Featured post
- Get link
- X
- Other Apps
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ တောင်နားကျေးရွာ ဇွဲကပင်တောင်ခြေ၊ ခလောက်နို့ဘ က်ခြမ်းရှိ တောထဲတွင် အမည်မသိ ပုပ်ပွနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိရသဖြင့် အိန္ဒုနယ်မြေရဲ စ ခန်းမှ သွားရောက်စစ်ဆေးပြီး သေမှုသေခင်းဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးလျှက်ရှိသည်။
ဖြစ်စဉ်မှာ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ တောင်နားေ ကျး ရွာ၊ ဇွဲကပင်တောင်ခြေအနီး၊ ခလောက်နို့ဘက်ခြမ်း တောထဲတွင် ပုပ်ပွနေသည့်အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ အိန္ဒုနယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်နိုင်အောင်၊ တာဝန်မှူး ဒုရဲအုပ် ကြည်လင်းစိုး၊ နယ်ထိန်း ရဲဒုတပ်ကြပ် သက်ဝင်းအောင်၊ သက်သေ လှကဒေါင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောကျော်ဇေမင်း၊ရာအိမ်မှူး ဦးအထိန်းတို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တောထဲဝါးရုံတောအတွင်းရှိ ၀ါးပင်အား အစိမ်း/အနက် စင်းကြားအရောင် ပုဆိုးဖြင့်လည် ပင်း အား ချည်လျှက် ပုပ်ပွနေသည့် အမည်မသိ အမျိုးသားအလောင်းတစ်လောင်း ဖြစ်ကြောင်း သိရသည်။
ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမတွေ့ဘဲ အလောင်းအနီး မှမြင်းကြယ်တံဆိပ်ပါ ပန်းရောင်ဖိနပ်တစ်ရံ တို့စစ်ဆေးေ တွ့ရှိသဖြ င့် ဖိနပ်နှင့် လည်ပင်းချည်ထားသည့် ပုဆိုးတို့အား ဒုရဲအုပ် ကြည်လင်းစိုးမှ သက်သေများရှေ့ သိမ်းဆည်းခဲ့၍ သေဆုံးသူ ၏အေ လာင်းအား ရဲဆေးစာဖြင့် ဘားအံဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့သည်။
ဖစ်စဉ်နှင့်ပတ်သက်ပြီး အမည်မသိအမျိုးသားတစ်ဦး သေဆုံးခြင်းအပေါ် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ဆက်လက်စုံစမ်းစစ်ဆေးနိုင်ရန် အိန္ဒုနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၇)ဖြင့် ရေးဖွင့်ထား၍ ရဲအုပ် ဇော်နိုင်အောင်မှ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Comments
Post a Comment