Featured post

ယခင်ဘုန်းကြီးငါးပါး ကားမှောက်ပြီးပျံလွန်ခဲ့ တဲ့နေရာတွင် ယနေ့ကားထပ်မှောက်

ကဆုန်လပြည့် ၁၀.၅.၂၀၁၇ ရက်နေ့ ယခင် ဘုန်းကြီးငါးပါး ကားမှောက်ပြီးပျံလွန်ခဲ့ တဲ့နေရာတွင် ယနေ့ကားထပ်မှော က်ပြန်ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် မြို့နယ်နဲ့ နမ္မတူမြို့နယ် ပန်လုံကျေးရွာ လမ်းပိုင်းပေါ်က လေလုရွာအနီးမှာ ဒီနေ့ နေ့ လယ်ပိုင်းက နမ့်ဆန်မြို့ကိုသွားတဲ့ ဖောကားအပြာတစ်စီးတိမ်းမှောက်တာကြောင့် သုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရတ ယ်လို့ ကနဦးသတင်းရှိပါတယ်။ ကားပေါ်မှာလူ ၁၃ယောက်ဝန်းကျင် ပါလာတာဖြစ်ပြီးလေလုရွာဘုရားပွဲကိုသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာ ဒဏ်ရာရသူတွေကို မန်စံကျေးရွာကလူမှုကူညီရေးအဖွဲ့က သွားရောက် ကူညီနေသလို လားရှိုးနဲ့သီပေါကလူမှုကူညီရေး အဖွဲ့တွေကလည်း သွားရောက်ကူညီနေပါတယ်။

အဲ့ဒီနေရာဟာ အရင်တုန်းက ပဌာန်းရွတ်ပွဲသွားတဲ့ဆရာတော်တွေ ကားတိမ်းမှောက်ခဲ့တဲ့နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

PHOTO SAI MOK

Source : Kan Tar

Comments