Featured post
- Get link
- X
- Other Apps
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေရဲစခန်းအပိုင်မှာ မေလ (၂၉ )ရက် မနက်(၁၀)နာရီခွဲက လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျရာမှ လူတစ်ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။
ဖြစ်စဉ်မှာ စက်တောင် (၁) ရပ်ကွက်နေသူ ကိုအောင်ပေါ်က ဈေးတန်းဟောင်းရပ်ကွက်ရှိ ကိုမျိုး တောင်ထန်းရောင်းဝယ်ရေးဆိုင်မှာ ဆိုင်ရှင်ဖြစ်သူ အမျိုးသမီးနဲ့အတူ တောင်ထန်းသက်ကယ်တွေ ရွေးနေစဉ် အပေါ်မှာသွယ်တန်းထားတဲ့ (11KV) ဓာတ်အားလိုင်းရဲ့ လျှပ်စစ်ဓာတ်ကြိုးက ကိုအောင်ပေါ် ကိုယ်ပေါ်ကို ကျရောက်ခဲ့တဲ့အတွက် ခန္ဓာကိုယ်မှာ ဝဲ၊ ယာလက်ခုံ၊ လက်ဖျံ၊ ဝဲပါး၊ ဒူခေါင်းတို့မှာ ညိုမဲပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး ဆိုင်ရှင်ဖြစ်သူမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကိုအောင်ပေါ်ကတော့ဆေးရုံကို တင်ပို့စဉ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ကွင်းနောက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ တစ်ခါပြတ်ကျတယ် လူပြတ်ချိန်ဖြစ်လို့ အသေအပျောက်မရခဲ့ဘူး။ အခုလည်းတစ်ခါထပ်ဖြစ်တယ်။ အခုလို မိုးကာလဝင်ပြီ ဖြစ်လို့သစ်ပင်သစ်ကိုင်းခုတ်ထွင် ရှင်းလင်းမှုမရှိဘူးလို့ ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကညွတ်ကွင်းနယ်မြေရဲစခန်းက သေမူသေခင်းအမှတ်စဉ်(၃/၂၀၁၇)နဲ့ အမှုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)က ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
Comments
Post a Comment