Featured post
- Get link
- X
- Other Apps
မေတ္တာတရား သေဆုံးခဲ့ပြီလား မြန်မာပြည် ဒီနေ့ ညနေ ၆ နာရီလောက်မှာ ရန်ကုန် မန်းလေး အမြန်လမ်း မိုင်တိုင် ၂၉၉ မှာ လူတစ်ယောက် ဖိနပ်မပါပဲ လမ်းလျှောက်နေတာကိုတွေ့ရပါတယ်။
တွေ့တွေ့ချင်း ကားကို ရပ်လိုက်ပေမဲ့ အရှိန်များနေတဲ့ကား လုံးဝရပ်သွားချိန်မှာတော့ လူက ခပ်သေးသေးပဲမြင် ရတော့ တယ်။ ဒါနဲ့ကားကို နောက်ပြန်ဆုတ် ပြီး မေးမိတဲ့အချိန်မှာတော့ ကြေကွဲစရာ ဇာတ်လမ်းအဲ့ဒီမှာစပါတော့တယ်။ သူက မလိုင် သား ပညာမတက် ပိုက်ဆံမရှိတော့ ပန်ရံ အလုပ်ကိုလုပ်တယ်။
မန်းလေးမြို့မှာ စရိတ်ငြိမ်း လစာကောင်းကောင်းပေးမယ်ဆိုပြီး မန်းလေးမှာ ပန်ရံ လာလုပ်တယ်။ တကယ်တန်း ကျ စရိတ်မငြိမ်ပဲ နေ့တွက် ၂၅၀၀ ကျပ်ပဲရတယ်။ သူစားဖို့တောင် အဆင်မပြေ ပေမဲ့ ရတဲ့ပိုက်ဆံကို မိဘအိုတွေဆီလှမ်းပို့ပေးနေတယ်။ ဒီအလုပ်မှာ လုံးဝ ရပ်တည်ဖို့ အဆ င်မပြေလာတော့ အိမ်ပြန်လာတယ်။ ပိုက်ဆံ မရှိ ရန်ကုန် မန်းလေး အမြန်လမ်း အတိုင်း လမ်းလျှောက်လာ တယ်။
တစ်ညနဲ့ တစ်ရက် ကျွန်တော်တို့နဲ့တွေ့တယ် လူကောင်းဆိုတာ သေချာတာနဲ့ ကားပေါ်တင်လာပြီး မိတ္ထိလာအထိခေါ် လာပြီး မလိုင်ကား လမ်းပေါ်ချပေးခဲ့တယ်။ မိတ္ထိလာ မလိုင်ကားခ ၁၀၀၀ပဲကျတယ်ဆိုတော့ ကျွန်တော့ ဆရာသမား နဲ့ကျွန်တော် ပိုက်ဆံ ၅၀၀၀နဲ့ ဖိနပ်တစ်ရံလှူလိုက်တယ်။ ပြောချင်တာက အမြန်လမ်းပေါ်မှာ နေ့စဉ် ကားပေါင်း ထောင်ချီဖြတ်တယ် အဲ့ကားတွေ ဘယ်ရောက်ကုန်ပြီလဲကမာ့္ဘအ လှူအတန်း အများဆုံး ပထမရတဲ့ မြန်မာပြည်မှာ ကားတွေတဝီဝီ သွားနေတဲ့ လမ်းပေါ် လူတစ်ယောက် တစ်ည တစ်ရက် လမ်းလျှောက်ရတယ်ဆိုတော့ တကယ် မဖြစ်သင့်ဘူး ဗျာ။
Aungyal win Kwee Zin
Comments
Post a Comment