Featured post

ဆရာတော် ဦးဝီရသူ နှင့် ရဟန်း ၁၀ ပါးလောက် မောင်တော ကွပ်ကဲရေးမှူး နဲ့ တွေ့ဆုံဆွေးနွေး

ဆရာတော် ဦးဝီရသူ နှင့် ရဟန်း ၁၀ ပါးလောက် ရခိုင်ပြည်နယ် မောင်တော်ကို ရောက်ရှိပြီး ကျီးကန်းပြင် နယ်ခြားစောင့်ရဲ အမှတ် (၁) ကွပ်ကဲရေးဌာနချုပ်မှာ ကွပ်ကဲရေးမှူး သူရစန်းလွှင် နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိရဉ္စရာ သတင်းဌာန ကေ ဖ်ာပြထားပါတယ်။

မေလ ၃ ရက်နေ့ မနက် ၈ နာရီကျော် က ရောက်ရှိပြီး မည်သည့် ကိစ္စအကြောင်း ဆွေးနွေးခဲ့တာကို မသိရသေးကြောင်း မောင်တောရောက် သတင်းထောက် အောင်ကျော်မင်း က နိရဉ္စရာ သတင်းဌာနမှာ ဖော်ပြထားတယ်။ “ ဘာတွေ ဆွေးနွေးကြတယ်ဆိုတာ မသိရဘူး၊ သတင်းသမားတွေ တစ်ဦးမှ ၀င်ခွင့်မရဘူး၊ အရင်တော့ အလှူအတန်းကိ စ္စတွေနဲ့ ရောက်လာရင် သတင်းသမားတွေကို ၀င်ခွင့်ပြုတယ်။ ဒီတစ်ကြိမ်က ၀င်ခွင့်မရတော့ နည်းနည်း ထူးဆန်းနေပါ တယ်” ဟု ပြောဆိုသည်။

ညနေ ၃ နာရီခွဲလောက်မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြတဲ့ ရွာ ၂ ရွာ လူဦးရေ ၈၂၅ ယောက် လောက် ဆန်အိတ် နဲ့ ကလေး ငယ် တွေအတွက် စားသောက်ဖွယ်ရာတွေ လှူဒါန်း ကူညီခဲ့ပြီး မောင်တောမြို့နယ်နေ ဆင်းရဲသားမိသားစု တိုင်းရင်း သားပြည်သူတွေအတွက် ဆန်အိတ် ၃၀၀၀ လှူဒါန်း မယ်လို့ သိရတယ်။ ညနေ ၃ နာရီခွဲတွင် အင်းဒင်၊ ပဲရုံကျေးရွာများသို့ ရောက်ရှိရာ ဒေသခံ ဗုဒ္ဓဘာသာဝင်များက ကြိုဆိုခဲ့ကြပြီး ၎င်းကျေးရွာ ၂ ရွာမှ အိမ်ထောင်စု ၁၉၈ စု၊ လူဦး ၈၂၅ ဦးအား ဆန်အိတ်များနှင့် ကလေးငယ်များ အတွက် စားသောက်ဖွယ်ရာများ လှူဒါန်း ကူညီခဲ့သည်ဟု အောင်ကျော်မင်း (မောင်တော) ကပြောသည်။ ဆရာတော်သည် မောင်တောမြို့နယ်ရှိ တိုင်းရင်းသား ပြည်သူများ အတွက် ဆန်အိတ် ၃၀၀၀ ကိုလှူဒါန်းရန် ရောက်ရှိ လာခြင်း ဖြစ်ပြီး အဓိကအားဖြင့် ဆင်းရဲသားမိသားစုများကို ဦးစားပေး လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

Comments