Featured post
- Get link
- X
- Other Apps
၂၀၁၇ မတ်လကစပြီး ငါးရာတန်ထီ – သိန်းတစ်သောင်းဆိုလို့ ထီထိုးချင်တဲ့သူတွေ ထီကိုစိတ်ဝင်စားလာသူတွေ များလာ ပါတယ် ။ သို့ပေမယ့် အကြိမ်ရေ မပါတာတစ်မျိုး အကြိမ်ရေ ပါတာတစ်မျိုးကြောင့် အချို့ပြည်သူတွေ မျက်စိလည်ကုန်ကြသလို ကျနော်တို့လို ထီရောင်းရတဲ့ သူတွေအနေနဲ့လည်း ထီတစ်စောင် ရောင်းရဖို့အရေး အတော့ကို အာပေါက်အောင် ရှင်းပြေ နရပါတယ် ။ ဆယ်စောင်တို့ အုပ်လိုက်ထိုးတာတို့ဆို မဖြစ်မနေ ရှင်းပြနိုင်ပေမယ့် တစ်စောင်လောက်ထိုးပြီး မိနစ်နှစ်ဆယ်လောက် ရှင်းပြရရင်တော့ လူကြီးမင်းတို့ပဲ ကိုယ်ချင်းစာပြီး စဉ်းစားကြည့်ပါ ။ လုပ်ပါ ။ အစောင်ရေ ဘယ်လောက် ထုတ်ချင်လည်း ။ ထုတ်ပါ ။ ကက နဲ့ အားမရလို့ ကကက ဆိုပြီး က သုံးလုံးအထိထု တ်ရင်လည်း ထိုးကြမှာပါပဲ ။
အခုတော့ နှစ်ကြိမ်မြောက်မှာ က ကနေ န အထိ အကြိမ်ရေပါပြီး အရောင်တစ်မျိုး ၊ ကင ကနေ ကဏ အထိ အကြိမ်ရေ မပါဘဲ အရောင်တစ်မျိုးဆိုတော့ ထီထိုးတဲ့ ပြည်သူတွေဘက်ကလည်း ဘယ်လိုနေမယ်ဆိုတာ နည်းနည်းတော့ စဉ်း စားေ ပးသင့်တယ် ထင်ပါတယ် ။ ( ထီထိုးသူတော်တော်များများက ထီပေါက်ချင်တာကလွဲလို့ ထီအကြောင်းကို နားမလည်ကြ ပါဘူး ) အစပိုင်းတုန်းက အထူးအုပ်တွေမှာ က မှ န အထိ အကြိမ်ရေပါတာနဲ့ ကင ကနေ ကဏ အထိ အကြိမ်ရေမပါတာ နှစ်မျိုး ကိုပေါင်းပြီး သုံးဆယ့်တစ်စောင်နဲ့ အထူးအုပ်ဆိုပြီး ရောင်းပါတယ် ။ တချို့က ဂဏန်းခြောက်လုံး လုံးတူပြီး အက္ခရာလွဲမှာစိုးလို့ အစောင်ရေ ဘယ်လောက်ပါပါ အထူးအုပ်ကို ထိုးတတ်ကြပါ တယ် ။ ဖြစ်ချင်တော့ လတဝက်လောက်မှာ ကတ နဲ့ ကထ ဆိုပြီး ထပ်ထွက်လာပါတယ် ။ ဒါဆို အဲ့နှစ်လုံးကသာ အစပိုင်းအ က္ခ ရာတွေနဲ့ ဂဏန်းတူပြီး ထပေါက်ရင် အစပိုင်းမှာ အထူးအုပ်ထိုးတဲ့သူတွေအတွက် အရမ်းနစ်နာပါတယ် ။ ဂဏန်းတူပြီး ကတ ကထ တို့ကသာ ဆုကြီးကြီးထွက်ရင် အထူးအုပ်ထိုးတဲ့လူတွေအတွက် အတော့ကို စိတ်ထိခိုက်စရာပါ ။ နောက်ပြီး ။ က ကနေ အ အထိ ထုတ်ရင်ရော ဘာဖြစ်သွားမှာစိုးလို့ န အထိပဲ ထုတ်ပြီး အလယ်က အက္ခရာတွေေ ပျာ က်ကာ ကင ပြန်စပြီး ပြောင်းသွားရတာလဲ ။ ( စမ်းသပ်ကာလဆိုရင်လည်း ဘယ်နှရာခိုင်နှုန်း အစိုးရအတွက် ကျန်ရမယ် ဆိုတာကို အမြဲ တရားသေ ထည့်မတွက်သင့်ဘူးလို့ ထင်ပါတယ် ။ အများကြီး မမြတ်ရင်တောင် စမ်းသပ်ကာလမို့ အေ တ်ာအတန်လောက်ပဲ အမြတ်ယူပြီး ပြည်သူကို အဆင်ပြေစေသင့်ပါတယ် လို့ ထင်မိပါတယ် ။ ) တချို့ဆို ထီကို နေ့သင့်နံသင့် ၊ အတိတ် နိမိတ်နဲ့ ထိုးကြပါတယ် ။ ခုလိုဆိုတော့ ယ ရ လ ဝ ဠ စတဲ့ ဗုဒ္ဓဟူး ၊ ပ ဖ ဗ ဘ မ ဆိုတဲ့ ကြာသပတေး ၊ သ ဟ ဆိုတဲ့ သောကြာ ၊ အ ဆိုတဲ့ တနင်္ဂနွေ သားသမီးတွေက မေးလို့ သူတို့ကိုကိုယ်စားပြု အက္ခရာတွေ မပါတဲ့ အတွက် ရှင်းလင်း