Featured post
- Get link
- X
- Other Apps
ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ရဲ့ နာမည်ကြီး မနက်စာ ရောင်းတဲ့ ဆိုင်ကို မိသားစု သွားစားပါတယ် ။ ၆သောင်းကျော် ငွေ ရှင်းရပါတယ် ။ နိုင်ငံတော်အတွက် စားသုံးသူအနေနဲ့ အခွန် ၅% ထမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဝန်ဆောင်ခ ၅% တောင်းတာကို ဘောက်ချာမှာ ထည့်သွင်းတောင်းခံပါတယ်။ (ဝန်ဆောင်မှုကလည်း သာမာန်ပါပဲ)

အဲ့ဒါနဲ့ ဘာကြောင့် ဝန်ဆောင်ခ ၅% ပေးရတာလည်းဆိုတော့ ဝန်ထမ်းက မသိပါဘူးတဲ့ ဒါဆို သိချင်တယ်။ ဘယ်လို လဲ ဆိုတော့ အထဲမှာ မန်နေဂျာရှိတယ် ။
သွားတွေ့ပါတဲ့ ကျနော်က မတွေ့နိုင်ဘူး ပြောတော့ ခဏကြာတော့ ရောက်လာပါတယ်။ ဘာကြောင့်၅% ယူတာလဲ အခွ န်က ၅% ထမ်းဆောင်ရတာ ဥပဒေအရ ပေးဆောင်ဖို့ မငြင်းပေမယ့် ၅%ဝန်ဆောင်ခက ဘယ်လိုဥပဒေအရ ဘယ်ပုဒ်မ အရ တောင်းတာလဲလို့ ကျနော် မေးပါတယ် ငွေ ၃၀၀၀ က တန်ဖိုးမရှိပါဘူး။ ဒါပေမယ့် စားသုံးသူပြည်သူအားလုံးအတွက်မေးရပါမယ် ဒီတော့ မန်နေဂျာဆိုသူက ပြန်ပြောပါတယ် ။ ဒီလိုတော င်းနေ ကျမို့ တောင်းတာပါ တစ်ခြားဆိုင်တွေလည်း တောင်းနေကြတာပဲလို့ ပြန်ဖြေပါတယ် ။ ဒီလိုဆိုရင် ကျနော်တို့ စားသုံးသူတွေအနေနဲ့ ဘာမှန်းမသိပဲ အခွန်၅% + ဝန်ဆောင်၅% = ၁၀% ပေးနေရမှာလား ?? အဲ့ဒါနဲ့ ရှင်းအောင်ထပ်မေးရပါတယ် ။
ဒါဆို ဝန်ဆောင်ခ ၅%က အစိုးရကိုပေးရတာလား ဆိုင်ဝန်ထမ်းတွေအတွက် လစာကိုကျနော်တို့က ပေးရတာလား ဆိုေ တာ့ လည်း မဟုတ်ပါဘူးတဲ့ ။ ကဲ ဒါဆို ကျနော်တို့ အနိုင်ကျင်ခံရတာလားဆိုတာပဲ တွေးရမလိုဖြစ်နေပါတယ် ။ ဆိုင်ဘောက်ချာမှာလည်း သူ့ရဲ့ ဆိုင်အမည်မပါပါဘူး အခွန်ဦးစီးဌာန အနေနဲ့လည်း ဆိုင်ဘောက်ချာမပါတဲ့ စာရွက်တွေနဲ့ အခွန်ထမ်းခွင့်ပြုထားသလား စဉ်းစားစရာပါ။ ကျနော်တို့ ပြည်သူတွေကို သနားညှာတာပါ အပြန်အလှန်လေးစားမှု ရှိပါလို့ လေးစားစွာ ပြောဆိုချင်ပါတယ် ။
(ဆိုင်နာမည်တော့မဖော်ပြတော့ပါဘူး)😷😷
Source : Moe Hein
Comments
Post a Comment