုသခွင့် မရရင် အဲ့ဒီလူနာက သေလိုက် ရမှ လား။ ပြောင်းလဲသင့်ပါပြီ။ မဖြစ်သင့်တော့တဲ့ စနစ်တွေကို မြောင်းထဲလွှင့်ပစ်လိုက်ကြပါတော့လားဗျာ။ ဆရာဝန်တွေရော တခြားသူတွေရော အမြင်မတော်ရင် ဒါလေးကို share ပေးပြီး ၀ိုင်းဝန်းတောင်းဆိုပေးကြပါ။ ပြုပြင်ပေးကြပါ။
ပြီးတော့ တာဝန်ရှိသူတွေ အနေနဲ့လည်း မလိုအပ်ပဲ ပိုမိုပြီး မထိခိုက် မနစ်နာရအောင် ကယ်တင်လို့ရတဲ့ အသက်တွေကို အချိန်မှီ ကယ်တင်တင်ခွင့်ရအောင် အပြောင်းအလဲလေးတခုကို ဖော်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ Credit to Nyan Lin Tun
Comments
Post a Comment