ပြောပြရတာလည်း အမောပါပဲ ။ စက္ကူလေးရင်းပြီး နိုင်ငံတော်အတွက် ပိုက်ဆံတွေရနေတာ ဒီ အောင်ဘာလထီပါပဲ ။ ဒါတောင် စက္ကူရင်းရမှာ ဘာကြောင့် ကြောက်နေ တွန့်ဆုတ်နေရတာလဲ ။ ( ကျနော် နားမလည်လို့ မေးခြင်းပါ ။ ) နိုင်ငံရေးပြောတာ မဟုတ်ပါဘူး ။ အရင်ကသာ ဒီလိုထုတ်မယ်ဆိုရင် အဘတို့ ယတြာချေတယ်ဆိုပြီး အသံထွက်ကြမှာ ပဲလို့ ထင်မိပါတယ် ။ အခုရော ယတြာချေနေတာလားလို့ မေးခွန်းထုတ်စရာပါ ။ ပြည်သူတွေ အားကိုး ယုံကြည်ရတဲ့ အစိုးရဖြစ်စေချင်ပါတယ် ။ ပြည်သူကို ကြွက်ဖြုတစ်ကောင်လောက် သတ်မှတ်ပြီး ငါတို့ လုပ်ချင်ရာလုပ်မယ် စမ်းသပ်မယ်ဆိုရင်တော့ အလားအလာ မကောင်းနိုင်ပါဘူး ။ အခုဆို အကြိမ်ရေ မပါလို့ မထိုးဘူး ဆိုတဲ့ တချို့ပြည်သူတချို့ကြောင့် ကျနော်တို့ ထီဆိုင်တွေ အလုပ်ပိုရှုပ်နေတယ် ဆိုတာကိုရော လူကြီးမင်းတို့ သိပါသလား ။ တချို့ဆို ထီထိုးပြီး အိမ်ရောက်မှ ( ဘယ်သူက ဘယ်လိုပြောလိုက်တယ် မသိ ) ပြန်လာကာ အကြိမ်ရေ မပါလို့ မယူေ တာ့ဘူးဆိုပြီး ပြန်လာပေးကြတာတွေလည်း ရှိပါတယ် ။ လူတွေမှာ ဘယ်လိုရှင်းပြရှင်းပြ မရတဲ့လူတွေ ရှိတယ်ဆိုတာ ကိုလည်း လူကြီးမင်းတို့ သိစေချင်ပါတယ် ။ စောစောကမှယူထားရင် ထီမရမှာ ဂဏန်းမလှမှာစိုးလို့ စောစာယူထားပေမယ့် လကုန်လို့မှ ထီမကုန်ရင် လူကြီးမင်းတို့ အနေနဲ့ ထီတွေကို ပြန် အအပ်ခံပါ့မလား ။ မျက်နှာလွဲ ခဲပစ်တော့ မလုပ်ကြပါနဲ့ဗျာ ။ ပြည်သူအပေါ် အရမ်းရက်စက်လွန်းရာ ကျနေပြီနော် ။ ပြောရရင်တော့ အရှည် ကြီးပေါ့ဗျာ ။ ကျနော့ကို လာမေးတိုင်း ကျနော်ကပြန်ပြောတယ် ။ သေသေချာချာ နားလည်အောင် ရှင်းပြရမှာလား လိုရင်းပဲ ရှင်းပြရမှာ လား လို့ ။ လိုရင်းပဲ ရှင်းပြပါဆိုရင် … “” ပြည်သူက အစမ်းသပ်ခံ ဖြစ်နေလို့ပဲ “” ပဲ ကျနော်ဉာဏ်မီသလောက် ပြန်ဖြေလိုက် ပါေ တာ့တယ် ။ ကျနော်ဟာ ထီချစ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ( တွေးမိတဲ့အတိုင်း ) တွေ့ကြုံ ခံစားရတဲ့အတိုင်း အပြုသဘောနဲ့ ထောက်ပြပြီး ဒီစာကို ရေးတာပါ ။ နိုင်ငံတော်ကို စော်ကားလို၍ မဟုတ်ပါ ။ နိုင်ငံသားတစ်ယောက်အနေနဲ့ မိမိနေထိုင်ရာ နိုင်ငံအတွင်းက နိုင်ငံသူ နိုင်ငံသားတွေအတွက် ကောင်းစေချင်၍ ထောက်ပြ ပြောဆိုရေးသားရခြင်းပါ ။ အကယ်၍ ကျနော်ရေးသားတဲ့အထဲမှာ မှားတာပါရင်လည်း ကောင်းစွာထောက်ပြရှင်းလင်းပေးစေချင်ပါသည် ။ လေးစား စွာ ဖိတ်ခေါ်ပါတယ် ။ အလုပ်ကြီးလုပ်နေတဲ့ ပြည်သူချစ်တဲ့ အစိုးရဖြစ်ဖို့အတွက် ပြည်သူကို အမြဲနားလည်အောင်ရှင်းပြပြီး အလုပ်ဖို့လိုအပ်မယ်လို့ ထင်ပါတယ် ။ လူကြီးမင်းများ ကျန်းမာချမ်းသာ ဘေးရန်ကွာပြီး လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ ။
ထီချစ်သူ
ချစ်တတ်တဲ့
မေတ္တာသမားကြီး ဗိုလ်နေ
Comments
Post a Comment